{ 3 }

10K 989 16
                                    

{ Unicode }

~ မိုင်တွေ အဘယ်မျှ ဝေးကွာနေပါစေ
အချစ်ကလေး ရှိရာ အရပ် ကိုယ့်လွမ်းခြင်းတွေ
သဝဏ်လွှာ ပို့လိုက်မယ် ~

ရှောင်းကျန့် ရိပေါ်  လည်ကြပ် အင်္ကျီ လေးကို အားနှင့် ဆွဲဖြဲလိုက်လေသည် ။ ပေါ်လာတဲ့ ဖွေးဥဥ လည်တိုင်လေး အနားကပ်လိုက်တော့ ရိပေါ်က သူရင်ဘတ်ကို တွန်းကန်ပစ်တယ်။ ရှောင်းကျန့် အာရုံမစိုက်ပါ။ သူသိတာက ဒီလည်တိုင်က ညှပ်ရိုးလှလှကလေးနဲ့ မှဲ့အနက်ကလေးကို ခပ်ဖွဖွ ထိကပ်လိုက်တယ်။

Markလုပ်ထားတဲ့ နေရာကို သွားနှင့် တတိတိ ကိုက်လိုက်လေသည်။ ရိပေါ်ဆီက ရတဲ့ ချိုအီအီ မက်မွန်ပန်း ရနံ့လေးက ရှောင်းကျန့် စိတ်ကို ဆွဲဆောင်နေပြန်တယ်။

ရိပေါ် ထိန်းချုပ်နေသည့်ကြားမှ ကိုယ်ပိုင် Pheromones တွေက ထွက်လာလေသည်။ မထိန်းချုပ်နိုင်လောက်အောင် ရှောင်းကျန့် ကိုယ်က မြေသင်းနံ့လေးက သူအသက်ရှုသံတွေကို ပြင်းထန်လာစေသည်။ ရှက်တာရော ကြောက်တာပါ ပေါင်းပြီး မျက်ရည် ကျမိလေသည်။

ဗွမ်း !!

ရေထဲသို့ ရောက်လာတဲ့ ဆွန်းယွန်းက ရှောင်းကျန့် ကို တိုက်ခိုက်လေသည်။ ရှောင်းကျန့် လည်း အငိုက်မိကာ လူက လွင့်စင်သွားလေသည်။ ဆွန်းယွန်းသည် ကြောက်လန့်နေတဲ့ ရိပေါ် ကိုယ်လေးကို ဆွဲယူကာ ရှောင်းကျန့် ကို အကြည့်စူးစူး ကြည့်လိုက်သည်။ ထိုလူသား၏ နှုတ်ခမ်းထက်မှ မဲ့ပြုံးလေး တစ်ချက်က လှောင်ပြောင်သရော်မှုများ ပါဝင်နေသည်။

"မင်း ရိပေါ် နဲ့ ဝေးဝေးနေပါ ရှောင်းကျန့်..."

ရိပေါ်သည် တုန်ယင်နေပြီး ဆွန်းယွန်း hyung က ထိုသူကို သိနေသလို ပြောလိုက်တာကြောင့် ဇဝေဇဝါ မေးမြန်းမိပြန်သည်။

"Hyung က သူ့ကို သိလား...."

"အဟက် !! ငါက ဘာကိစ္စ မင်းစကား နားထောင်ရမှာလဲ ။ မင်းသိထားဖို့က ရိပေါ်က ငါ့ mateပဲ ။ မင်းလို အပိုလူစကားကို ငါ ဂရုစိုက်စရာ အကြောင်းမရှိဘူး "

ရှောင်းကျန့် က ပြတ်ခနဲ ပြန်ပြောတယ်။

"အဟား!!...မင်းဟာသက ရီစရာမကောင်းဘူး ။ မင်းသိထားဖို့က Peonyက ငါ့နဲ့ စေ့စပ်ထားတဲ့ သူပဲ။ ဒီတော့ မင်း အဆင့်မကျော်ရင် ကောင်းမယ် ။ မဟုတ်ရင် Wolfနှစ်ခုကြားက တိုက်ပွဲက လိုတာထက် ပိုပြင်းထန်လိမ့်မယ် "

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Where stories live. Discover now