{ Unicode }
~ 𝐘𝐨𝐮 𝐭𝐨𝐮𝐜𝐡𝐞𝐝
𝐭𝐡𝐞 𝐩𝐥𝐚𝐜𝐞 𝐢𝐧 𝐦𝐲 𝐡𝐞𝐚𝐫𝐭
𝐰𝐡𝐞𝐫𝐞 𝐥𝐨𝐯𝐞 𝐫𝐮𝐧𝐬 𝐰𝐢𝐥𝐝
𝐩𝐞𝐫𝐫𝐲 𝐩𝐨𝐞𝐭𝐫𝐲 ~
ရှောင်းကျန့် ဒူးထောက်နေတာ အတော်ကြာပြီ၊၊ ရိပေါ်က တစ်ချက်လေးမှ လှည့် မကြည့်ဘူး၊၊ အခုချိန်မှာ သူ့ရင်ထဲ အရမ်း ခံရခက်နေမှာ ကျိန်းသေပါပဲ၊၊ သူအမှားတွေပဲမို့ ခေါင်းငုံ့ခံ ရုံကလွဲပြီး ဘာတတ်နိုင်ဦးမလဲ။ အချစ် ကျေနပ်တဲ့အထိ ကိုယ် ဒူးထောက်ဆို ထောက်ပါမယ်။ရိပေါ် လိုက်ကာစလေးကနေ ရှောင်းကျန့် ကို လှမ်းကြည့်မိတယ်၊၊ ခင်ဗျားက အနာပေးပြီးမှ အခု ဆေးလာထည့်ပေးချင်နေတာလား၊၊
" ပါးပါး "
ရိပေါ်၏ hoodie အနားစလေးကို ဆုပ်ကိုင်ကာ ခေါ်နေသော သားလေးကို ပွေ့ချီလိုက်သည်၊၊
" သား ဘာလိုချင်လို့လဲ "
" ဟင့်အင်း . . . ဟို အာဂျူးရှီး သနားပါတယ်။ အကြာကြီး ထိုင်နေရတာ ဖင်နာတော့မှာပဲ "
သားက သနားကမား ပုံစံလေးနဲ့ ရိပေါ် အနားလာသည်။ သွေးကစကားပြောတော့ ဘယ်တတ်နိုင်မလဲ။ ရှောင်းကျန့် သွေးပါတဲ့ သားလေးက သူဖေဖေကို သံယောဇဉ် တွယ်ငြိနေပုံပါပဲ။ အဖြတ်ရအခက်ဆုံးက သံယောဇဉ်လေ။
" သား မသိလို့ပါ သူက ဆိုးတယ်၊ ဒါကြောင့်လူဆိုးကြီးမို့ ပါးပါးက အပြစ်ကို သုံးသပ်ခိုင်းထားတာ "
" အာ... ပါးပါး သူက ဘာအပြစ် လုပ်တာလဲ "
သားက ကလေးဆိုတော့ စူးစမ်းလိုစိတ်က အပြည့်ပါသည်။ ရိပေါ် ငယ်ငယ်ကအတိုင်း သဘောကျတဲ့အရာဆို အမေးအမြန်း ထူပါတယ်။
" သား က ငယ်ပါသေးတယ်၊၊ ဗိုက်ဆာနေပြီလား "
" ဟုတ် "
" မန်းမန်း စားမယ်နော် ပြွတ် "
သားလေးကို ပွေ့ချီကာ ထမင်းစားဖို့ ပြင်လိုက်သည်၊၊ ဆွန်းယွန်း က နောက်က တကပ်ကပ်နဲ့ တစ်ခုခု ပြောချင်နေပုံပါပဲ ၊၊အူလည်လည်နဲ့...၊၊
" Hyung "
" ဟမ် !! အင်း...ဘာကူရမလဲ "
" မကူပါနဲ့ ... ပြောစရာ ရှိလို့လား hyung "