19+20+21(z+u)

2.1K 192 0
                                    

အခန်း (၁၉)

MOVING OUT

“ကိုယ်လည်း ဒီလိုတွေ ပြောင်းလဲသွားတာ တကယ် မသိခဲ့ဘူး။“

“ချင်းချူ.. ကျမ သွားပါရစေ။ ကျမ အတည်ပြောတာပါ။ ဒီ ၇ နှစ်မှာ ရှင်မရှိဘဲလည်း ကျမ ကောင်းကောင်း နေခဲ့တာပဲလေ။ အခု ရှင်ပြန်လာတာနဲ့ ပထမဆုံး လုပ်တာက ကျမမိသားစုတွေကို နှောက်ယှက်တာတဲ့လား။ ရှင်သိလား.. ကျမ ရှင်နဲ့ လက်တွဲခဲ့မိတာက ကျမ နောင်တရနေတယ်ဆိုတာ။ ကျမ ပိုကောင်းတဲ့ ချမ်းသာတဲ့မိသားစုက တစ်ယောက်ယောက်နဲ့ လက်တွဲခဲ့သင့်တာ။ ကျမတို့ရဲ့ အချစ်ရေး ကြောင့်သာ မဟုတ်ရင် ကျမ ပထွေးကလည်း အသက်ရှင်လျက် ရှိနေဦးမှာ။ ကျမ အမေကလည်း ကျမကို မုန်းနေမှာ မဟုတ်ဘူး။  ၇ နှစ်ကြာပြီးတာတောင် အမေက ကျမကို ခွင့်မလွှတ်နိုင်သေးဘူး။ အခု ကျမ သာမန်ဘဝနဲ့ နေထိုင်နိုင်ဖို့ ကျမဘာသာ နေခွင့်ပေးပါတော့။“

“မင်း တကယ် အဲ့လို ဖြစ်ချင်တာလား“ ချင်းချူရဲ့ ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ ဟော်မြန့်ကို မေးခွန်းထုတ်လိုက်ပါ၏။

ဟော်မြန့် သူမ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားမိပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောသည်။

“ဟုတ်တယ်။ ကျမ အဲ့လို ဖြစ်ချင်တာ။ ကျမ မကြာခင် နဉ်ကျစ်ယွမ်ကို လက်ထပ်တော့မှာ။ ကျမတို့ အတူရှိနေခဲ့တာ သုံးနှစ်ရှိပြီ။ ကျမတို့ အချင်းချင်းလည်း သင့်မြတ်ကျတယ်။ အတိတ်တွေကို ထားခဲ့လိုက်ပါတော့။

ဟော်မြန့်ရဲ့ ပြောစကားများကို ကြားရပြီးနောက် ချင်းချူ နောက်ထပ် ဘာစကားမှ ထပ်မပြောထွက်နိုင်ဘဲ ရှိနေ၏။

“ဘာပဲဖြစ်ဖြစ်၊ ကျမ ရှင့်ကို ဘယ်တော့မှ ထပ်တွေ့တော့မှာ မဟုတ်ဘူး။ ထပ်တွေ့စရာ အကြောင်းလည်း မရှိတော့ဘူးလေ။ ရှင် ကျမ မိသားစုကို ထပ်ပြီး ဒုက္ခရောက်စေမယ်ဆိုရင်တော့ ကျမ ရဲကို တိုင်ရလိမ့်မယ်။ အဲ့ဒါပဲ။“ ဟော်မြန့် ရဲ့ ပြောစကား ပြီးဆုံးတာနဲ့ သူမအိတ်ထဲက ယွမ်တစ်ရာ ကို ထုတ်ယူ၍ စားပွဲပေါ်တင်ထားခဲ့ကာ ထွက်ခွာလာခဲ့တော့သည်။

သူမရဲ့ ပုံစံက လွန်ခ့တဲ့ ၇ နှစ်ကနဲ့ အတူတူပင် ဖြစ်သည်။ သူမ အမြဲတမ်း ပြတ်သားသူဖြစ်ပြီး ဘယ်တုန်းကမှ တုံ့ဆိုင်းတွေဝေတယ် ဆိုတာမျိုး မရှိခဲ့ပေ။

အချစ်စတင်ခဲ့ရာ (volume one)Tahanan ng mga kuwento. Tumuklas ngayon