42+43+44(z+u)

1.8K 173 3
                                    

အခန်း (၄၂)

THE END

“အိုး.. အထဲဝင်လေ။ ကျမကို အချိန်ခဏလောက်ပေး၊ ကျမ မျက်နှာသစ်လိုက်ဦးမယ်“ ဟော်မြန့်က တံခါးဖွင့်ပေးပြီး နဉ်ကျစ်ယွမ်ကို အထဲဝင်စေလိုက်၏။

အိမ်ထဲကို ဝင်လာပြီး သူက သည်အိမ်ခန်းလေးထဲ ဖြည်းညှင်းစွာ ဝေ့ဝိုက်ကြည့်မိတော့ သူ့ရင်ထဲမှာ စိတ်ခံစားချက်များ ရှုပ်ထွေးစွာ ဖြစ်ပေါ်လာလေသည်။

ဟော်မြန့်နဲ့ အတူ သည်အိမ်လေးကို ပြောင်းရွှေ့လာခဲ့တုန်းက သူ ဘယ်လောက် စိတ်လှုပ်ရှားခဲ့လဲဆိုတာကို ပြန်သတိရနေတုန်း ဖြစ်သည်။ သူတို့ တစ်ခန်းစီ ခွဲအိပ်ကြတယ် ဆိုတာတောင်မှ နေထွက်ချိန်မှ နေဝင်ချိန်ထိ သူတို့ အတူရှိနေကြတယ်ဆိုတဲ့ အချက်လေးကတင် သူ့ကို ပျော်ရွှင်စေခဲ့တာ ဖြစ်သည်။ သူမရဲ့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲက အဖြစ်အပျက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီအချိန်ဆို သူတို့ လက်ထပ်ပြီး ဖြစ်နေပေတော့မည်။

နဉ်ကျစ်ယွမ် ဟော်မြန့်ရဲ့ ရည်းစားဟောင်းကို တကယ်ကို မုန်းတီးမိသည်။ သူတို့ ပြတ်စဲခဲ့တာ နှစ်အများကြီး ကြာနေပြီကို ဘာကြောင့် အခုမှ ပြန်ပြေးလာပြီး သူတို့ကြားမှာ လာနှောက်ယှက်ရတာလဲ။

သူက ချမ်းသာတာကြောင့်ဆိုရင်လည်း ဘာလို့ တခြားမိန်းကလေးတစ်ယောက် ကို မရှာတာလဲ။ ဘာလို့ ဟော်မြန့်နားမှာပဲ ကပ်တွယ်နေတာလဲ။

ဟော်မြန့်က အဝတ်လဲပြီး ရေချိုးခန်းထဲမှာ မျက်နှာသွားသစ်လိုက်၏။ သူမ ပြန်ထွက်လာတော့ နဉ်ကျစ်ယွမ်ကို သတင်းစာဖတ်ရင်း ဆိုဖာခုံပေါ် ထိုင်နေတာ တွေ့လိုက်ရ၏။

“ရှင် က ကျမကို ဘာလို့ တွေ့ချင်ရတာလဲ“ သူမရဲ့ ဆံပင်တွေကို အခြောက်ခံရင်း ဟော်မြန့်က အခန်းထဲ ဝင်လာလိုက်၏။

“မနေ့က ကိုယ့်ကို အာမခံထုတ်ပေးခဲ့လို့ ကျေးဇူးတင်မလို့“ နဉ်ကျစ်ယွမ်က ရှက်ရွံ့ရွံပုံဖြင့် ပြောလိုက်သည်။

ဟော်မြန့်က သူပြောချင်သည့်အကြောင်းကို သိပြီး ဖြစ်နေသည်မို့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်၏။ “ ကိစ္စမရှိပါဘူးလေ“

အချစ်စတင်ခဲ့ရာ (volume one)Onde histórias criam vida. Descubra agora