{ Unicode }
~ 𝐋𝐨𝐯𝐞 𝐢𝐬 mo𝐫𝐞 𝐭𝐡𝐚𝐧 𝐠𝐨𝐥𝐝 𝐨𝐫 𝐠𝐫𝐞𝐚𝐭 𝐫𝐢𝐜𝐡𝐞𝐬𝐬𝐞.
(𝐉𝐨𝐡𝐧 𝐋𝐲𝐝𝐠𝐫𝐚𝐭𝐞) ~အစိမ်းရောင် အရွက်တွေနဲ့ ဖုံးအုပ် ချက်ထားသော ဟင်းတွေကို လေးထောင့် စားပွဲလေးတွင် ချသည်။လူ လေးယောက်ကလည်း ပတ်လည် ထိုင်နေကြသည်၊၊ ရှောင်းကျန့် နဲ့ ရိပေါ်က မျက်နှာချင်းဆိုင်၊ ရိပေါ် ဘေးတွင် ကိုကြီး ဂျက်ဆင်၊ ဆွန်းယွန်း နဲ့ ပေါ်ပေါ်က တစ်ဖက်တွင် ထိုင်လျက် ထမင်းဝိုင်း က လူစုံနေတော့သည်။ဘဆွန်းယွန်း အကြာကြီး အိပ်ထားတာ တောင် သမ်းနေသဖြင့် ရိပေါ် မှာ စိုးရိမ်မကင်း ဖြစ်လာရသေးသည် ၊၊ မျက်လုံးတွေ ဖောင်းအစ်နေတာ၊၊
" Hyung အဆင်ပြေရဲ့လား။ အိပ်ရေးအင်မတန်ပြတ်နေပုံပဲ "
" ကိစ္စ မရှိဘူး ... ဘာမှမဖြစ်ဘူး "
ဆွန်းယွန်း က လက်ကာပြပြီး တူကို စကိုင်သည်။ အိပ်ရေးပြတ်တာ ဒင်းတို့ကြောင့်ကို လာမေးနေကြသေးတယ်။ မျက်နှာပူပါတယ်ဆို...
" အဟမ်း... မစားဘဲ အလှကြည့်နေတော့မှာလား "
" စားမယ် ဟဲ ဟဲ "
Jackson တစ်နေကုန် ပေါင်း နှုတ်ပေးထားရတဲ့ အတွက် ရိပေါ်က သဘောထား ကြီးကြီးနဲ့ သူ့ နံနံပင် ဦးဆောင်သော ဟင်းဖွယ်ရာတွေကို ချက်ကျွေးလေသည်၊၊ရှောင်းကျန့် ကတော့ ဟင်းခွက် တွေ ကြည့်ပြီး စိတ်အိုက်နေသည်၊၊ ရိပေါ် က အရမ်း ရက်စက်ပါသည်၊၊ နံနံပင်တွေက ဟင်းခွက်တွင် အပြည့်၊ ဝက်သားတုံးက ဘယ်ဆီဘယ်ဝယ် ကပ်နေလဲမသိဘူး၊၊
" ရှောင်းကျန့် စားလေဗျာ၊၊ ထမင်းစားချိန် မျက်နှာ မသာမယာနဲ့ အိမ်ကို လာဘ်ပိတ်အောင် လုပ်နေရသလား "
ရိပေါ် သူဝသီအတိုင်း မျက်စောင်းထိုးကာ အောင့်သက်သက်ပြောလိုက်သည်၊၊
" စားမယ်နော် အင်း "
လက်တုန်တုန် နဲ့ ရှောင်းကျန့် က ဟင်းခွက်ကို နှိုက်လေသည်၊၊ ကိုဂျက်ဆင်ကတော့ ပန်းကန်တစ်လုံးထဲတွင် အပိုထည့်ထားသော နံနံပင်စိမ်း တွေကို ဆွဲယူကာ ငံပြာရည်နဲ့ တို့စားသည်၊၊
ရိပေါ် ဟင်းပွဲလေးက စုံလှသည်၊၊ နံနံပင်စိမ်းတွေ ခပ်ထည့်ထားသော ဝက်သားကြော်၊ ကြက်သားဟင်း၊ ချဉ်စပ်ဟင်း၊ တို့စရာ သခွားသီး၊ အရွက်၊ ငံပြာရည်ချက် စတဲ့ ဟင်းဖွယ်ရာနဲ့ အစုံအဆန်ပင်၊၊