{ 24 }

7.1K 675 46
                                    

{ Unicode }

~ 𝐈 𝐰𝐢𝐬𝐡 𝐭𝐢𝐦𝐞 𝐡𝐚𝐝 𝐛𝐞𝐭𝐭𝐞𝐫 𝐭𝐢𝐦𝐢𝐧𝐠
𝐟𝐨𝐫 𝐲𝐨𝐮 𝐚𝐧𝐝 𝐦𝐞 .
            (𝐩𝐞𝐫𝐫𝐲 𝐩𝐨𝐞𝐭𝐫𝐲) ~

လေပြေတွေ လာရောက်ဖို့ အချိန်က နီးကပ်နေပြီလား၊၊ ရှောင်းကျန့် က သူဘေးတွင် အိပ်မောကျနေသော လူသားလေးကို မြတ်မြတ်နိုးနိုး ငုံ့ကြည့်နေမိသည်၊၊ အဖြူရောင် မွေ့ယာထက်ဝယ် နှင်းလိုဖြူတဲ့ အသားအရည် နဲ့ ထိုလူသားလေးက ရှောင်းကျန့် ခြယ်ထားသော အနီရောင် အမှတ်အသားတွေနဲ့ သိပ်လှသည်၊၊သူကတော့ ထလိုက်ပြီး နံနက်စာ ပြင်ရလိမ့်မည်။ သူရဲ့ Omega လေးက ပင်ပန်းနေတယ်မလား ။

နေရောင်၏ အလင်းစူးရှမှုကြောင့် ရိပေါ် မျက်ခွံ မို့မို့လေးတွေ လှုပ်ရှားလာတယ်၊၊
မျက်လုံးတွေ ဖွင့်လိုက်တာနဲ့ မနေ့ညက အဖြစ်အပျက်တွေက အိပ်မက်မဟုတ်ဘူးဆိုတာ ခန္ဓာကိုယ်က သက်သေ ပြနေသည်၊၊ လှုပ်ရုံနှင့် ကျောရိုးတစ်လျှောက်နှင့် သူ၏ ပန်းပွင့်ကလေးက ထူပူကာ နာကျင်လို့ အော်ညည်းမတတ် ... လေးနှစ်ကြာမှ တစ်ကိုယ်လုံး အကြောတွေ ထုံနေအောင် နာကျင်တာ ဒီနေ့ပဲ ဖြစ်တယ်၊၊

ရှောင်းကျန့် ဆိုတဲ့လူ အကျင့်မကောင်းဘူး၊၊ ခွင့်မလွှတ်တာတောင် ပိုင်ဆိုးပိုင်နင်း  သိမ်းပိုက်သွားသေးတယ်၊၊ ရှောင်းကျန့် က ဟို ပထမဆုံး အချိန် စတွေ့တုန်းကလိုပဲ သူ အတွက်ပဲ ကြည့်တဲ့သူ၊ တဇွတ်ထိုးဆန်တယ်၊၊

ရိပေါ်က မွေ့ယာထက်ကနေ လက်ထောက်ကာ ထလိုက်ပြီး ကိုယ်လက်သန့်စင်လိုက်သည်၊၊ စိတ်ထဲတွင်လဲ ထိုလူသားကို မေတ္တာ ပို့သနေလျက်၊၊

အခန်းထဲက ထွက်လာတာနဲ့ အိမ်ရှေ့ခန်းတွင် သားနဲ့ ရယ်မောနေတဲ့ ရှောင်းကျန့် ၊၊ ရိပေါ်က ထိုအခိုက်အတန့်လေးကို နှလုံးသားထဲ စွဲမြဲစွာ မှတ်သားထားလိုက်တယ်၊၊ ထွက်ပြေးချင်တာတော့ မဟုတ်ဘူး၊၊ မပက်သက်ချင်တော့ဘူး၊၊ အဖြစ်အပျက်တွေက ကျွန်တော် အမှောင်ရိပ်ထဲမှာ ကြီးစိုးနေဆဲပဲ ၊၊ ခွင့်လွှတ်ဖို့ဆိုတာ ...

" ပါးပါး နိုးပြီလား "

ရိပေါ်က အမြဲ အစောကြီး နိုးနေကျပါ ၊၊ ဒီနေ့ မှ အိပ်ရာထ နောက်ကျတော့ သားကမေးလေပြီ၊၊ နာကျင်နေတဲ့ ခါးကို ကိုင်ကာ ဖြည်းဖြည်း ကလေး လျှောက်လာလိုက်တယ်၊၊ ပြုံးစိစိနဲ့ ရှောင်းကျန့် မျက်ခွက်က အမြင်ကတ်ချင်စရာ၊၊

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ