39+40+41(z+u)

1.8K 173 4
                                    

အခန်း (၃၉)

FRAMED?

“အိုကေ။ လာပါခင်ဗျ၊ ဒီမှာ ဒီစာရွက်လေး ဖြည့်ပေးပါ။“ ရဲတစ်ယောက်က ဟော်မြန့်ကို ဦးဆောင် ခေါ်သွားသည်။

ချင်းချူကတော့ နှုတ်ဆိတ်နေသည်။ သူဘာတွေးနေသလဲဆိုတာတော့ ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ပေ။

“အရမ်းကို ရူးနှမ်းတာပဲ မဟုတ်လား..ဟင်.. ငါ ဒါကို တိုက်ဆိုင်လိုက်တာလို့တောင် မတွေးမိဘူး။ ဒါပေမဲ့ ဘယ်သူထင်မလဲ။ ဟော်မြန့်ရဲ့ ရည်းစားက ဖောက်သည်အဖြစ်နဲ့ သည်လို အဖမ်းခံလာရမယ်ဆိုတာ“

“သူတို့ လမ်းခွဲကြပြီးသားပါ“ ချင်းချူက တည်တည်ငြိမ်ငြိမ်ပဲ ပြောလာ၏။

“ဟား… မင်း ဘယ်လိုလုပ် သိနေတာလဲ။ မင်းရဲ့ သတင်းက နောက်ဆုံးပေါ်ပါလားကွ။“ ကောင်းရန်က ရယ်မောရင်း ပြောနေလေ၏။

ချင်းချူ နှုတ်ဆိတ်နေပေမဲ့ သူ့ရဲ့ မျက်လုံးအစုံကတော့ ဟော်မြန့်ထံမှ မခွာ..

ဟော်မြန့်က ယွမ် ၂၀၀၀ ကို အာမခံကြေးအဖြစ်ပေးချေပြီးနောက် … သူမ သက်ပြင်းချလိုက်မိသည်။

သူမရဲ့ အပိုဆုကြေးထဲက နောက်ဆုံးကျန်တဲ့ ယွမ် ၂၀၀၀ ကတော့ သွားရှာပြီ။ ကံကောင်းတာက သူမမှာ နောက်ရက်နည်းနည်းအတွက် ငွေပေးချေပြီးသားတွေ ရှိနေသေးလို့၊ ဒါမှ မဟုတ်ရင်တော့ သူမ အသက်ရှင်နိုင်လိမ့်မည် မထင်ပေ။

သူမ ငွေပေးချေပြီးတော့ အကျဉ်းခန်းဘက် သွားကြည့်လိုက်သည်။ နဉ်ကျစ်ယွမ်က အရက်မူးနေဆဲ ဖြစ်ပြီး ၊ မှိန်းနေလေသည်။ သူ့ရဲ့ အကျီမှာလည်း အနီရောင် နှုတ်ခမ်းနီများ ထင်ကျန်နေသေး၏။

သူနဲ့ ဟယ်မန်တို့ရဲ့ စတင် လက်တွဲကြသည် ဆိုခြင်းက သူမကို နာကျင်စေရန် ဆိုသည်ကို နားလည်လိုက်သည်။

သို့ပေမဲ့ နဉ်ကျစ်ယွမ်က တည်းခိုဆောင်မှာ၊ ဒါက သူ့ကို လူကြီးလူကောင်း ပုံစံနဲ့ပဲ အမြဲ မြင်တွေ့နေရတဲ့ သူမအတွက်တော့ လုံးဝ မမျှော်လင့်ထားတာပဲ ဖြစ်သည်။

“ ခင်ဗျား သူ့ကို အိမ်ကို ခေါ်သွားလို့ ရပါပြီ။ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်စမ်းပါဗျာ။ ဒီလောက်လှတဲ့ ချစ်သူ ရှိနေလျက်နဲ့ ဘာကြောင့်များ ဒီလို နေရာတွေကို သွားရတာလဲ။ သူ ခင်ဗျားဆီက ခွင့်ပြုချက်တောင်းသင့်တယ်။“ ရဲက မရပ်မနား ပြောဆိုနေလေသည်။

အချစ်စတင်ခဲ့ရာ (volume one)Tempat cerita menjadi hidup. Temukan sekarang