{ Unicode }
~ 𝙲𝚊𝚗'𝚝 𝚢𝚘𝚞 𝚜𝚎𝚎 𝚝𝚑𝚊𝚝 𝙸'𝚖 𝚕𝚘𝚜𝚝 𝚒𝚗 𝚊 𝚜𝚎𝚊 𝚘𝚏 𝚢𝚘𝚞 .
𝙸'𝚍 𝚛𝚊𝚝𝚑𝚎𝚛 𝚍𝚛𝚘𝚠𝚗 𝚒𝚗 𝚢𝚘𝚞𝚛 𝚜𝚑𝚊𝚍𝚘𝚠𝚜
𝚃𝚑𝚎 𝚜𝚠𝚒𝚖 𝚒𝚗 𝚜𝚘𝚖𝚎𝚘𝚗𝚎 𝚎𝚕𝚜𝚎'𝚜 𝚕𝚒𝚐𝚑𝚝.
𝚙𝚎𝚛𝚛𝚢 𝚙𝚘𝚎𝚝𝚛𝚢 ~နာကျည်းတယ်၊၊ ဟောဒီ ရင်ဘတ်ထဲကို စုတ်ပြတ်သတ် သွားအောင် ပြုလုပ်ပေးခဲ့တဲ့ ခင်ဗျား၊ မုန်းတယ်၊၊ သေလောက်အောင် မုန်းတယ်၊၊
မျက်ထောင့်နားမှာ မျက်ရည်စက်တွေ ကြွေကျ သွားသည် ၊၊ ဒီမျက်ရည်က သွေးမျက်ရည်တွေ၊၊ ယုံကြည်ခဲ့တယ်၊၊ ဒါပေမဲ့ ယုံကြည်မှုကို ဖျက်စီးခဲ့တာ ခင်ဗျားဘက်ကပဲ ၊၊
ရိပေါ် ရဲ့ အိပ်မက်ထဲထိတောင် ခင်ဗျား ရဲ့ ရက်စက်မှုတွေ၊ ကျွန်တော် မိဘတွေကို အရှင်လတ်လတ် သတ်ပစ်ခဲ့တာ ဒီအဖြစ်အပျက်တွေက လုံးဝ မေ့မရတဲ့ အတိတ်ရဲ့ အကျည်းတန် စရာ အဖြစ်အပျက်တွေ၊၊
" ရိပေါ် အစာစားဦးလေ "
ရိပေါ်က အသက်မဲ့ မျက်ဝန်းတွေနဲ့ အပြင်ဘက်ကို ငေးကြည့်နေသည်၊၊ အပြင်ဘက်ကလည်း စိမ်းလန်းနေသည်၊၊ သူ့ရင်မှာတော့ မအေးချမ်းနိုင်ပါဘူး၊၊
အခု သူ့ကိုယ်ထဲမှာ ရှောင်းကျန့် နဲ့ ချစ်သက်သေ ကိုယ်ပွားလေး ရှိနေပြီတဲ့ ၊၊ အဟွန်း! အမုန်းတရား တွေ ပြည့်နှက်နေချိန်မှ ရင်သွေးလေး ရလာတာက ကံကြမ္မာ၏ ကျီစားမှုပဲလား၊၊ ကလေးမှာ အပြစ်မရှိပေမဲ့ မင်း ဒယ်ဒီကိုတော့ သိပ်စိတ်နာတယ်၊၊ ပြန်ဆက်မရတဲ့ ဖန်ခွက်တစ်လုံးလို၊ ပြတ်တောက်သွားတဲ့ နွယ်ကြိုး တစ်ချောင်းလို ပါးပါးရဲ့ အမုန်းတရားတွေက ပြည့်နှက်နေခဲ့ပြီ၊၊
ပါးနဲ့ မားရဲ့ ဈာပနတောင် မလုပ်ပေးလိုက်ရဘူး၊၊ White wolf တစ်မျိုးလုံး သတ်ခံလိုက်ရပြီး အိမ်တော်ကလည်း ပြာပုံဘဝ ရောက်သွားခဲ့ပြီ၊၊ အခု ဆွန်းယွန်း နဲ့အတူ တောင်ပေါ် မြို့လေးကို ရောက်နေလို့သာ အသက်ရှင်နေရတာ၊၊
" Peony ခေါင်းမမာပါနဲ့ကွာ၊၊ ကလေးလေး ကျန်းမာဖို့ မင်း ရှင်သန်ရမယ်လေ "
ဆွန်းယွန်း က သိသိသာသာ ပိန်ကျသွားတဲ့ ကိုယ်လုံးလေးကို နှစ်သိမ့်ဟန် ထွေးပွေ့ရင်း ချော့တယ်။