Zawgyi
အခန်း(၂)
The Man Of Her Dreams
သူမကို ပုတ်လိုက်တာ ဘယ်သူဆိုတာ မြင်ရတော့မှ ဟော်မြန့် သက်ပြင်းချမိတော့သည်။
“လင်းလင်း၊ နင် ငါ့ကို လန့်ပြီးသေအောင် လုပ်နေတာလား“
“ဟေး….နင်ငါ့ကို တံခါးနားမှာ အရင်စောင့်နေပြီးမှ အတူတူဝင်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ နင် အရင် ဝင်ပြေးလာတယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး။ “
လင်းလင်းက ပြောရင်း ထိုင်ခုံတစ်လုံးကို ဆွဲလိုက်ကာ ဟော်မြန့် ရဲ့ ဘေးနား မှာ ဝင်ထိုင်သည်။
“ငါ နင့်ကို စောင့်နေမလို့ပဲ။ ဒါပေမဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ကို အဝင်ဝမှာတွေ့ခဲ့တာ။ သူကပြောတယ်။ အကုန်လုံးက အပေါ်ထပ်မှာတဲ့။ ဒီတော့ ငါလည်း တက်လာခဲ့တာ။“ ပြောရင်း ဟော်မြန့်က သိမ်မွေ့စွာ ပြုံးနေလေသည်။
သူမကို နှုတ်ဆက်လိုက်တဲ့ ဒီတစ်ယောက်က “ကျူလင်းလင်း“ ဖြစ်ပြီး သူမရဲ့ အထက်တန်းတုန်း ကတည်းက အရင်းနှီးဆုံး သူငယ်ချင်းကောင်း၊ သူမက အခု အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တစ်ခုမှာ လေယာဉ်မယ် လုပ်နေသည်။ သူမသည်လည်း လှပသော မိန်းကလေး တစ်ယောက်ဖြစ်ပြီး၊ ဟော်မြန့်ရဲ့ တစ်ဦးတည်းသော ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်သည်။ ဟော်မြန့်လိုပဲ နူးညံ့ဖော်ရွေသူ တစ်ယောက်ပင်။
“လင်းလင်း၊ နင် ဒီတလော အလုပ်များနေတယ်ထင်တယ်။“
“ငါ အလုပ်မများပဲ နေမလား။ အရမ်းကို အလုပ်ရှုပ်နေတာ။ ငါတို့ ဒီနေ့ “ရှင်း“မြို့ကို ပျံသန်းဖို့ ရှိတယ်။ ဒါပေမဲ့ ငါ တို့တွေရဲ့ တွေ့ဆုံပွဲကို လက်မလွှတ်ချင်လို့ ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ငါနဲ့ တာဝန်လွှဲဖို့ ပြောလာတာ။ အိုး…ဟေး.. မင်းရဲ့ ဆရာဝန်လေးက ဘယ်မှာလဲ။ သူ့ပါ ခေါ်မလာဘူးလား။“
“သူ့မှာ ဒီနေ့ ခွဲစိတ်ဖို့ ရှိနေတယ်။ ဒီတော့ သူလိုက်မလာနိုင်ဘူး။“
“မဆိုးပါဘူး။ မဆိုးပါဘူး။ ငါ သူ့ရဲ့ တောက်ပပြီး ကတိတည်လောက်မဲ့ အလားအလာတွေကို မြင်နေရပါတယ်။ ဒါနဲ့ စကားမစပ်၊ မင်းတို့ရဲ့ အိမ်ရော ဘယ်လိုလဲ။ ရှာနေတုန်းလား။“
YOU ARE READING
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...