{ 15 }

8.2K 735 31
                                    

{ Unicode }

~ တသက်စာ စီမံကိန်းမှာ မင်းအမည်လေး
ထိုးလို့ အရမ်း ချစ်တယ် ဆိုတာ တလောကလုံးကို ပြောပြချင်သေးတယ်ဗျ ~

ရှောင်းကျန့် က လက်လွန်ပြီးမှ စိတ်မကောင်းဖြစ်သွားသည်။ သဝန်တိုလွန်း၍ အရယူခဲ့ကာမှ အပြစ်မကင်းသော သူပုံစံလေးကလည်း သနားစရာကောင်းပါတယ်။

ရိပေါ်ကို ကြည့်တော့လည်း နာကျင်မှုကြောင့် မျက်နှာက သိသိသာသာ ပျက်ယွင်းနေပြီး ဆိုဖာထက်တွင် လှဲလျက် ဖန်သားပြင်ကိုသာ အာရုံစူးစိုက်နေလေသည်။

စောင်ပါးလေးကို ရိပေါ်၏ ကိုယ်ပေါ် လွှားခြုံပေးလိုက်ပြီးကာမှ သူပါ ဘေးက ဝင်ထိုင်လိုက်တယ်။ ရိပေါ်က အကြည့်လေးတောင် မသထာတော့ပါ။

" အချစ်ကလေး ကိုယ့်ကို စိတ်ကောက်နေတုန်းလား "

"...."

" ကိုယ်မှားသွားပါတယ် ။ ကျောင်းကိုလည်း ခွင့်တိုင်ထားတယ်။ အချစ်ကလေး မကြိုက်တာ မှန်သမျှ ကိုယ် ပြုပြင်မယ်လေနော်။ ရွှေစိတ်တော် ငြိုငြင်ရာမှ ပြေကျလာပါတော့ဗျ  "

ရိပေါ် သူကို ချော့နေတဲ့ လူကြီးကို သုန်မှုန် လျက် ကြည့်ပြီး ကြိတ်ရယ်ချင်မိတယ်။ လုပ်တုန်းကလုပ်ပြီး တောင်းပန်ရုံနဲ့ ခွင့်လွှတ်ပေးစရာလား။ ကိုလူညာကြီး ဝေးဝေးသာ ‌ သွားစမ်းပါ။

" ကိုကို ကို ချစ်တယ်ဆိုတာ အတည်မလား "

" ဟင့်အင်း ! အာချောင်တာ "

ရိပေါ်က ဤစကားကိုတော့ ပတ်ခနဲ ပြန်ဖြေလိုက်တယ်။ အလိမ်အညာ မှတ်ရင်လည်း အစကတည်းက မေးမနေပါနဲ့လား။ စိတ်တိုလာပြီ။

" အချစ် အာချောင်တိုင်း မကောင်းဘူးနော်။ ကိုယ်ကို အ,အ မှတ်နေသလား ကိုယ့်ကြင်သူရယ် "

ပြီတီတီနဲ့ ရိပေါ် အနား ကို တိုးကပ်လာတော့ တစ်ချက်တွန်းဖို့ လှုပ်လိုက်ရာ ကျောနဲ့ခါးအောက်က စူးခနဲအောင့်သွားပြီး အော်မိလိုက်သည်။

" နာနေတာကို အသာလှဲမနေဘူး။ စွာတိုင်းလည်း မကောင်းဘူးနော် "

ရိပေါ်က စိတ်တိုတိုနှင့် လက်ခလယ် ထောင်ပြလိုက်ပါတယ်။ ရင်ထဲလည်း တနုံ့နုံ့  နှင့် အင်မတန် မျက်နှာကို သုန်မှုန်ထားလိုက်တယ်။ စနောက်တိုင်း မကောင်းတာ ဒင်းကြီးက မသိတာလား ။

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Tempat cerita menjadi hidup. Temukan sekarang