68+69+70+71(z+u)

1.9K 175 0
                                    

အခန်း (၆၈)

CORNERED

ဟော်မြန့်က ပျင်းရိစွာ ခေါင်းမော့ကြည့်လိုက်တော့ ချင်းချူက ဆိုဖာရှည်ပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရသည်။ သူက တော်ဖီရောင် ရှပ်အကျီ နဲ့ ပေါ့ပေါ့ပါးပါး ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ဆီမှာတော့ အကောင်းစားအရေအတွက် ကန့်သတ်ထုတ်တံဆိပ်ဖြစ်သည့် Petek Philippe  diamond နာရီကို ဝတ်ဆင်ထားလေသည်။ သူ့ရဲ့ လက်ချောင်းတွေက လပ်တော့ပ် ခလုတ်တွေဆီမှာ ပြေးလွှားနေလျက်၊  သူ အလုပ်များနေသည်နှင့် တူပါရဲ့။ “အမ်း..“ ဟော်မြန့်က အိပ်ချင်မူးတူးနဲ့ ပြန်ဖြေလိုက်၏။

“ကိုယ် ချက်ထားပြီးပြီ။ အတူ စားကြမယ်လေ“

သူက ဟော်မြန့် ပြန်ဖြေတာကိုတောင် စောင့်မနေတော့ဘဲ သူ့လပ်တော့ပ်ကို ချထားလိုက်ပြီး မီးဖိုဆောင်ဆီသို့ သွားလိုက်လေသည်။ ထို့နောက် သူက နှစ်ယောက်စာ ပေါင်မုန့်မီးကင်၊ ဝက်ပေါင်ခြောက်နှင့် ကော်ဖီပူပူတို့ကို သယ်ယူလာလိုက်သည်။

ဟော်မြန့်က သူမ ဗိုက်မဆာပါဘူးဟု ပြောမည် ပြုသော်လည်း၊ သူမ နှုတ်ကို ဖွင့်လိုက်ချိန်တွင် အစာအိမ်က သူမကို ဆန့်ကျင်စွာ အသံမြည်လာလေသည်။

သူမရဲ့ ဆာလောင်မှုကြောင့်လား၊ တခြားအကြောင်းကြောင့်လား မသိပေမဲ့ စားရတာ အရသာ ရှိလှသည်။ ပျားရည်နှင့် ထောပတ် သုတ်လိမ်းထားသည့် ပေါင်မုန့်မီးကင်က အရမ်းချိုနေလေသည်။

သူလုပ်ပေးထားတာတွေကို ဟော်မြန့် တိတ်ဆိတ်စွာ စားသောက်နေသည်ကို ကြည့်နေမိပြီးတော့ ချင်းချူရဲ့အကြည့်တွေက ထူးခြားစွာ နူးညံ့လာလေတော့သည်။

ထိုအခိုက် ချင်းချူရဲ့ ဖုန်းက မြည်လာ၏… ။ သူက ကော်ဖီခွက်ကို ချထားလိုက်ပြီး၊ ဖုန်ပြန်ဖြေလိုက်၏။

“ဟယ်လို“

“ သား၊ ဘာလို့ ရုတ်တရက်ကြီး အပြင်မှာ ပြောင်းနေရတာလဲ။“ မစ္စက်ချင်းက သည်အခြေအနေကို အလေးအနက်ထားနေသည့်ပုံ ပေါ်နေ၏။

“ ကျတော် အလုပ်များနေလို့ အမြဲတမ်း အချိန်ပိုဆင်းနေရတယ်။ ကျတော် သွားလိုက်၊ ပြန်လိုက် လုပ်နေဖို့ အဆင်မပြေတော့ဘူး။“

အချစ်စတင်ခဲ့ရာ (volume one)Opowieści tętniące życiem. Odkryj je teraz