54+55+56(z+u)

1.7K 169 0
                                    

အခန်း (၅၄)

GETTING THE MARRIAGE CERTIFICATE

“ ကျမကို ရှင်နဲ့ အိပ်စေချင်တာဆိုရင်လဲ ဘာလို့ လက်ထပ်ပြီး ဒုက္ခရှာနေမလဲ။ ရှင် ကျမနဲ့ ဘယ်နှစ်ကြိမ် အိပ်ချင်တာလဲ ဆိုတာသာ ပြောလိုက်ပါ။“ ဟော်မြန့်က အေးစက်စက် နှာခေါင်းရှုံလိုက်သည်၊ သူသည်လည်း ဝေ့တုန်းလိုမျိုးပဲ အခွင့်အရေးသမားပဲလို့ တွေးလိုက်မိသည်။ သူမ သူ့ကို အထင်အမြင်သေးလာမိသည်။

“ မင်း မှားနေပြီ။ ကိုယ်မင်းနဲ့ အိပ်ချင်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဇနီးနဲ့ အတူ အိပ်ခွင့်ရချင်တာပါ။ ညစ်ညမ်းတဲ့ဟာမျိုး မဟုတ်ပါဘူး“

ဟော်မြန့် က သူ့စကားတွေကို ကြားတော့ ခတ္တမျှ တိတ်ဆိတ်သွားတော့သည်။

“မင်း ပြန်သွားပြီး ပြန်မဖြေခင် စဉ်းစားလိုက်ပါဦး“

“ကျမ စဉ်းစားဖို့ မလိုဘူး။ ရှင်ပြောတာ သဘောတူတယ်။ ကျေးဇူးပြုပြီး ကျမမောင်လေးရဲ့ ခွဲစိတ်မှုကိုသာ ချက်ချင်းလုပ်ပေးပါ။“ ဟော်မြန့် တုံ့ဆိုင်းမနေတော့။

“အိုကေ။ ဒါဆို အခုပဲ သွားကြတာပေါ့။ ကိုယ်တို့ မြို့တော်စီမံခန့်ခွဲရေး ဗြူရိုကို ဖြတ်သွားတဲ့အချိန်ကျရင် အဲ့မှာ လက်ထပ်ကြတာပေါ့။“

“ဒီနေ့..“ ဟော်မြန့် အံ့သြသွားမိသည်။

“ ဟုတ်တယ်လေ။ မင်းက ဘယ်အချိန်လို့ တွေးထားလို့လဲ“ ချင်းချူက သူမကို လေးနက်တဲ့ အမူအရာဖြင့် ကြည့်နေလေ၏။

ဟော်မြန့် ရှော့ခ်ရသွားတာက - သည်နေ့က လက်ထပ်ဖို့ ကောင်းတဲ့နေ့လို့တော့ သူမ မထင်မိတာကြောင့်..

“ ရှင်က ကျမ ကတိဖျက်မှာ စိတ်ပူနေတာလား၊ ရှင် ကျမကို မယုံဘူးလား“ ဟော်မြန့်က ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

ချင်းချူက သူမကို မယုံကြည် - ခွဲစိတ်ပြီးမှဆိုလျင် သူမ သူ့ကို လက်ထပ်လိမ့်မည်မဟုတ်ဟု သံသယရှိနေတာဖြစ်မည်ဟု သူမ ထင်နေမိသည်။ သို့ပေမဲ့ သူမ သေချာမသိတာက သည်နေ့ကို ချင်းချူ စောင့်ဆိုင်းနေခဲ့တာ ကြာလှပြီ ဆိုတာကိုပင်။

“ မဟုတ်ဘူး၊ ကိုယ်တွေးတာက ဒီနေ့မှာ ကောင်းတဲ့နေ့ဖြစ်လိမ့်မယ်လို့။ လာပါ။ ကိုယ်တို့ ဆေးရုံမှာ ခွဲစိတ်ဖို့အချိန်လည်း လိုသေးတယ်လေ။“

အချစ်စတင်ခဲ့ရာ (volume one)Donde viven las historias. Descúbrelo ahora