{ 20 }

6.4K 625 44
                                    

{ Unicode }

~ 𝐈𝐭'𝐬 𝐲𝐨𝐮
𝐛𝐞𝐜𝐚𝐮𝐬𝐞 𝐧𝐨 𝐨𝐧𝐞 𝐞𝐥𝐬𝐞
𝐦𝐚𝐤𝐞𝐬 𝐬𝐞𝐧𝐬𝐞 .
      𝐩𝐞𝐫𝐫𝐲 𝐩𝐨𝐞𝐭𝐫𝐲 ~

ရာသီ စက်ဝန်း လည်ပတ်မှုလေးကြောင့် ရိပေါ်၏ ရင်သွေးငယ်လေးက လူလောကကို ခြေချမို့ အချိန် နီးကပ်လာပြီ၊၊ သားလေးလား၊ သမီးလေးလား မသိရပေမဲ့ ကိုယ့်သွေးသားက ဖြစ်တည်လာတာမို့ ရင်ခုန် ကြည်နူးရပါသည်၊၊ တစ်ယောက်သောသူကို မေ့ပစ်နိုင်သည့် အထိ ကိုယ်ပွားလေးက သူ့ရဲ့ ရှင်သန် မြတ်နိုးဖွယ်ရာလေး၊၊

၉လလွယ် ၁၀လဖွား ဆိုတဲ့ ဆိုရိုး အတိုင်း ရိပေါ် တစ်ယောက် သေမင်း နဲ့ စစ်ခင်းနေရသည်၊၊ အခန်းလေး တစ်ခန်းထဲတွင် အားကုန် ညှစ်ထုတ်ကာ မွေးဖွားနေရတဲ့ ရိပေါ်က ချွေးတွေ စိုရွဲနေလျက်၊၊

" နည်းနည်း အားစိုက်ဦး လူလေး၊၊ အသက်ကို ရှုသွင်း၊ ရှုထုတ် "

ရိပေါ်က နာကျင်နေသည့်ကြားမှ လက်သည် ကြီး စကားအတိုင်း အသက်ကို ပြင်းပြင်း ရှုကာ အားကုန် ညှစ်ထုတ်လိုက်သည်၊၊

" အူဝဲ အူဝဲ .... "

ကလေးငယ်ငယ်လေး၏ ငိုသံကြားတော့ ချွေးတွေ ကြားမှ မျက်ရည်တွေ ကျလာမိသည်၊၊ မားမားကို လွမ်းတယ်၊၊ မားမားလည်း အနာခံပြီး သူ့ကို မွေးခဲ့တာနေမှာ၊၊ လူတွေက မိဘ ဖြစ်လာချိန်မှာ တစ်ချိန်က ကိုယ်ကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကို တမ်းတတတ်သည်၊၊ ခလုတ်ထိမှ အမိတ ဆိုတဲ့အတိုင်းပဲ ၊၊

" မွေးပြီ၊၊ ယောကျ်ားလေးတော့ "

အဖြူရောင် ပိတ်စကြားထဲ နှစ်မြှုပ်နေတဲ့ နီတာရဲ ပိစိလေးကို ရိပေါ်၏ လှဲနေတဲ့ ဘေးကို လာချပေးသည်၊၊ ရုပ်လုံး မပေါ်သေးပေမဲ့ မှိတ်ထားတဲ့ မျက်ဝန်းတွေ၊ နှာတံသေးသေး၊ နှုတ်ခမ်းပိစိ၊ နီတာရဲ လက်သေးသေးလေးတွေက ရင်တွင်းကို ဓာတ်ကူးသလို ခံစားလိုက်ရသည်၊၊

" ကောင်းကောင်း ကြီးပြင်းရမယ်နော် ပါးပါး သားလေး "

သားလေး၏ ကျဉ်းမြောင်းသော နဖူးပြင်ကျယ်ကို ခပ်ဖွဖွ နမ်းရှိုက်လိုက်သည် ၊၊ ကိုကို နောက်ဆုံးတော့ မင်း သိပ်လိုချင်တဲ့ ရင်သွေးလေး ရလာပြီလေ၊၊ မင်းက ငါ့ အနားမှ မရှိဘဲ၊၊ ငါ မင်းကို မုန်းတယ် ၊၊

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Hikayelerin yaşadığı yer. Şimdi keşfedin