အခန်း (၅၁)
COURTING DEATH
“မစ္စတာချင်း … ကျတော်တို့ ဒီအစည်းအဝေးက ဆက်လုပ်ရမှာလား“ ကိုယ်စားလှယ်က သတိကြီးစွာထားပြီး မေးလာ၏။ ချင်းချူက စကားပြန်မဖြေဘဲ စားပွဲပေါ်က သူ့ဖုန်းကိုသာ ကောက်ယူလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။
လက်ထောက်ယန် ကတော့ အကြီးအကဲများကို လက်ဝှေ့ယမ်းပြီး ထွက်သွားရန် အမူအယာသာ ပြလိုက်တော့၏။ သူတို့ရဲ့သူဌေးက စိတ်မကြည်နေချိန်မှာ သည်အစည်းအဝေးကို ဘယ်လိုဆက်လုပ်နိုင်ပါ့မလဲ။
ချင်းချူ သူ့ရုံးခန်းထဲ ပြန်ဝင်လာပြီးတော့ သူ့ရဲ့ဂျာကင်ကို ချွတ်ပစ်လိုက်ပြီး ဆိုဖာပေါ် ပစ်တင်လိုက်သည်။ ရုံးခန်းထဲက လေထုကတော့ တင်းမာသော အခြေအနေကို ဦးတည်နေလေပြီး ယန် တစ်ယောက် စကားပြောရမှာတောင် လန့်နေမိလေပြီ။
“ Triumph Steel Works နဲ့ လုပ်မယ့် စီမံကိန်းတွေ အကုန်လုံး ဖျက်ပစ်ဖို့ အမိန့်ထုတ်ပြန်လိုက်တော့။ ငါတို့ရဲ့ မိတ်ဖက်တွေနဲ့ ဖောက်သည်တွေကိုလည်း Triumph Steel Works နဲ့ ဘယ်လို ဆက်စပ်မှုမျိုးပဲရှိရှိ GK က ပူးပေါင်းတော့မှာ မဟုတ်ဘူး ဆိုတာကို သတိပေးလိုက်“
“မစ္စတာချင်း .. အခုပြောလိုက်တာ .. Triumph Steel Works ဟုတ်လား.. ကျတော် သေချာအောင် မေးတာပါ“
ဥက္ကဌရဲ့ လက်ထောက် လုပ်နေစဉ်အတောအတွင်းမှာ သူ့သူဌေးရဲ့ သည်လို ပြင်းထန်တဲ့ အမိန့်မျိုး ထုတ်ပြန်တာက ဒါ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ဒီတော့ သူဘယ်လိုလုပ် သည်ကိစ္စကို အလေးမထားဘဲ နေရဲမှာလဲ။ သူ မှတ်မိသလောက်တော့ Triumph Steel Works က ပြည်တွင်းဆောက်လုပ်ရေးကုမဏီ အသေးလေးပါပဲ။
GK ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှုကုမဏီတောင် သူတို့နဲ့ ပူးပေါင်းထားတာတွေ ရှိနေသေးသည်။ ဒါပေမဲ့ သည် ထရမ့်လုပ်ငန်းစုက တို့သူဌေးကို ဘာတွေများ အမှားလုပ်ထားလို့ပါလိမ့်။ ဖြစ်နိုင်တာက မိန်းမတချို့ကြောင့်များလား။ ဒါမှမဟုတ် မနာလိုမှု တစ်ခုခုကြောင့်များလား။ ဘာကများ တို့သူဌေးကို သည်လောက် စိတ်တိုစေရတာပါလိမ့်။
“ ကြည့်ရတာ မင်းက အခု ငါ့လက်ထောက်အဖြစ်က အဆုံးသတ်ရတော့မယ်ထင်တယ်။“ ချင်းချူက အေးစက်စက်ပြောလာ၏။
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...