80+81+83+83(z+u)

1.7K 158 0
                                    

အခန်း (၈၀)

AFTERNOON TEA

“ ကျမ ဆေးရုံမှာပဲလေ“

“ ကိုယ် အပြင်မှာ ရောက်နေတယ်။ မင်း အပြင်ထွက်လာလို့ ရလား“

“ တခုခု လိုလို့လား“ ဟော်မြန့်ရဲ့ လေသံက အကွာအဝေးတစ်ခု စည်းတားနေသလို… ။ သူမစိတ်တွင်းမှာ ပဋိပက္ခတွေ ဖြစ်နေရသည်၊ သူမ ချင်းချူနဲ့ တဖြည်းဖြည်းနီးစပ်လာနေတာကို မလိုချင်မိပေမဲ့၊ သူတို့က တစ်မိုးအောက်တည်းမှာ အတူ ရှိနေတာကြောင့် သူမမှာ ရွေးချယ်စရာ လည်း မရှိပေ။

“ အင်း “ ချင်းချူက အတည်ပေါက်ဖြင့်ပြော၏။

ဟော်မြန့် သူမရဲ့နာရီကို ကြည့်မိတော့၊ သူမ အလုပ်ပြန်ဝင်ရဖို့ မိနစ် နှစ်ဆယ်လိုနေသေးသည်။ အချိန်ရှိနေသေးတာပဲ။ ထို့ကြောင့် သူမ ထရပ်ပြီး ဆေးရုံ ဝင်ပေါက်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။

သူမ အပြင်ရောက်တော့ ချင်းချူက သူနဲ့ မလိုက်ဖက်သော Volkswagen CC ကို မှီနေလျက်သား..

ဟော်မြန့်က ခေတ္တတုံ့ဆိုင်းနေမိပြီးမှ ဆက်လျှောက်သွားလိုက်မိသည်။

ချင်းချူက ပလတ်စတစ်အိတ်တစ်ခုကို ကမ်းပေးလာ၏။

“ရော့“

“ ဘာတွေလဲ“ ဟော်မြန့်က နည်းနည်းစိတ်ပူစွာ မေးလိုက်မိသည်။

“ နေ့လည်စာ လက်ဖက်ရည်“

“ ကျေးဇူးပဲ“ ဟော်မြန့်က အိတ်ကို လှမ်းယူရင်း ပြောလိုက်သည်။

“ ရှင် ဘာလိုလို့လဲ ၊ မြန်မြန်လေးပြော၊ ကျမ မကြာခင် အလုပ်ထဲ ပြန်သွားရမယ်“ ဟော်မြန့် မေးလိုက်သည်။ သည်လို အချိန်မှာ ဆေးရုံကို သီးသန့်မောင်းလာခဲ့တာဆိုတာ သူမ မသိပေ။

“ ကိုယ်က မင်းကို နေ့လည်စာ လက်ဖက်ရည် ပေးချင်တာပါ“

“ … “ ဟော်မြန့် ပြောစရာ စကားမရှိ ဖြစ်ရလျက်…

ဒါပဲလား။ သူပြောတုန်းက အတည်ကြီးနဲ့ ၊ သူ့မှာ အရေးတကြီး ပြောစရာ ရှိနေသလိုမျိုး ဟု သူမ ထင်ခဲ့တာ။

သူမ နည်းနည်းပဲ သိခဲ့တာက ချင်းချူအတွက်တော့ သူမနဲ့ ပတ်သတ်တဲ့အရာအားလုံးကို အရေးကြီးသည် ဆိုတာကိုပင်..

အချစ်စတင်ခဲ့ရာ (volume one)Tempat cerita menjadi hidup. Temukan sekarang