{ Unicode }
~ နွေဦး ရဲ့ လေပြေ
အလွမ်း ကဗျာ စာစီဖွဲ့ရင်း
မင်းကို သိပ်သတိရမိတယ်
လွမ်းတဲ့ အကြောင်းတွေ
ဖွဲ့နွဲ့ပြောရရင် စာစီ မကုန်နိုင်ပါဘူး
ကွဲအက်ခဲ့တဲ့ နှလုံးသား တစ်စုံက
မင်းထံမှာ ကျရှုံးခဲ့ပြီးသားပါ ~ရိပေါ် အိမ်ရှေ့ ကွပ်ပျစ် တွင် ထိုင်ကာ ခပ်တွေတွေလေး အိမ်ရှေ့က အစိမ်းရောင် သစ်ပင်ကြီးကို ငေးကြည့်နေမိသည်၊၊ တောင်လေ ဖြတ်မြူးသွားတိုင်း အညိုရောင် ဆံနွယ်တွေက လေထဲ ဝေ့ဝဲနေလျက်၊၊
" ငြိမ်နေပါလား ၊၊ ဘာတွေ တွေးနေတာလဲ "
" ဒီအတိုင်း တွေးမိတွေးရာပါပဲ၊၊
Hyung ရော "ရိပေါ်ထိုင်နေရာအနား ဆွန်းယွန်း က ရောက်လာရင်း ရိပေါ်ဘေးနား ထိုင်ကာ မေးလိုက်သည်။ သူတို့အိမ်တွင် ဇိမ်ခံထိုင်ခုံများမရှိ။ ဒီအတိုင်း ချောမွေ့တဲ့ကျွန်းသစ်သားပေါ်တွင်သာ ထိုင်ရသည်။
" ကိုယ် ပျင်းတယ်ကွာ ... ဝက်ပေါက်ကလဲ အနားမှာ မရှိတော့ အရမ်းကို ပျင်းစရာကြီးကွာ "
လူတစ်ယောက် ရဲ့ ခံစားမှုက မျက်နှာမှာ အတိုင်းသား ပေါ်တတ်စမြဲ၊၊ ရှုံတွနေတဲ့ ဆွန်းယွန်း မျက်နှာကြောင့် ရိပေါ် ခပ်ကျယ်ကျယ် ရယ်လိုက်မိသည်၊၊
" အဟွန်း ! သားက yoonဆီ အနေများတယ်၊၊ yoonကလဲ သားကို မုန့် နဲ့ မျှားပြီး ခေါ်ခေါ် သွားတတ်တယ် "
" သားက peony နဲ့ သိပ်တူတယ်
" ဒါပေါ့ !! ကျွန်တော် သားပဲလေ "
ဆွန်းယွန်း ညည်းတွဲတွဲ ရယ်မောလိုက်တယ်၊၊ အချိန်တွေ ကြာသွားလဲ ကိုယ်က မင်း အချစ်ကို ရဖို့ မထိုက်တန်ခဲ့ဘူး ထင်ပါရဲ့ ။ ဒီအခိုက်အတန့်ကလေးကလည်း သိပ်ကောင်းတာမို့ ဆွန်းယွန်း ကျေနပ်ပီတိဖြာစွာပင် ရိပေါ်အနားမှာ နေချင်တယ်။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူးကွယ်။ နေ့စဥ်နှင့်အမျှ ချစ်ဦးသူရဲ့ မျက်နှာလေး မြင်ခွင့်ရတာက ဘယ်လောက် ကံကောင်းလိုက်သလဲ။
နံနံပင်ခင်းက ရနံ့တွေက လေ အတိုက်မှာ နှာဖျားဆီ ကျီစယ်ဆဲ၊၊ ရိပေါ်က နံနံပင်ဘုရင်လေး ဟူ၍ပင် အမည်ပြောင်ပေးထားသင့်သည်။