{ Unicode }
~ ဝေးဝေးလေးလည်း မသွားနဲ့
နီးနီးလေးမှာလည်း မရပ်နဲ
ကိုယ့်နှလုံးသားထဲမှာပဲ နေပါ
ရင်နှင်ရင်းပြီးချစ်ရသော ချစ်သော... ~နေရောင်ခြည် ဖြာနွေးနွေးလေး၏ ရောင်ခြည်များ ဖြန့်ကျက်မှုကြောင့်တစ်နေ့တာ လှုပ်ရှားရမဲ့ နေ့သစ်တစ်ခု စတင်လာခဲ့လေသည်၊၊
မွေ့ယာလေးထက်မှ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ ကောင်လေး၏ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးက အခန်းမှန်ပြတင်းပေါက်ကနေ ထွက်ကျလာသည့် နေရောင်ဖြန့်ကျလာမှုကြောင့်
မှိတ်ထားတဲ့ မျက်ခွံ မို့မို့လေးက ဖွင့်ဟလာခဲ့သည်၊၊" ဝါး... "
"နိုးပြီလား ကိုယ်ရဲ့ 𝐎𝐦𝐞𝐠𝐚လေး "
ရိပေါ်ခမျာ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ လူကြီးကြောင့် လန့်ဖျတ်ကာ အိပ်ရာထက်မှ ကမန်းကတန်း ထလိုက်ရလေသည်....၊၊
"ဖြေးဖြေးထပါ... ကိုယ်ရဲ့ 𝐎𝐦𝐞𝐠𝐚လေး... မင်္ဂလာ နံနက်ခင်းလေးပါဗျ "
သကြားနဲ့ပျားရည်လောင်းထားသည့် လေသံနဲ့ ရှောင်းကျန့် ပုံစံကြောင့် ရိပေါ်က ထူးထူးဆန်းဆန်း အံ့သြရပြန်သည်။ အိပ်ရာထရင်း ဦးနှောက်များ ဂေါက်သွားလေသလား မသိရပါချေ။
"အင်း... ဘယ်နှနာရီ ရှိပြီလဲ...ရှောင်းကျန့် .... "
အမူအရာမပျက် ရှောင်းကျန့် ကို မျက်ခုံးပင့်လျက် မေးလိုက်သည်။
"ကျစ် !! ကိုကို လို့ ခေါ်လို့..."
"ကိုယ်ခေါ်ချင်သလို ခေါ်မှာပေါ့ ၊ စောစောစီးစီး ခင်ဗျား ဘာဖြစ်နေတာလဲ ။ စောစောစီးစီး ပြဿနာ ရှာနေတာလား"
"မရှာရဲပါဘူးဗျာ...၊ ကျောင်းသွား ရမယ်မလား...၊၊ ထ ပြင်ဆင်တော့လေ "
ပုံမှန်ထက် စိတ်ကြည်နေပုံရတဲ့ အတွက်ကြောင့် ရိပေါ်သည် အနည်းငယ် စိတ်အေးသွားရတယ်။ မဟုတ်ရင် ပြဿနာ အရှာခံရလွန်းလို့ အိမ်ကပါ အပီအပြင် ထွက်လာချင်မိတော့တယ်။
"အင်း... "
သံရှည်ဆွဲကာ ထမည့်လုပ်တော့ ရှောင်းကျန့် ရဲ့ လှမ်းဆွဲမှုကြောင့် အိပ်ရာထက် တစ်ဖန် ပြန်လဲကျ
သွားသည်၊၊ ရီဝေဝေ မျက်ဝန်းလေးတွေက သံလိုက်တစ်ခုလို ဆွဲငင်အားပြင်းနေသည်..၊၊ တဖြေးဖြေး နီးကပ်လာတဲ့ မျက်နှာလေးကြောင့် မျက်ဝန်းကို မှိတ်ထားလိုက်တော့ ခပ်ဟဟ ရီသံ
လေးကြားလိုက်ရပြီး နဖူးပြင်လေးကလည်း နွေးခနဲ....၊၊ ရိပေါ်လည်း ရှက်ရှက်နှင့် ထရပ်ကာ
ရေချိုးခန်းထဲ သုတ်သင်ပြေးရလေ၏၊၊ ရှောင်းကျန့် ကတော့ မွေ့ယာထက်မှာ ခပ်ပြုံးပြုံးလေး လက်ထောက်လျက် ရိပေါ်ကို အစအဆုံး လိုက်ကြည့်နေလေသည်။