{ Unicode }
~ 𝐘𝐨𝐮 𝐝𝐫𝐞𝐰 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐢𝐧 𝐦𝐲 𝐦𝐢𝐧𝐝
𝐈 𝐜𝐨𝐮𝐥𝐝 𝐧𝐞𝐯𝐞𝐫 𝐞𝐫𝐚𝐬𝐞.
𝐘𝐨𝐮 𝐩𝐚𝐢𝐧𝐭𝐞𝐝 𝐜𝐨𝐥𝐨𝐫𝐬 𝐢𝐧 𝐦𝐲 𝐡𝐞𝐚𝐫𝐭
𝐈 𝐜𝐨𝐮𝐥𝐝 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐩𝐥𝐚𝐜𝐞 .
𝐩𝐞𝐫𝐫𝐲 𝐩𝐨𝐞𝐭𝐫𝐲 ~" ဝမ်ရှောင်းပေါ် "
" Yay!! အာဂျူးရှီး "
ဆွန်းယွန်းက ရိုးရာအိမ်ကလေးဆီရောက်တော့ အိမ်ရှေ့က ခုံတန်းတွင် ဆော့နေသည့် ကလေးလေးကို လှမ်းခေါ်တယ်။ ဤကလေးလေးက သူကို မြင်သည့်အခါ ချိုသာစွာရယ်ရင်း လုံးတုတ်တုတ်လေး ပြေးလာသည်။ရှောင်းပေါ်လေးက ပုသေးသေး ဝက်ကလေးနဲ့ တူတယ်၊၊ ရိပေါ် ဆီက အမွေတွေ ရထားတဲ့ ရှောင်းပေါ် လေးပါလေ၊၊ ပါးဖောင်းဖောင်း လေးတွေက ပေါက်စီလုံးကြီးလို စားချင်စဖွယ် နှင်းလုံးလေးသကဲ့သို့ လုံးလုံးကလေး ဖြစ်တယ်။
" ကြည့်စမ်းပါဦး ကိုယ် ဝက်ပေါက်လေး အရမ်းကို ချစ်စရာ ကောင်းနေပါလား "
" ခစ်ခစ်... "
ပေါ်ပေါ်က ဆွန်းယွန်း ကိုယ်ပေါ်တွင် အချီခံနေလျက် ဇိမ်ကျနေသည်၊၊ ဆွန်းယွန်း ဒီကလေး ပုစိလေးကို အရမ်းချစ်ရှာတယ်၊၊ ရိပေါ် ကိုယ်ပွားလေးမို့ သိပ်မြတ်နိုးရပါသည်၊၊
" Hyung အိမ်ထဲလာလေ၊၊ပြန်ရောက်နေတာ အကြောင်းလဲ မကြားဘူး "
အသံကြားလို့ အပြင်ထွက်လာသည့် ရိပေါ်ကလည်း ဆွန်းယွန်း ကို ကြိုဆိုဟန် ဝမ်းသာအားရ မေးလိုက်တယ်။
" မလိုပါဘူးဗျာ ကိုယ်ဘာသာ လာမှာပေါ့၊၊peony ကို ဒုက္ခ မပေးချင်ပါဘူး၊၊ "
" hyung ကလည်းဗျာ "
ရိပေါ်က hyungလက်ထဲက သားလေးကို ပြောင်း ချီ လိုက်ပြီး အိမ်ထဲ ဝင်လိုက်လေသည်၊၊ ရိုးရာ အိမ်လေးမို့ မြို့ပြကြီးကလို တိုက်တာ အဆောက်အအုံ မရှိပေ၊၊ ရိုးရာ အိမ်လေးပင်မဲ့ နေချင်စဖွယ်ကောင်းအောင် စိမ်းလန်းတဲ့ တောတောင် ရှုခင်းတွေက ရင်အစုံကို ကြည်နူးစေသည်၊၊ လတ်ဆတ်တဲ့လေကလည်း စိတ်ကို နွေးထွေးအေးချမ်းသွားစေတယ်။
" အလည်လာတာလား hyung ဘယ်နှရက်နေမှာလဲ "
" နွေဦးပိတ်ရက်လေ၊၊ အကြာကြီးနေမှာပေါ့။ ဝမ်ရိပေါ် ရဲ့ နံနံပင် လက်ရာ လွမ်းလို့ဗျာ "