{ 18 }

5.8K 626 43
                                    

{ Unicode }

~ It is the unexpected that always happens . ဒီစကားလေးက သိပ်မှန်တယ်
ရင်မှာပျိုး အလွမ်းမိုး
စူးနစ်နွမ်းလျ အသည်းနာ
ရက်စက်လိုက်လေသော မင်း ~

အချစ်က ကော်ဖီလိုပဲ၊၊ ကော်ဖီပူပူလေးကို ပူတုန်း သောက်မှ ကောင်းတာ၊၊ အေးသွားရင် အရသာက ဘယ်ကောင်းတော့မလဲ၊၊ ကိုကို မင်းအချစ်ကလဲ ကော်ဖီလိုပဲလား၊၊
အစပိုင်းမှာ နွေးထွေးပေးပြီး နောက်ဆုံးတော့ အေးစက်စက် အရာတွေ ထားခဲ့တာပဲ၊၊

ရိပေါ်က ဆွန်းယွန်း နဲ့အတူ မိဘတွေဆီ ပြန်လာခဲ့သည်၊၊ နာကျင်နေပြီ၊၊ မင်းအငွေ့အသက်တွေ ရှိနေတဲ့ အိမ်ထဲမှာ မနေချင်တော့ဘူး၊၊ မင်းကို ချစ်မိတာ ငါ နောင်တရနေမိတယ်၊၊ ဆွန်းယွန်းက ရိပေါ် ဘာဖြစ်နေလဲ မမေးဘူး၊၊ အင်း.... မေးစရာမှ မလိုတာ၊၊ ကိုယ့်သဘောကျတဲ့သူရဲ့ မျက်နှာ အမူအရာကို ကြည့်ရုံနဲ့ ကိုယ့်နားလည်ပါတယ်တဲ့။ အနည်းဆုံးတော့ ဆွန်းယွန်းHyung က ငါ့ဘေးမှာ အမြဲတမ်း ရှိပေးခဲ့တယ်။ မင်းနဲ့ မတူဘူးသိလား။

မွေးရပ်မြေလေးဆီ ခြေချလိုက်တာနှင့် လတ်ဆတ်တဲ့ လေအနံ့လေးကို အရင်ဆုံး ရှူသွင်းတယ်။ ငါတို့ ထပ်တွေ့လို့ရသေးလား။ မင်းသာ ထပ်ရှင်းပြရင် ငါ မမုန်းလောက်တော့ဘူး ထင်ပါတယ် ကိုကို ... ။

ရှောင်းကျန့် က နေရောင်စူးစူးကြောင့် နိုးလာကာ မျက်စိဖွင့်ကြည့်တော့ စိမ်းသက်တဲ့ အဖြူရောင် ထပ်မိုးတွေ မြင်လိုက်ရသည် ၊၊ ဆတ်ခနဲ ထထိုင်ကာ ဘေးပတ်ဝန်းကျင် လှည့်ကြည့်ရာ အဝတ်မကပ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ၊၊သွားပြီ၊၊ ရှောင်းကျန့် ခေါင်းတွေ ချာချာလည်သွားသည်၊၊

ကုတင်အောက်က အဝတ်တွေကို ကောက်ဝတ်ကာ ထို စိတ်ပျက်စရာ အခန်းထဲမှ ထွက်လာခဲ့သည်၊၊ ရိပေါ် သာသိရင် အား... ။ရှောင်းကျန့် စိတ်ရှုပ်စွာ အော်ဟစ်ပစ်လိုက်သည်၊၊

ရှောင်းကျန့် သူ အပြင်ရောက်တာနှင့် ယိုင်တီးယိုင်တိုင် လျှောက်လာတဲ့ ယွီပင်းနှင့် တန်းတိုးသည်။ အားကိုးတကြီး ရှောင်းကျန့် သူကို မမြင်တဲ့ ယွီပင်း ပခုံးကို ဆွဲလှည့်ကာ မေးမြန်းလိုက်သည်။

" ယွီပင်း ငါ ညက ဘယ်လိုဖြစ်တာလဲ "

" ငါလည်း မသိဘူး၊၊ ငါ သန့်စင်ခန်းသွားတုန်း ငါဖုန်း အလုခံရပြီး အရိုက်ခံလိုက်ရတယ်၊၊နေပါဦး မင်းပုံစံက ဖရိုဖရဲနဲ့ပါလား  "

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Where stories live. Discover now