{ Unicode }
~ တစ်ထောင့်တစ်ညချစ်စကားတွေ
တေးသီဖွဲ့လို့ ရက်ပေါင်းများစွာ
ချစ်တယ်ဆိုတဲ့စကား မင်းလေး သိအောင်
ပြောပြဦးမည် ~နေရောင်ခြည် ဖြာနွေးနွေးလေးက နှင်းစက်တွေကို ဖြိုခွင်းကာ လောကကို အလင်းရောင် ဖြာပေးနေပေမဲ့ အအေးဓာတ်က လျော့မသွားပေ၊၊ ထိုအတူ အဖြူရောင် မွေ့ယာပေါ်တွင် ပွေ့ဖက်ကာ အိပ်ပျော်နေတဲ့
လူသား နှစ်ယောက်ကလဲ နှင်း နတ်သမီးကို ဂရုမမှုနိုင်ဘဲ စောင်ခြုံထူကြီးထဲ ကွေးနေရသည်၊၊တဒေါင်ဒေါင် မြည်နေသော နာရီ နှိုးစက်လေးက သနားစဖွယ်...။ ကြမ်းပြင်အောက်မှာ တစ်စစီ ကြွေမွနေပြီ..၊၊ ထို နိုးစက်လေး
ကြွေမွရခြင်း အကြောင်းမှာ တခြားမဟုတ်..၊၊ နှုတ်ခမ်းအောက်က မှဲ့ပိုင်ရှင်လေး၏ ရက်စက်စွာ ပစ်ချခြင်း ခံလိုက်ရသောကြောင့်ပင်၊၊" အင်း ... ဟင်း... "
ရိပေါ်၏ တိုးလျသော ရေရွတ်သံလေး
အဆုံးမှာ ရှောင်းကျန့် က ထထိုင် လိုက်ပြီး စောင်ကို ရင်ဘတ်ထိ ခြုံပေးလိုက်တယ်၊၊ အပြင်မှာလဲ နှင်းတွေကျကာ အအေးဓာတ်ကို ခံစားနေရသည် ၊၊ နေရောင်ကလဲ နှင်းထူထပ်တော့ သိပ်မပေါ်လာ။ သိပ်သည်းစွာ
ကျနေတဲ့ နှင်းစက်တွေက မြူခိုး များနဲ့ အတူ တစ်လောကလုံး ဝေဝါးနေ၏၊၊ရှောင်းကျန့် ကတော့ ရင်ခွင်ထဲက အကောင်လုံးလေးကို တစိမ့်စိမ့် ကြည့်ရင်း မနေ့က ပိုင်ဆိုင်ခွင့် ရခဲ့တာ အိပ်မက်မဟုတ်၊၊
အမှန်တကယ်ပင်..၊၊ရိပေါ် လေးလံနေတဲ့ မျက်ခွံလေးကို အားယူ ဖွင့်ကာ နိုးလာတယ်၊၊ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ နေတာမို့ မထနိုင်ဘဲ ပက်လက်လေး
ဟိုကြည့် ဒီကြည့် မျက်လုံးလေးကလယ်ကလယ်နဲ့ပင်။မနေ့ညက အဖြစ်ကို တွေးပြီး နားရွက်ဖျားပင်မက တစ်ကိုယ်လုံး ပန်းဆီရောင် သန်းလာလေသည်၊၊ အား ! ရှက်လိုက်တာ... မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လာသော ပုံရိပ်ယောင်တွေ၊ ရှောင်းလူကြီးမင်း၏
Sexy ကျတဲ့ Bodyက အရမ်းကို Handsome typeကြီးပဲ၊၊ကျွီခနဲ ပွင့်လာတဲ့ တံခါးလေးကြောင့်
မျက်လွှာလေးပင့်ကာ ကြည့်လိုက်မိတယ်၊၊
သွေးကြောစိမ်းတွေ ထင်းနေတဲ့ လက်ဖမိုးလေးက ထင်ရှားစွာ မြင်နေရသည်၊၊ ခြေတံရှည်ကြီးနဲ့ သူဆီ လျှောက်လှမ်းလာတဲ့ ရှောင်းကျန့် ဟာ ငယ်ငယ်က မက်ခဲ့ဖူးတဲ့
အိပ်မက်ထဲက ဖူးစာဖက်လေးနဲ့ ခပ်ဆင်ဆင်..၊၊
YOU ARE READING
𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]
FanfictionAlpha and Omega Wolf🐺 Xiao Zhan and Wang Yibo