{ 2 }

10.8K 1K 31
                                    

{ Unicode }

~ လမ်းကြုံဝင်ရောက်လာတဲ့ ခရီးသွားလေးလို့
မထင်လိုက်ပါနဲ့ ပါရမီဖြည့်ဖက်လေးရေ
လိုလိုလားလား ချည်းနင်း ဝင်ရောက်လာတဲ့
မင်းလေးရဲ့ Right Person လေးပါ
ယုံတယ်ဆို ကိုယ့်လက်လေးကို ဆုပ်ကိုင်ပေး ~

••••••••••••

"ဘယ်က ပြန်လာတာလဲ ရှောင်းကျန့် "

အခန်းဝသို့ ရောက်ရောက်ချင်း ဖခင်ဖြစ်သူထံမှ စူးခနဲ အသံကြောင့် ရှောင်းကျန့် ပင့်သက်ရှိုက်လိုက်တယ်။ စိတ်မပါစွာပြန်ဖြေလိုက်တယ်။

"သူငယ်ချင်းတွေနဲ့ သွားတွေ့တာပါ "

"ငါကို လိမ်ဖို့ မကြိုးစားနဲ့ ရှောင်းကျန့်
အမှန် အတိုင်း ပြောစမ်း... "

သံသယမျက်ဝန်းတွေနဲ့ ဖခင်က နှိုက်နှိုက်နှဲနှဲ မေးနေတော့ ခေါင်း က ဆံပင် များ ဆွဲဖွကာ "ကျစ်ခနဲ " မျက်မှောင်ကုတ် ပစ်လိုက်သည်။

"အမှန်တွေ ပြောနေတာပဲ... ပါးကမှ မယုံတာ မတတ်နိုင်ဘူး..."

ပခုံးကို တွန့်လျက် ရှောင်းကျန့်က အရေးမပါဟန် ဖခင်ကို စူးရဲရဲ ကြည့်ပစ်လိုက်သည်။ သူစိတ်ထဲမှာလည်း စောနက အပျော်တွေက ပါးကြောင့် အကုန် ပျက်တော့မလို့ ဖြစ်နေပြီ။

"မင်း အမြဲ မှတ်ထားစမ်းပါ ရှောင်းကျန့် ၊၊
WhiteWolf  က ငါတို့ နဲ့ ရန်သူဆိုတာ သတိရစမ်း ၊၊ ဒီလို အချိန်မှာ ခွန်အားကြီးအောင် မလေ့ကျင့်ဘဲ အလေလိုက်မနေနဲ့ ။ Black Wolf အကြီးအကဲ ဖြစ်လာမဲ့သူက ပေါ့ပေါ့တန်တန် နေတာ ကြားကောင်းရဲ့လား "

ပါးက ဒေါသတကြီး အော်သည်။ ပါး၏ ခပ်ပြတ်ပြတ် လေသံက အိမ်တော် တစ်ခုလုံး ဟိန်းခနဲ အပ်ကျသံပင်မကြားရအောင် ပါးအသံချည်း ကြီးစိုးနေလေတော့သည်။

" မင်းကိုယ်မှာ omega အနံ့တွေ ရနေတယ်
ဘယ်ဟာတွေနဲ့ ပလူးလာပြန်ပြီလဲ..."

ပါးက သူအနား ဖျတ်ခနဲ ရောက်လာပြီး အနံ့ခံတယ်။

" ...... "

"သား အရွယ်လည်း ရောက်နေပြီ ၊၊
အပျော်အပါး လိုက်စားတာ လျော့တော့ ၊
BlackWolf  မင်းသားလေး ဖြစ်တဲ့ မင်းက မကြာခင် Wolfတစ်ခုလုံးကို အုပ်ချုပ်ရတော့မှာ... သား ကလေး မဆန်နဲ့တော့..."

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Tempat cerita menjadi hidup. Temukan sekarang