{ Unicode }
~ ဆိုဂျူတစ်ပုလင်း
အမြည်းလေးတစ်ဝက်
နှစ်ကိုယ်တူ ကြည်နူး
ဟန်မြစ်ကမ်းဘေး ယစ်မူးကြစို့လား ~~~~~
Soul မြို့၏ ညဘက် Han Riverက နိုင်ငံ၏ အရှည်ဆုံး၊ အကြီးဆုံးမြစ်ဖြစ်သည်၊၊ ညဘက်တွင် ချစ်သူစုံတွဲများ ထိုမြစ်ကမ်းဘေးတွင် ချိန်းတွေ့လေ့ရှိကြသည်၊၊ မီးရောင်ကြားက Hanမြစ်က အင်မတန် လှပသည်၊၊ တံတားကြီးက ပန်းထွက်လာတဲ့ ရေစက် တွေကလည်း သက်ဝင်ပန်းချီကားတစ်ချပ်လို၊၊
ရိပေါ်လေးခမျာ ရှောင်းကျန့်၏ ပူဆာမှုကြောင့်
Han မြစ်ကမ်းဘေးတွင် ငုတ်တုတ်ထိုင် နေရလေသည်၊၊ ဆိုဂျူ ပုလင်းတွေနဲ့ လူငယ်စတိုင်လ် ဝတ်ထားသည့် Fashion အမြင်ကတော့ တကယ်တော်ပါတယ်။ ရှောင်းကျန့် က ကိုရီးယား လူမျိုးကျနေတာပဲ၊၊မြစ်ကမ်းဘေးက အတွဲအသီးသီး၏ ချစ်ရည်ရွှန်းတဲ့ စကားသံတွေက အော်ကလီဆန်စွာ...၊၊ ရှောင်းကျန့် က မျက်မှန်နဲ့ အတော် လိုက်ရှာသည်၊၊လူကြီးကို ငေးနေမိတဲ့ ရိပေါ်လေးက ကောင်းကင်ထက်က မီးပန်းတွေ ဖောက်နေတာကိုပင် သတိမထားနိုင်အောင်ပဲ၊၊
"ဆိုဂျူ သောက်မလား..."
"အမ်... အင်း "
ရှောင်းကျန့် ကမ်းပေးတဲ့ ဆိုဂျူပုလင်းကို အားရပါးရ မော့သောက်လိုက်သည်၊၊ လည်ချောင်းမှာတင် စူးရှတဲ့ အရသာကြောင့် ခေါင်းတွေပင် မူးနောက်လာရသည်၊၊
ရှောင်းကျန့် ခေါင်းဘယ်ညာယမ်းနေတဲ့ ရိပေါ်လေးကို ကြည့်ပြီး အသဲတယားယား၊၊ နီရဲနေတဲ့ ပါးမို့မို့လေးကို ဆွဲငုံ့ပစ်ချင်နေသည်၊၊ ချစ်ဖို့ကောင်းတယ်၊၊ မင်းလေးကို အဆုံးရှုံးမခံနိုင်အောင်ကိုပဲ ငါရင်ထဲမှာ မမြင်နိုင်တဲ့ ကြိုးလေး တွယ်ငြိနေပြီ ထင်တယ်၊၊
အရက်ရှိန်ကြောင့် ရိပေါ်လေးက ပွင့်ဖက်လေးလို နီရဲနေတဲ့ မျက်နှာလေးက အသဲယားစရာ၊၊ ရိပေါ် ရှောင်းကျန့် မျက်နှာကို သူ့လက်နှစ်ဖက်နှင့် ဖြစ်ညစ်ကာ...
"ဟေ့...ကိုယ်ရဲ့ Alphaလေး အရမ်း ခန့်ညားတာပဲ အေ့... အဟီး.. ခင်ဗျားကို ပိုင်ဖို့
မုဒိန်းတက်ကျင့်ရမလား..အေ့...အစ်.."