{ Unicode }
တိတ်တဆိတ်ရောက်လာ
တိတ်တဆိတ်ပဲ ထွက်ခွာလို့
မင်းချန်ရစ်ခဲ့တဲ့ အနံ့လေးက
ငါနှလုံးသားရဲ့ နမ်းရှိုက်ရာလေးတွေ ....~~~
"ဆွန်းယွန်း hyung အိမ်တော်မှာ ပါတီပွဲရှိတယ်..."
ဝမ်ရိပေါ်လေးက ပြုံးတုံ့တုံ့ကလေး ပြောပြသည်။
"ဟုတ်လား ဘာပွဲလဲ..."
ဆွန်းယွန်းက အူလည်လည် ပြန်မေးတော့ ဝမ်ရိပေါ်က ရှစ်ခေါက်ချိုး မျက်နှာလေးနဲ့ နှာမှုတ်တယ်။
"ဟွန့် တကယ် မသိတာလား ၊၊
ဆွန်းယွန်း hyung ပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ ပွဲလုပ်မှာလေ....""အော်...."
"ဘာအော်လဲ ၊ အဖြေကြီးက မဆီလျှော်လိုက်တာ....."
မျက်မှောင်ကြုတ် လျက် ရိပေါ်က စွာစိလန် ပြန်ပြောတယ်။
"ဟား ! Peony လေးရယ် စိတ်မကောက်ရဘူးနော် ၊၊ hyungက ပျော်စေချင်လို့ စတာကို..."
"ဟွန်း... စိတ်ကောက် ပြေစေချင်ရင် အပြင်ထွက်ခွင့် တောင်းပေးလေ "
ရိပေါ် ကို အိမ်က မိဘနှစ်ပါးက အပြင်ထွက်ခွင့်ပိတ်ထားတော့ သူ ဒီအိမ်ကြီးထဲ နေရတာ အရမ်းပျင်းလာတယ်။ ဒါကြောင့် နိုင်ရာလူကိုပဲ အနိုင်ကျင့် မဲဆွယ်ထားရမှာပဲ။
"ဟာ အဲ့လိုတော့ မရဘူးလေ Peonyက ငယ်သေးတယ် နောက်ပြီး omega တစ်ယောက် ဖြစ်တဲ့ အတွက် အထူးဂရုပြုရမယ်လေ ။ လိမ္မာပါတယ်ကွာ ။ White Peonyလေးရယ် ... မထွက်နဲ့နော် "
ဆွန်းယွန်းက လေသံအေးအေးလေးနဲ့ ချော့ပေမဲ့ ရိပေါ် မျက်နှာက ပိုလို့ပင် မှိုင်းညို့လာ၏။
"အမြဲ ဒီစကားနဲ့ ချုပ်နေတာပဲ ။
မရဘူး အဟင့်...ဗြဲ ... အပြင်ထွက်ချင်တယ်..."မျက်ဝန်းတွေ ပိတ်ကာ အတင်းငိုနေတဲ့ ကောင်လေးကြောင့် ဆွန်းယွန်း အကျပ်ရိုက် နေလေပြီ ၊၊ ကိုယ် မြတ်နိုးရတဲ့ ပန်းလေးကို တခြားသူတွေ ကြည့်ရှုမှာ မလိုလားတာ သူအတ္တဆိုလည်း ဟုတ်သည်။အရင်ထဲက Peonyလေးကို ချစ်လွန်းလို့ အလိုလိုက်ထားတာကို သူငိုရင် အလျော့ပေးတတ်တာ သူ့အားနည်းချက်တစ်ခုလို ဖြစ်နေတတ်သည်။ သူ့အားနည်းချက်ကိုပဲ Peony လေးက အနိုင်ပိုင်းတတ်သေးသည်။