72+73+74+75(z+u)

1.7K 166 2
                                    

အခန်း (၇၂)

OPINION

ထိုခဏတွင် ဟော်မြန့် သည်မေးခွန်းကို ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပေ။

“အင်း…. အစ်မ သူ့ကို သိပ်မသိပါဘူး“ နောက်ထပ် ဆက်မရှုပ်နေချင်တာကြောင့် သူမက ဝေဝေဝါးဝါးသာ ပြောလိုက်၏။ ဒါကို ကြားတော့ ကျန်တဲ့ သူနာပြု သုံးယောက်က နည်းနည်းတော့ စိတ်ပျက်သွားပုံ ရလေသည်။

မီးယပ် သားဖွားဌာနမှာ အလုပ်နည်းနည်းပါးချိန်တွင် ဟော်မြန့် သူ့မောင်လေးကို ကြည့်ရန် VIP အခန်းဆီသို့ သွားလိုက်၏။

သူမ တံခါးဝရောက်တော့ အရင်နေ့ကတွေ့ခဲ့သည့် လူနာ မိသားစုဝင်က သူမဆီလာနေတာ တွေ့လိုက်သည်။ သူက ကားဆင့်တိုက်မှု ဖြစ်စဉ်ထဲမှ နစ်နာသူ တစ်ယောက်ရဲ့ မိခင်ပင် ဖြစ်သည်။ သူက သက်လတ်ပိုင်းအရွယ်ရှိပြီး အနီရောင် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။

“ဟေး… ခဏလောက်စောင့်ပါဦး“

“ဘာများပါလိမ့်“ ဟော်မြန့် လှည့်ကြည့်မိသည်။

“ အစ်မကြားထားတာ ညီမက ညှိနှိုင်းလျော်ကြေးငွေကို လက်မခံလိုက်ဘူးဆို။ ဟုတ်လား“

“ဟုတ်ပါတယ်“

“ သူတို့ပေးတဲ့ငွေက နည်းလို့လား။ သူတို့ ညီမကို ဘယ်လောက်ပေးလို့လဲ။“ ထို သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးရဲ့ မျက်လုံးများက ဥာဏ်ပြေးခြင်းကို ဖော်ပြနေ၏။ သူမက ဟော်မြန့်နား ချဉ်းကပ်ပြီး သတင်းနှိုက်ယူကာ သူမအတွက် အကျိုးအမြတ်ရအောင် ကြိုးစားနေဟန်တူ၏။ သို့ပေမဲ့ ဟော်မြန့်ကလည်း နလပိန်းတုံးတော့ မဟုတ်ဘူးလေ။

“မဟုတ်ပါဘူး။ ကျမ လျော်ကြေးကို လက်ခံတာပါ“

“လျော်ကြေးလက်မခံတာ…. ?  ဘာလို့လဲ။ သူတို့နဲ့ ညှိသင့်တယ် မဟုတ်လား။ အစ်မပြောပြမယ်။ ညီမ ဒီအခွင့်အရေးကို ယူပြီး သူတို့ဆီက ပိုတောင်းသင့်တယ်။ အစ်မကြားထားတာ ညီမမောင်လေးက ခေါင်းအတွင်းပိုင်းမှာ ထိခိုက်သွားတာဆို။  ညီမ အဲ့ဒါကို ချဲ့ကားပြောလိုက်၊ သူက အမြဲတမ်း ဒီလိုခံစားသွားရတော့မယ်လို့ ပြော။ ဒါမှမဟုတ်ရင် သူက သူ့ကိုယ်သူ စောင့်ရှောက်နိုင်မှာ မဟုတ်တော့ဘူးလို့ပြော။  သူတို့က ညီမကို ပို ပေးလာမှာပဲလေ။“ အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး ထပ်ပြောလိုက်သေး၏။

အချစ်စတင်ခဲ့ရာ (volume one)Where stories live. Discover now