အခန်း (၈၄)
SCHEME
ဟော်မြန့် ခေါင်းသာ ညိတ်ပြလိုက်မိသည်။
ဟော်စစ်ချန် က ပြုံးလျက် ” ကြည့်ပါလား၊ ကျတော့ညီမလေး မြန့်က အားအကိုးရဆုံးပဲ။ တကယ် အရင်းစစ်ကြည့်တဲ့အချိန်မှာ လူတစ်ယောက်က အားကိုးရမရဆိုတာ ထွက်ပေါ်လာတာပဲ။“
“အစ်ကိုကြီး၊ ဘာပြောဖို့ ကြိုးစားနေတာလဲ။ ညီမလေးက မလုပ်ချင်လို့ မဟုတ်ဘူး၊ နေသိပ်မကောင်းလို့ မလုပ်တာ ..“ ဟော်ယန်ယန် က ဖြေရှင်းချက်ပေးဖို့ ကြိုးစားလိုက်သည်။
“ ရပါတယ်။ ပြောမနေကြပါနဲ့တော့။ ဒီအတိုင်းပဲ လုပ်လိုက်ကြတာပေါ့။“ ဟော်ကျန်းဟိုင်က ဟော်မြန့်ကို စိတ်ရှုပ်သော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
-ည ၉နာရီ-
ဟော်မြန့်က ပူဆွေးခန်းမထဲမှာ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ များပြားလှသော ပန်းခြင်း၊ပန်းခွေများ က သူမအဖွားလဲလျောင်းနေသည့် ခေါင်းတလား ဘေးဘက်ဆီမှာ ချထားသည်။ သူမကို ပြောခဲ့တာက ဈာပနအခမ်းအနားက မနက်ဖြန်လုပ်မှာ ဖြစ်တာကြောင့် သူမက ဒီညကို နေပေးရမှာ ဖြစ်သည် ဟူ၍။
ဟော်မြန့် က ဆေးသိပံကျောင်းဆင်းဖြစ်ပြီး၊ ဆေးရုံမှာ အလုပ်လုပ်ခဲ့တာလည်း ကြာနေပြီမို့၊ လူသေအလောင်းနား ရှိနေရတာက ယဉ်ပါးနေပြီ ဖြစ်သည်။ ဒါ့အပြင် ဒါက သူမရဲ့ ဆွေမျိုးလည်းဖြစ်နေတာမို့ သူမကို နည်းနည်းမှ မကြောက်လန့်စေပါ။
ဟော်ယန်ယန်က က ကြက်ပေါက်လေးတစ်ကောင်လိုသာ… ဒီမိသားစုမှာ တကယ့်ကို အားမကိုးရတဲ့သူပေ။
သူမက ခေါင်းနည်းနည်း ညွှတ်ပြီး အမွှေးစက္ကူတွေကို မီးရှို့ဖို့ လုပ်လိုက်သည်။ ရုတ်တရက်၊ သူမနောက်မှ ခြေသံများကို ကြားလိုက်ရသည်။
“ မင်း…. ဒီည စောင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။“ အသက်ကြီးကြီးနဲ့ ၊ ခန့်ငြားတဲ့ အသံပိုင်ရှင်က ဟော်ကျန်းဟိုင် ပင် ဖြစ်သည်။
“ ကျမ လုပ်သင့်တာကို လုပ်ခဲ့တာပါ“ ဟော်မြန့်က ခေါင်းတောင် လှည့်မကြည့်ဘဲ ခံစားချက်မပါတဲ့ အသံဖြင့် ပြန်ဖြေပေးလိုက်သည်။
VOUS LISEZ
အချစ်စတင်ခဲ့ရာ (volume one)
Roman d'amourအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...