{ 14 }

8.9K 814 32
                                    

{ Unicode }

~ ပန်းသုံးပွင့် စီးချင်းထိုး
ဘယ်သူနိုင်မလဲ ရင်တထိတ်ထိတ်
သေချာတာက အရန်လူကတော့ ကြေကွဲရလိမ့်မှာပဲ ~

ရိပေါ် အိမ်ထဲ ဝင်လာတော့ မူမမှန်တာ ခံစားလိုက်ရသလိုပဲ၊၊ ပြင်းရှရှ Alcohol အနံ့တွေက မွှန်ထူနေသည်၊၊ ဧည့်ခန်းက ဆိုဖာတွင် အရက်သောက်နေသော ရှောင်းကျန့် ကို မြင်လိုက်ရတော့ ဆက်လှမ်းမဲ့ ခြေလှမ်းတွေ တိခနဲ ရပ်သွားသည်၊၊ မျက်နှာနီကာ မူးရဲရဲ
ဖြစ်နေသော ရှောင်းကျန့် က ရိပေါ်ကို
ခနဲ့သော အပြုံးလေးနှင့် ကြည့်နေသည်၊၊

" တော်တော်မှ ပျော်ခဲ့လား "

ရှောင်းကျန့် ဘာကို ဆိုလိုမှန်း မသိ...နောက်မှ ပြန်စဥ်းစားကြည့်တော့ နေ့လည်က ကိစ္စ ကြောင့် သူစိတ်ဆိုးနေတာပဲ ဖြစ်လိမ့်မည်၊၊

"  တောင်းပန်ပါတယ်၊၊ ခင်ဗျား နဲ့ ချိန်းဆိုမှု ဖျက်လိုက်မိလို့..."

ရိပေါ်က အပြစ်မကင်းသော အမူအရာလေးနဲ့ အသနားခံတယ်။ ရှောင်းကျန့် ပုံစံက တကယ်ကို ကြမ်းတမ်းတော့မဲ့ လူအတိုင်းပဲ။

" အဟက် "

ရှောင်းကျန့်၏ ခြောက်ကပ်ကပ် ရယ်သံနဲ့
အတူ Alcohol ခွက်ကို ထပ်သောက်မယ်
လုပ်တော့ ရိပေါ် အမြန်ပဲ အနားသွားကာ အဲ့ခွက်ကို ဆွဲယူလိုက်သည်၊၊

" ခင်ဗျား တော်တော့ မူးနေပြီ "

ရိပေါ်က တားတော့ ခနဲ့တဲ့ နှုတ်ခမ်းတွန့်ကာ ပေစောင်းစောင်းကြည့်သေးသည်။ ကလေးမဟုတ်ဘဲ ဆိုးလိုက်တာ ခင်ဗျားရယ် ... ။

" သွားစမ်းပါ "

ရိပေါ် လက်ထဲက ခွက်ကို အတင်းဆွဲတော့
ရိပေါ်လဲ အဆွဲ အပြန်အလှန် တိုက်စစ်ဆင်နေကြသလိုပဲ။ သို့သော် ရှောင်းကျန့် ၏
အားပါပါ ဆွဲမှုကြောင့် ရိပေါ်ကိုယ်လေးက ဟန်ချက် ပျက်ကာ သူပေါင်ပေါ်တန်းတန်းမတ်မတ် ထိုင်လျက်သား ကျသွားသည်၊၊ မူးနေပေမဲ့ ဒီလူကြီးက အားသန်တာပဲ၊၊

" မင်း ရက်စက်တယ် "

" ဗျာ "

အမူးသမားက ရိပေါ်ကိုယ်ကို အတင်း
ဆွဲကပ်တော့ လူချင်းက နီးကပ်နေကာ
တစ်ယောက် အသက်ရှုသံကို တစ်ယောက်နဲ့ တစ်ယောက်  နီးနီးကပ်ကပ် ကြားနေရသည်၊၊

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Where stories live. Discover now