{ Unicode }
~ ကိုယ့်ရပ်ဝန်းလေးမှာပဲ ရှိစေချင်တယ်
အချစ်က လိပ်ပြာလေးဆို ကိုယ်က ပန်းဝတ်မှုန်လေး ဖြစ်ချင်တယ်
ကိုယ်အချစ်ကို သောက်သုံးလို့ မင်းလေးကို နွေးထွေးစေချင်တယ် ~~~~~
"ကိုယ် ရေချိုးမလို့..."အိမ်း! အိမ်ကို ရောက်လာကတည်းက အစစအရာရာ ဘာလုပ်လုပ် အမြဲပြောနေတော့တာပဲ။ ဘယ်သူက စိတ်ဝင်စားလို့ အဲ့လောက် နှုတ်သီးကောင်းလျှာပါး အစီရင်ခံ နေပါလိမ့်။
"ချိုးလေ... ဘာလို့ လာပြောနေတာလဲ"
ရိပေါ်သည် စိတ်မရှည်စွာ ပြန်မေးပစ်လိုက်တယ်။ အလကားလူ ...
"ကိုယ်နဲ့ ရေချိုးချင်မလားလို့..."
မျက်စိတစ်ဖက်မှိတ်... နှုတ်ခမ်းကို လျှာသပ်ပြတဲ့ ရှောင်းကျန့်ကြောင့် ကြက်သီးဖုလေးတွေ ထလာသည် ။ အရှက်အကြောက် နည်းချက်ကနော် ချက်ချင်း 119 ခေါ်ပြီး အဖမ်းခံရမလား ။
"ဒီမှာ .... ခင်ဗျား စေတနာ မရှိအောင် လာမလုပ်နဲ့ ။ အိမ်ရှင် စေတနာ ပျက်ရင် ခင်ဗျား လမ်းဘေး မှာ အိပ်သွားရမယ် ဘာမှတ်နေလဲ "
"ကိုယ်ကို နှင်မထုတ်ရဲဘူး ဆိုတာ ကိုယ်သိပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ်ရဲ့ omega လေးက
စိတ်ထား နူးညံ့သူမို့လို့ ဒီအစ်ကိုကြီးကို လမ်းဘေး မအိပ်ခိုင်းတာ သိတာပေါ့ "ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိချက်ကတော့ လက်ဖျားခါရပါတယ် ။ ရှောင်းကျန့် က ပြီတီတီ နှင့် အတည်ပေါက် စတိုင်း ရိပေါ်က မနေတတ်တာ အမှန်ပဲ။
"ခင်...ခင်ဗျား သိပ်ပြီး အထင်ကြီး မနေနဲ့... သွားစမ်းပါဗျာ ... ရေချိုးမှ ဖြင့် ချိုးချည်လေ ။ ဆောင်းတွင်းမှာ အအေးပတ်လို့ ဖျားရင် တာဝန်မယူနိုင်ဘူး ။ ဆေးကုသစရိတ်က ကြီးတယ်"
"အဲ့အတွက် မစိုးရိမ်ပါနဲ့ ကိုယ် ရှာကျွေးမှာပေါ့..."
" အဟက် !! ရယ်ရသား... နေစရာအိမ်မရှိလို့ ခေါ်ကျွေးထားတဲ့ ခင်ဗျားမှာ money ရှိတယ်ဆိုရင်လည်း အာချောင်မနေဘဲ အလုပ်လုပ် ၊ ဒီခေတ်မှာ ငွေမရှိရင် ဘာမှ သုံးစားမရဘူး သဘောပေါက်စမ်းပါ "