အခန်း (၂၈)
BETTING ON ONE’S LIFE
“ကဲ အားလုံးပဲ။ ကျတော်ကတော့ ဒီခွဲစိတ်မှုကို ဦးဆောင်မဲ့ ခွဲစိတ်ဆရာဝန်ပါ။ နောက်ပြီး ကျတော်ဒီမှာပဲ အကုန်လုံးနဲ့ ခွဲစိတ်မှုအတွက် အစည်းအဝေးလေး လုပ်လိုက်ပါမယ်။ ကျေးဇူးပြုပြီး သေသေချာချာ ဂရုစိုက် နားထောင်ပေးပါ၊ တစ်ယောက်ချင်းစီရဲ့ တာဝန်ယူရမဲ့ အပိုင်းကို သေချာ နားလည်အောင် လို့ပါ။ ဒီခွဲစိတ်နေစဉ်အတွင်းမှာ ဘယ်လို အမှားအယွင်းမျိုးကိုမှ ကျတော် မလိုချင်ပါဘူး။ သည်ခွဲစိတ်မှုက အလောင်းအစား တစ်ခု ဖြစ်ပါတယ်။ ကျတော်တို့ အားလုံးရဲ့ အသက်တွေကို လောင်းကြေးထပ်ထားတာပါ။ ကျရှုံးဖို့ခွင့်မပြုနိုင်တာမို့၊ အောင်မြင်မှပဲဖြစ်မှာပါ။ နားလည်ကြပါရဲ့လား။“
“နားလည်ပါတယ်။“ တခြားသူအကုန်လုံးက သူ့ကို လေးစားမှုဖြင့် ဆက်ဆံကြသည်။ ဟော်မြန့်တစ်ယောက်သာ ကြောင်အနေပြီး၊ ပြန်လည်တုံ့ပြန်ခြင်းပင် မပြုနိုင်ပေ။
ချင်းချူက သည်အခန်းတွင်း ဝင်လာကတည်းက ဟော်မြန့်ကို တိုက်ရိုက်မကြည့်ပေ။ သူက စာရွက်တစ်ထပ်ကြီးကိုသာ ကောက်ယူလိုက်ပြီး၊ လူနာရဲ့ ခွဲစိတ်မှုမှတ်တမ်းကို ထပ်ကြည့်နေလေသည်။
“အချိန်က အရေးအကြီးဆုံးပဲ။ ဒီတော့ ကျတော့်တို့ အမြန်ဆုံး လုပ်ကြရလိမ့်မယ်။“
( T/N : Oops!!!ဒီစာကြောင်းမှာ ခွဲစိတ်မှုအကြောင်း အသေးစိတ် ရေးထားတာ အပိုဒ်ရှည်ကြီး၊ ကိုယ်လည်း ရေးတတ်တော့ဘူး။)
ချင်းချူ ပြောလို့ပြီးတာနဲ့ တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။
“နားလည်ကြရဲ့လား“ မေးလိုက်တဲ့ အသံက အေးစက်စက်..
“ဟုတ်ကဲ့ပါ“ အကုန် ပြန်ဖြေကြသည်။
“ဒါဆို စကြရအောင်၊“ ပြောပြီးတာနဲ့ ချင်းချူက ဘေးဘက် ခွဲစိတ်ခန်းဆီသို့ ဦးဆောင် လျှောက်သွားလိုက်သည်။
“ဟော်မြန့်၊ အာရုံစိုက်ထားဦးနော်။ ဒေါက်တာချင်း အခုလေးတင်ပြောတာ ကြားတယ်မို့လား။“
“ကျမ ကြားပါတယ်။“ ဆုန် ရဲ့ သတိပေးစကားနဲ့အတူ ဟော်မြန့်သည်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်နေလေသည်။
ŞİMDİ OKUDUĞUN
အချစ်စတင်ခဲ့ရာ (volume one)
Romantizmအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...