{ Unicode }
~ ကြယ်တွေက အလှမ်းဝေးပေမဲ့ မင်းလေးကတော့ ကိုယ်နှလုံးသားထဲက ဆွဲထားချင်မိတဲ့
အနီးဆုံးကြယ်ကလေးပါ ~~~~~
ဆိုးလ်မြို့ တက္ကသိုလ်
ဆိုးလ်မြို့ဆိုတာ ကိုရီးယား နိုင်ငံရဲ့ အကြီးဆုံး နှင့် မြို့တော်လည်း ဖြစ်တယ်။ လူဦးရေလည်း ထူထပ်ပြီး နှစ်လိုဖွယ်ကောင်းသော မျက်နှာဖြူဖြူ လူမျိုးလေးတွေ ပေါလှသည်။
ဝမ်ရိပေါ်က Soul မြို့ရဲ့ အထင်ကရ တက္ကသိုလ်တွင် တက်ရောက်နေသည်။
"ရိပေါ် အဆင်ပြေလား "
"ပြေတယ် LuHan hyung "
ကော်ရစ်တာ လမ်းတစ်လျှောက်ကနေ အတူ လျှောက်လာရင်း ဆွန်းယွန်းhyung သူငယ်ချင်း ဖြစ်သူ LuHan hyung က မေးတော့ ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ ! အကူအညီလိုရင်ပြောနော် ။
အားမနာနဲ့ သိလား ။ တော်ကြာ ဆွန်းယွန်းက သူ့ကောင်လေးကို ဂရုမစိုက်ဘူး ဆိုပြီး အပြစ်လာတင်လိမ့်ဦးမယ် "ပြုံးစိစိ နှင့် hyung က စနောက်သည်။
" hyung ကလည်း နောက်ပြီဗျာ "
"ရိပေါ် ရာ ရှက်မနေပါနဲ့ ။ ဆွန်းယွန်း က ရိပေါ် နဲ့ စေ့စပ်ထားတာ တက္ကသိုလ် တစ်ကျောင်းလုံး သိတယ် ။ ဒီဘက်ခေတ်က LGBT ကို အပြင်းအထန် Support ပေးကြပါတယ် ရိပေါ် ရ"
" တော်ပြီဗျာ...စာကြည့်တိုက်သွားတော့မယ် "
ရိပေါ်သည် ပြန်တုံ့ပြန်ရန် မတွေးတောဘဲ ရှောင်သာ ထွက်လာခဲ့တယ်။ အချို့လူတွေက သူကို Hyung နဲ့ တွဲတယ်ထင်နေကြပုံပဲ။ တကယ်တမ်း ရိပေါ် နဲ့ hyungက မိတ်ဆွေ ညီအစ်ကို ဆက်ဆံရေးပါပဲ။ ဒါကို စောက်တလွဲ ဘယ်သူကများ ရိုက်သွင်းလိုက်ကြပါလိမ့် ။
ရိပေါ် လုဟန်ကို ကျောခိုင်းကာ စာကြည့်တိုက်ထဲ ဝင်သွားလေသည် ။ ထောင့်စွန်းလေးတွင်ထိုင်ကာ စာဖတ်နေလိုက်တယ် ။ စာအုပ်ကို ထောင့်ကျသော ခုံတန်းလေးနား ထိုင်ရင်း ခပ်တွေတွေ မှန်ပြတင်းက လှမ်းမြင်ရတဲ့ ကျောင်းထဲက သစ်ပင်ကြီးကို အကြောင်းမဲ့ ငေးမိသွားသည်။