{ 5 }

9.5K 981 28
                                    

{ Unicode }

~ Clover လေးကို သိလား အချစ်
သူက ကံကောင်းခြင်းလေးတဲ့
ကိုယ့်အတွက် ကံကောင်းခြင်းလေးကတော့
အချစ်ကလေးဆိုတာ သူတို့ မှ မသိကြတာ ~

                           ~~~~

"ဒီမှာ တစ်ယောက်ထဲ နေတာလား "

မေးပုံကိုကရိုက်ပေါက်ပဲ။ တစ်ယောက်တည်း မြင်ရင် အလိုက်သိပေါ့။ ရိပေါ်လည်း ရွဲ့ချင်စိတ်နဲ့ ဘုတောတောလိုက်တယ်။

"အင်း ... hyungက အတူလာနေပါတယ်.."

Hyungဆိုတဲ့ အသံကြောင့် ရှောင်းကျန့် ရဲ့ ဖြောင့်တန်းနေတဲ့ မျက်ခုံး နှစ်ခုက တွန့်ကျိုးလာသည် ။ အံကြိတ်သံနှင့် ရှောင်းကျန့် က ငြူတူတူ မေးမြန်းတယ်။

"အော်... မင်း သူနဲ့ အတူ အိပ်ပြီးပြီလား "

"ခင်ဗျား ဘာစကား ပြောတာလဲ "

ရိပေါ် ဒေါသတကြီး အော်လိုက်တယ်။ သူသိက္ခာကို စော်ကားလိုက်တာပဲ၊ ရှောင်းကျန့် က ဘယ်လိုမှ သူအတွက် အချိုးကို မပြေတာ။ ထွက်လာသမျှ စကားတစ်ခွန်းတိုင်းက တကယ့် လက်ပေါက်ကတ် စရာကြီးတွေပဲ။

"လူ နားလည်မဲ့ လူ့စကား ပြောတာလေ "

"ကျုပ်က အပေါစားမဟုတ်ဘူး ။ တွေ့ရာလူနဲ့ အိပ်ရအောင် ကျုပ်စိတ်ဓာတ် အောက်တန်း မကျဘူး ၊၊ မင်းစိတ်နဲ့ နှိုင်း မရိုင်းစမ်းပါနဲ့ "

"အဟက်!! ဒါဆို ဘာလို့ အဲ့ကောင်နဲ့ တစ်အိမ်ထဲ အတူနေတာလဲ ။ ဘာလဲ ...မင်းရဲ့ အနာဂတ် သတို့သားလောင်းမို့လို့ အခွင့်အရေးတွေ မဟာတရား ပေးနေတာလား "

ရိပေါ်  အင်္ကျီ စလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတယ် ။ သူ့ရဲ့ မထိတထိအပြောတွေက ရင်ကို အက်စစ် နဲ့ ပက်နေသလိုမျိုးပဲ။
စောနလေးတုန်းက ပြန်နမ်းမိတဲ့ သူပါးစပ်သူ ပြန်သာရိုက်ချင်တော့တယ်။

"ဟွန်း... သူနဲ့ အတူ အိပ်တော့ရော ဘာဖြစ်လဲ ။  သူက ခင်ဗျားလို မဟုတ်ဘူး "

ရှောင်းကျန့် အံကြိတ် ရလို့ သူအံသွားများပါ အတွင်းကြေကုန်ပြီးလား မပြောတတ်တော့ပါ။ ဝမ်ရိပေါ် ဘာသောက်ချိုး ချိုးတာလဲ။

𝕄𝕪 ℙ𝕒𝕣𝕥𝕟𝕖𝕣 𝕆𝕞𝕖𝕘𝕒 [Completed ]Donde viven las historias. Descúbrelo ahora