{ Unicode }
~ မင်းနဲ့ပက်သက်ရင် ခေါင်းအစခြေအဆုံး အူတိုလွန်းလို့ ကိုယ် ရူးမိလိမ့်မယ် ~
" ဝမ်ရိပေါ် ကို ချစ်တယ် " ဆိုတဲ့စကားနဲ့ ရိပေါ်က ငူတူတူ အတတ ကလေး ရူးချင်ယောင်ဆောင်လိုက်တယ်။
" ဟမ် "
" မဟမ်ပါနဲ့ အဖြေပေးတော့ "
ဘယ်လိုကြီးလဲ၊၊ အဖြေတောင်းတာတောင်
အကြွေးရှင်မျက်ခွက်နဲ့ ပိတ်ထုချင်စရာ၊၊
တကယ်ချစ်တာရော ဟုတ်ရဲ့လား၊၊ ငါ့ကို လှည့်စား နေတာလား၊၊" ဟေ့ အတွေးလွန် မနေနဲ့...
ကိုယ့်ကို မချစ်ဘူးလား ဟင်... ဟင်လို့... "ရှောင်းကျန့် က ဘယ်သူကိုမှ အဲ့လို မပြောဖူးပါ။ နုနုယွယွလည်း မလုပ်တတ်ဘူး။ သူရင်ထဲ ရှိတဲ့ အတိုင်းသာ ပြောချလိုက်တယ်။ ရိပေါ်ကတော့ အူလည်လည်လေးနဲ့ ရှောင်းကျန့် ကို မျက်မှောင်ကြုတ် လျက် ကြည့်နေတယ်။
" ခင်ဗျား က တကယ်ချစ်တာရော ဟုတ်ရဲ့လား "
ယောင်မှားသံသယမျက်လုံးလေးနဲ့ မျက်ခုံး ပင့်ချီလျက် မေးလိုက်တယ်။
" အင်း ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တာ "
ရိပေါ် ဘာစကားမှ မဆိုနိုင်ဘဲ မျက်လွှာချကာ ခေါင်းငုံနေမိတယ်၊၊ အချစ်က နာကျင်စေသလို၊ သာလည်း သာယာစေတယ်၊၊
ရိပေါ် ဖတ်ဖူးတဲ့ အင်္ဂလိပ် ဆရာတစ်ယောက်ရဲ့ စကားတစ်ခွန်းတောင်ရှိသေးတယ်။
”Love's pleasure lasts
But a moment,
Love's sorrow lasts
All through life.
(Jean-Pierre Claris de Florian )”" ကျွန်တော် စဉ်းစားချင်သေးတယ် "
" အင်းပါ ကိုယ့်ရဲ့ Omega လေး
အဆင်သင့်ဖြစ်မဲ့ အချိန်ကို စောင့်နေမယ် "ထိုအခါမှ မျက်လွှာပင့်ကာ မော့ကြည့်တဲ့
မျက်နှာလုံးလုံးလေးကို မေးဖျားကနေ လက်ဖျားလေးနဲ့ ဆွဲယူကာ နှုတ်ခမ်းချင်း
တေ့လိုက်သည်၊၊ချစ်ခြင်းကို ဘယ်လို ပုံဖော်ရမလဲ မသိပေမဲ့ နှလုံးသား ဦးဆောင်ရာ နောက်ကို ယုံကြည်စွာ လိုက်နာမယ်၊၊ ခင်ဗျားကိုတော့ ချစ်ပါတယ်၊၊
ဆိုဖာတွင် ထိုင်လျက် နမ်းနေတဲ့ ကောင်လေး နှစ်ယောက်၏ ခပ်ပြင်းပြင်း အသက်ရှူသံတို့နဲ့ အတူ နောင်လာမဲ့ အနာဂတ်က သာယာလှပနိုင်ပါ့မလား၊၊