{ 16 }

6.4K 696 38
                                    

{ Unicode }

~ စကားကျွံသော် နှုတ်မရ၊ ခြေကျွံသော်နှုတ်ရ သတဲ့လေ
စကားတွေ ကျွံပြီးမှ ဘွာတေးခတ်ပြီး မဖျက်ကြေးနော် အချစ်ကလေး ~

ရိပေါ် ကျောင်းအပြန် Mini Market လေးဆီ ထွက်လာခဲ့တယ်။ အိမ်က ချစ်သူကောင်လေးကလည်း အစားအသောက် ဆို ချေးမများပေမဲ့ သိပ်မစားလို့ ရိပေါ်ကပဲ အမြဲ မစားမနေရ စောင့်ကြည့်နေရသေးသည်။ ထို့ကြောင့် ကျောင်းအပြန်တိုင်း Market ဝင်တတ်တာ အကျင့်တစ်ခုလို ဖြစ်နေပြီ။

Market က လိုအပ်တာများ ဝယ်ယူပြီး BusCar မှတ်တိုင် တွင် ကားစောင့်နေတုန်း အနက်ရောင် ပြိုင်ကားလေးက သူရှေ့ကို ကျွီခနဲ ထိုးရပ်လာသည်။ ရိပေါ်လည်း အနည်းငယ် ကိုယ်ယို့ မိလိုက်ပေမဲ့ ဟန်ချက်မပြတ် ထိုကားအမည်းကို မနှစ်မြို့ဖွယ်ကြည့်လိုက်သည်။

" ရိပေါ် "

ထိုကားထဲကလူ ထွက်လာချင်းချင်း မကျေနပ်ချက်များ ပြောဖို့ ပြင်လိုက်ပေမဲ့ ထိုလူက အပြုံးရေးရေးနဲ့ ဆွန်းယွန်း Hyung ဖြစ်နေလေသည်။ သူကိုလည်း ဆွေးမြည့် ဖွယ် အသံလေးနဲ့ ခေါ်တယ်။

" Hyung "

" နေမကောင်းဘူးဆို သက်သာလား "

မတွေ့တာကြာတော့ Hyung က သိသိသာသာ ပိန်ကျသွားပြီး မျက်နှာချောလေးက အရင်လို မလန်းဆန်းတက်ကြွခြင်း မရှိပေ။

" ဟုတ်... ဟုတ်ကဲ့ hyung ဘယ်လိုရောက်လာတာလဲ ။ နေကောင်းရဲ့လား။ ပိန်သွားသလိုပဲ "

Hyung က ခေါင်းလေး ယို့ကာ ခပ်ယဲ့ယဲ့ ပြုံးပြတယ်။

" Peony လေးကို မတွေ့ရလို့လေ ။ သတိရနေတာ သိလား "

သံရှည်ဆွဲလိုက်ရင်း ဆွန်းယွန်း က တစ်ဝက်တစ်ပျက် ညည်းညူသလို ပြောတယ်။ ဝမ်ရိပေါ် က အလိုက်မသိတာလား  အချင်ယောင်ဆောင်နေတာလား။ ဒါမှမဟုတ် သူဘက်ကပဲ ချစ်တယ်ဆိုတာ ထုတ်မြမိခဲ့လို့များလား ။

"  hyung က မအားဘူးဆိုတော့ မနှောက်ယှက်ချင်လို့ပါ  "

" အခုတလော အားနေတာပဲ ။ လျှောက်လည်ကြမလား "

" ဗျာ "

ရိပေါ် လည်း အတန်ကြာ ငြိမ်သက်ပြီးရာမှ ခေါင်းညိတ်လိုက်တယ်။

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Where stories live. Discover now