60+61+62+63(z+u)

1.8K 181 5
                                    

အခန်း (၆၀)

BACKGROUND

ဒါကို ကြားလိုက်တော့ မစ္စတာလော့ ချက်ချင်းပဲ ခပ်ပြုံးပြုံးဖြင့် စာရွက်စာတမ်းတွေကို ရှေ့သို့ တွန်းပို့ပေးလိုက်လေသည်။ “ မစ္စဟော် စိတ်ကျေနပ်ပြီဆိုရင်၊ သီးသန့် ညှိနှိုင်းမှုအတွက် ကျေးဇူးပြုပြီး ဒီစာရွက်တွေမှာ လက်မှတ်ထိုးပေးပါ။ ကျတော့် အမှုသည်ကို မိန်းကလေးရဲ့ ဘဏ်စာရင်းထဲကို ငွေလွှဲပေးခိုင်းလိုက်ပါ့မယ်။“

“ ဒါပေမဲ့ ယွမ်ငွေ ၇ သိန်းက ကျမမောင်လေးရဲ့ ကျန်းမာရေးကို ဝယ်နိုင်ပါ့မလား။ သူ့ရဲ့ ဦးနှောက်က ကုသလို့ရနိုင်တဲ့ အနေအထားထက် ပိုပြီးထိခိုက်ခဲ့တာ၊ သူ့ကို တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားစေနိုင်ခဲ့တာ။“  ဟော်မြန့် က သူမရဲ့ စူးရှတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး အေးစက်စက် မေးခွန်းထုတ်လိုက်သည်။

သူမ လေသံပြောင်းသွားတာကို သတိထားမိတော့ မစ္စတာလော့က နည်းနည်းပြန်ရုတ်လိုက်သည်။။ သူက မျက်မှန်ကို အနေအထားပြင်လိုက်ပြီးမှ “ ကျတော်တို့က ဒီမတော်တဆမှုအတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ကျတော့်အမှုသည်ကလည်း အဲ့ဒီတုန်းက အရက်မူးနေခဲ့တာ၊ ပြီးတော့ သူက ဒီလိုတွေဖြစ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ သူက ဖြစ်ခဲ့ရတဲ့ အခြေအနေတစ်ခုလုံးအတွက် အရမ်းကို တောင်းပန်ချင်နေခဲ့တာပါ။“

“ကျမကတော့ အဲ့လိုမျိုးလို့ မထင်ပါဘူး။ သူက မှုခင်းနေရာကနေ ထွက်ပြေးရုံတင်မကဘူး၊ သည်ထိခိုက်မှုမှာ သူ့မျက်နှာကိုတောင် လာမပြဘူး။ နောက်ဆက်တွဲဖြစ်ရပ်က ပြင်းပြင်းထန်ထန်မဟုတ်ရင် သူက တာဝန်တောင် ယူမှာ မဟုတ်ဘူး“

“ အဲ့လို မဟုတ်ပါဘူး။ ကျတော့်အမှုသည်က သည်လိုဖြစ်တော့ အရမ်းကြောက်လန့်သွားလို့ပါ။ သူက တက္ကသိုလ်ကျောင်းသားလေးပဲ ရှိသေးတာလေ။ ကားတိုက်မှုမှာ သေဆုံးသွားတဲ့ မိန်းကလေးက သူ့ချစ်သူပါ။ ဒီတော့ သူမရဲ့ သေဆုံးမှုကလည်း သူ့ကို အရမ်း စိတ်သောက ရောက်နေစေခဲ့တာပါ။ ဒါကြောင့်လည်း သူ့မိဘတွေက ကျတော့်ကို သူ့ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် ယုံကြည်လွှဲအပ်ပြီး၊ ဒီအခြေအနေကို ကိုင်တွယ်စေခဲ့တာပါ။ မစ္စဟော် တို့တွေ နှစ်ယောက်လုံးက တဲ့တိုးသမားတွေပဲ၊ ကျတော် မိန်းကလေးကို အရိုးသားဆုံး ပြောပါ့မယ်။ တခြား နစ်နာသူ နှစ်ယောက်က တစ်ယောက်ကို လျော်ကြေးအဖြစ် ယွမ် ၅ သိန်း စီပဲ ရကြတာပါ။ သူတို့ထဲက တစ်ယောက်ကဆို ခြေထောက်တစ်ချောင်း ကျိုးသွားပါတယ်။ မိန်းကလေးရဲ့ မောင်လေးကလည်း ခွဲစိတ်မှု အောင်မြင်တယ်လို့ ကျတော် ကြားထားပါတယ်။ ကျတော် နောက်ထပ် အပိုဆောင်းငွေ ၁ သိန်းထပ်ထည့်ပြီး၊ စုစုပေါင်း ၈ သိန်း ဆိုရင်ရော။ မိန်းကလေးက တခြားနှစ်ယောက်ထက် အများကြီးပိုရသွားပြီလေ။ ဒါဆို လုံလောက်ပြီ မဟုတ်လား။“

အချစ်စတင်ခဲ့ရာ (volume one)Nơi câu chuyện tồn tại. Hãy khám phá bây giờ