{ Unicode }
~ ပြိုမလိုနဲ့ ယိုင်နဲ့တဲ့ ခြေလှမ်းတွေ
ရွာမလိုနဲ့ ရပ်စဲလိုက်ရတဲ့ ဆက်ဆံရေးတွေ
တွေဝေစွာနဲ့ ဒီ မှောင်မဲနေတဲ့ လမ်းမကြီးထဲ
ကိုယ်တစ်ယောက်ထဲ ရပ်နေခဲ့ရတယ်
ချုပ်တည်း သိမ်းဆည်းရင်းသာ
ဒီရင်ခွင်ကို မင်းအပိုင်စားရခဲ့ပြီးသားပါ ~လုဟန် တစ်ယောက် ဆွန်းယွန်း နဲ့ ချိန်းထားတဲ့ ကော်ဖီဆိုင်လေးကို ရောက်လာခဲ့လေသည်၊၊ သူတို့သူငယ်ချင်း တစ်စုက တစ်ပတ်တစ်ခါ တွေ့နေကြပင်၊၊
လုဟန်၊ ဆွန်းယွန်း ၊ ရီရှင်း တို့က အချစ်ဆုံး သူငယ်ချင်း ငယ်ပေါင်းဖော်တွေ ဖြစ်တယ်၊၊ လုဟန်က နည်းပြဆရာ အလုပ်ကို ရွေးချယ်ထားသည်၊၊ ဆွန်းယွန်း ကတော့ Design Company CEOတစ်ယောက်၊ ရီရှင်းက ရဲတစ်ယောက် ဖြစ်တယ်၊၊
သုံးယောက်သား ဦးတည်ချက်ချင်း မတူညီပေမဲ့ အဆက်အသွယ် မပျက်သလို သူငယ်ချင်း ချစ်ခြင်း မေတ္တာ ကလည်း ပျက်ဆီး သွားခြင်း မရှိပါ၊၊
သူငယ်ချင်း ဆိုတာ ဘုရားသခင် ကောင်းချီးပေးတဲ့ ဒုတိယ မိသားစုလေးလေ ။
"ဟဲလို.. ရဲအုပ်"
ဆွန်းယွန်း က ဆိုင်ပေါက်ဝကနေ ရဲဝတ်စုံနဲ့ ဝင်လာသည့် ခက်ဖြောင့်ဖြောင့် ကောင်လေးကို ချိုသာစွာ လှမ်းခေါ်လိုက်သည်။
"ပြောင်မနေနဲ့ ချိုတူး"
"မင်းနော် ဘာချိုတူးလဲ၊၊ မခေါ်ပါနဲ့ဆိုမှ...
ငါ ကလေးတုန်းက အမည်ပြောင် မခေါ်စမ်းပါနဲ့ "ဆွန်းယွန်း ကိုငယ်နိုင်ပီပီ ရိရှင်းက စနောက်တယ်။ ဆွန်းယွန်း ကလည်း အဲ့အမည်ပြောင်ကို လုံးဝ သဘောမကျပါ။ကလေးဆန်လိုက်တာကို ... ။
"ကလေး မဟုတ်တော့ဘူး၊၊ ချိုဆွန်းယွန်းက
သန်မာ ကြံ့ခိုင်တဲ့ Alpha တစ်ယောက် ""ခွီး!! ငတူးရာ ဘယ်မလဲ မင်းရဲ့ Peony"
ရိရှင်းနဲ့ လုဟန်က ပြောင်စပ်စပ် လုပ်နေရာကနေ ဆွန်းယွန်း ရဲ့ Peony ပန်းလေးအကြောင်း အစဖော်လိုက်တယ်။
Peony လေးကို သူတို့နှစ်ယောက်က အတွင်းသိအစဉ်းသိ သိကြပေမဲ့ ရိရှင်းကတော့ သိပ်မရင်းနှီးပါ။ လုဟန်ကကျ သူသင်တဲ့ကျောင်းရဲ့ ကျောင်းသားလေးမို့ ရင်းနှီးကျွမ်းဝင်ကာ အစုံအလင် သိသည်။