{ 17 }

5.8K 605 54
                                    

{ Unicode }

~ အချစ်ဆိုတာ အဆိပ်လိုပဲ
မိသွားရင် ရင်တွင်းရဲ့ အနက်ရှိုင်းဆုံးအထိ
တသက်လုံးမေ့မရအောင် အမာရွက်ကျန်ပေးတတ်တယ်
ကိုကို ... မင်းပေးတဲ့ ဒဏ်ရာ ~

ရှောင်းကျန့် ဟာ ယွီပင်း ဆီက အမှာစကားကြောင့် သူ့ဖခင်ဆီ ပြန်ဖို့ ပြင်ဆင်လေသည်၊၊ မခွဲချင်ဘူး၊၊ အခုမှ ပူပူနွေးနွေး အချစ်တွေ ဖွင့်ထုတ်ထားပြီးမှ ချက်ချင်းကြီး ခွဲရမှာကို သူမလိုလားဘူး၊၊

ရိပေါ် နောက်ကနေ ရှောင်းကျန့် ခါးကို ဖက်ပြီး ကျောပြင်ကို မျက်နှာ အပ်ထားလေသည်၊၊ ရှောင်းကျန့် ကလည်း ခါးထက်က ရိပေါ် လက်လေးကို အုပ်ကိုင်ရင်း ရင်ထဲက နေဆယ်စင်းအပြိုင် ပူလောင်နေသည် ၊၊

" ငါ မင်းနဲ့ မခွဲချင်ဘူး ရှောင်းကျန့်ရာ "

" ကိုယ့်လည်း ဘယ်ခွဲချင်ပါ့မလဲ အချစ်ရာ
ခဏလေးပဲ နေပြီး ပြန်လာမယ်လေနော် "

ရှောင်းကျန့် က မျက်ရည်လေးဝဲနေတဲ့ ကြင်နာသူလေး ပါးမို့မို့လေးကို အုပ်ကိုင်ရင်း ကလေးလေး တစ်ယောက်လို ချော့မော့တယ်။ သူကလေးလေးက ချွဲတတ်တယ်။

" မင်းကတိကိုတည်ပါ ကိုကို "

ရိပေါ် က အခုတလော အရိုင်းတုံးလေးလိုပဲ၊၊ အပြောအဆိုတွေက မင်း၊ ငါ နဲ့ သုံးတာ၊၊ သို့သော်လည်း ရှောင်းကျန့် မမူပါ၊၊ ရိပေါ် ဘာလုပ်လုပ် သူ့အချစ်မို့ စိတ်မပူဘူး၊၊

" အချစ် ယောကျ်ားက ကတိတည်ပါတယ် "

ရှောင်းကျန့် က ခါးကလက်ကို ဆွဲဖယ်ကာ ရိပေါ်ကို မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး ဆွဲဖက်တော့သည်၊၊

" လွမ်းနေရတော့မှာပဲ အချစ် ရနံ့လေးကို . . . "

" ငါ ရနံ့တွေကို မင်းနှလုံးသားက အမြဲ မှတ်ထားလေ ကိိုကို "

ရိပေါ်က မချိမဆံ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။

" ဟားဟား ဟုတ်ပါပြီ အချစ်ရယ် "

" တစ်ခုတော့ မှတ်ထားပါ ကိုကို.... ငါ စိတ်ပျက်စေမဲ့ အရာတွေကို မလုပ်ဘူးလို့ "

ရှောင်းကျန့် ဆွံ့အသွား၏၊၊ ရိပေါ် ရဲ့ မျက်ဝန်း တွေက အလေးအနက် ပြောနေတာ၊၊ တောင်းဆိုသလို၊ အမိန့်ပေးသလိုနဲ့၊၊

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Where stories live. Discover now