{ Unicode }
~ အချစ်ရဲ့ သက်ဝင်ယုံကြည်မှုဆိုတာ ဝမ်ရိပေါ် ကလေးနှင့်ပဲ အစချီပါတယ် ~
အတိတ်က မကောင်းတဲ့ အရာတွေကို မေ့ပစ်ပြီး အသစ်တစ်ဖန် ဘဝသစ်တစ်ခု စတင်ခဲ့ကြသည်။ ကံကြမ္မာက ပေါင်းဖက်ပေးတဲ့ ဖူးစာလေးမို့ ရှောင်းကျန့် က ဝမ်ရိပေါ် ကို သဲသဲလှုပ်ချစ်ပေးရှာသည်။ အခုများကျတော့လည်း မိုးနတ်မင်းက သူနှင့် ရိပေါ်အတွက် ရွှေရောင်နေ့ရက်တွေချည်း ပေးနေတော့သည်။
ရှောင်းကျန့်က ထုံးစံအတိုင်း Black Wolf ရဲ့ အရှင်သခင် ဖြစ်ခဲ့သည်။သို့သော် သူသည် အချုပ်အနှောင် ကင်းမဲ့သော စနစ်နဲ့ BlackWolf အဖွဲ့အစည်း ကို ဖျက်သိမ်းခဲ့ပြီး သာမန်လူသားအဖြစ် ချစ်ရတဲ့ မိသားစုကလေးနှင့် လူအများနှင့် ခပ်လှမ်းလှမ်းက တောအုပ်ကလေးတွင် နေထိုင်ခဲ့တယ်။ ရိပေါ်တို့၏ White wolfကတော့ ပျက်စီး သွားတာ ကြာပြီ ဖြစ်၍ ပြန်တွေးတိုင်း နှလုံးသား ဒဏ်ရာက ကြီးမားလှသည်။ ကံစီမံရာပေါ့ဟူ၍ နှစ်သိမ့်ရင်းသာ နေလိုက်ရတော့တယ်။
မိဘတွေကို သတ်ခဲ့တဲ့သူက ကိုယ်ချစ်ရသူ ဖြစ်နေတဲ့အခါ မနာကျင်ဘူး ဆိုတာ ရှိမလား။ အသဲခိုက်မတတ် နာကျင်ရသည်။ ချစ်သူ နှင့် မိဘ နှစ်ပါးကြား ကိုယ်က ကြားညှပ်နေတဲ့ မြေစာပင် လိုပဲ။ ရိပေါ်ရဲ့ ကြောက်ရွံ့စိတ်တွေက ကျန်နေသေးသည်။ သူ သားမိုက်တစ်ယောက်ဖြစ်နေပြီလား ဆိုသော အတွေးရိုင်းများက နှိပ်စက်ညည်းပန်း ခံရသလိုပဲ တုန်လှုပ်နေမိတော့သည်။ ပါးပါး ၊ မားမားက ခွင့်လွှတ်ပေးနိုင်ပါ့မလား။
" အချစ် ပန်းပင်တွေ ကြည့်ပါဦး... မလှဘူးလား "
အတူနေပြီးကတည်းက ရိပေါ် က ပန်းသိပ်ကြိုက်တဲ့ မေမေအတွက် ဆိုပြီး သူ့အိမ်ရှေ့က ကျောက်တန်းလေးထက် ပန်းအိုးများ အစီအရီ စိုက်ပျိုးထားသည်။ ဒါ့အပြင် သူတို့က စိမ်းလန်းသာယာသည့် သစ်ဖုသစ်မြစ်ပေါရာ တောအုပ်လေးဘေး နေတာမို့ အပူအပင် ကင်းသည်။ ကလေးတွေလည်း လွတ်လွတ်လပ်လပ် အသွင်ပြောင်းပြီး ဆော့ရနိုင်တယ်။
နွေဆို ပန်းတွေက လှပနေပြီး မိုးတွင် ပန်းလေးတွေက ရေစက်ခိုနေသည်။ ဆောင်းဆို နှင်းဒဏ်ကြောင့် အေးခဲနေတတ်ပြီး လန်းဆန်းတဲ့ ပန်းကလေး အဖြစ် လေပြေထက် ရနံ့ဆောင်သည်။ဝမ်ရိပေါ် က သူ့အိမ်ကလေးကို Aesthetic ဆန်ဆန် ပြင်ဆင်ထားသည်။ ခင်ပွန်းဖြစ်သူ ရှောင်းကျန့် ကလည်း Design ဆွဲတတ်သူမို့ နှစ်ယောက်သား ပေါင်းလိုက်ရင် ပြီးပြည့်စုံသော စွမ်းဆောင်ရည်တွေ ထွက်လာတယ်။
YOU ARE READING
𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]
FanfictionAlpha and Omega Wolf🐺 Xiao Zhan and Wang Yibo