အခန်း (၃၃)
CALLING OFF THE WEDDING
စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်ယောက်က WeChat Group ထဲမှာ စာပြန်လာသည်။
“အဲ့ဒါ ပျက်သွားပြီ။ သူတို့ ပြတ်စဲလိုက်ကြပြီတဲ့။ “ ပြန်ဖြေသူက ကျူလင်းလင်း ဖြစ်သည်။
သူမ စာပို့လိုက်တာနဲ့ အခြားသူငယ်ချင်းများက သိချင်စွာမေးမြန်းလာကြသည်။
“ဘာတွေ ဖြစ်သွားတာလဲ“
“ဟုတ်သားပဲ၊ သူတို့ အတူနေဖို့ တိုက်ခန်းတောင် ဝယ်ပြီးပြီလို့တောင် ပြောခဲ့သေးတယ် မဟုတ်လား။ ဘာလို့ သူတို့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာလဲ။“
“သူတို့ တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူး ထင်တာကြောင့် လက်မထပ်ဖြစ်ကြတော့တာ။ မေးခွန်းတွေ အများကြီး မေးမနေကြပါနဲ့တော့။ နင်တို့ကုန်မဲ့ လက်ဖွဲ့ကို သူက ချွေတာ ပေးလိုက်တာပဲပေါ့။ အိုး.. မြန့်အတွက် သင့်တော်မယ့် လူလွတ်ယောက်ျားလေး တစ်ယောက်လောက် မိတ်ဆက်ပေးကြပါဦး။“ ကျူလင်းလင်း က အရွှန်းဖောက်ပြီး ပြန်ဖြေသည်။
ထိုအချိန်တွင် ဝေ့တုန်း က လိုင်းပေါ်တက်လာပြီး မေးလေသည်။
“အဲ့ဒါ တကယ်လား၊ မနောက်နဲ့နော်“
“ဒါပေါ့ဟ၊ တကယ်ပေါ့။ ဒီလို အရေးကြီးတဲ့ ကိစ္စကို ငါက ဘာလို့ နောက်ရမှာလဲ“ ကျူလင်းလင်းက မျက်ဖြူသာ လန်ပြလိုက်သည်။
“ကောင်းတယ်။ နတ်ဖုရားမလေး က လူလွတ် ဖြစ်သွားပြီ၊ အခု ငါလည်း အခွင့်အရေးရပြီ“ ဝေ့တုန်း တစ်ယောက် နောက်နေသလား၊ အတည်ပြောသလား ဘယ်သူမှ မသိပေ။
ထို့နောက် စစ်ရင်းလျို ဆိုတဲ့ မိန်းကလေးက ခပ်ချဉ်ချဉ် ရှိပုံဖြင့်
“ဟုတ်ပြီ၊ နတ်ဖုရားမလေးက အခု လူလွတ် ဖြစ်သွားပြီ။ နင် သူ့ကို ရချင်တာ ဆိုရင် မြန်မြန်လုပ်၊ အခွင့်အရေးကို မလွဲစေနဲ့။ လူချမ်းသာကြီးရဲ့“
ချင်းချူက သူတို့ ပြောနေကြတာတွေကို ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်စွာပဲ ကြည့်နေသည်။
သည်အုပ်စုထဲမှာ ဟော်မြန့်ကလွဲပြီး တခြား ဘယ်သူ့ကို မှ စိတ်မဝင်စားပေ။
KAMU SEDANG MEMBACA
အချစ်စတင်ခဲ့ရာ (volume one)
Romansaအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...