အခန်း (၁၆)
DIFFICULT SUBJECT
“ကျတော် အားကစား ကလပ်မှာ ရှိနေတုန်း အိမ်နားက မစ္စက်ဝူဆီက ဖုန်းဝင်လာတာ။ သူပြောတာ ကျတော်တို့ အမေ သူတို့စတိုးဆိုင်ရှေ့မှာ လဲကျသွားသွားလို့တဲ့။ ကျတော် ဆရာမကို ပြောပြီး လာခဲ့တာ။ ပြီးတော့ လူနာတင်ကားခေါ်ပြီး၊ ဒီကို လာခဲ့တာပဲ။
“မေမေက အမြဲတမ်းတော့ ကျန်းမာရေးကောင်းနေတာပဲ။ ဘယ်လိုများ ဖြစ်တာလဲ။“ ဟော်မြန့် စိတ်ပူပြီး ပြောနေမိသည်။
ထိုအချိန်မှာ တံခါးပွင့်လာပြီး ဆရာဝန်တစ်ယောက် ဝင်လာသည်။
“ယန်မေ့ရုန်ရဲ့ မိသားစုဝင်တွေလား၊ အပြင်ကို ခဏလောက် ထွက်ခဲ့ပေးပါ။“
“ကျမပါ“ ဟော်မြန့် က ဆရာဝန်နောက်ကို အမြန် ထွက်လိုက်သွားသည်။
“ခင်ဗျားက လူနာရဲ့ သမီးဖြစ်မယ်ထင်တယ်။“ ဆရာဝန်က ဟော်မြန့်ရဲ့ အသက်ကို ခန့်မှန်းကာ ပြောလိုက်သည်။
ဟော်မြန့် ခေါင်းညိတ်လိုက်သည်။
“လူနာမှာ သွေးတိုးရောဂါရှိနေတာ ခင်ဗျား သတိပြုမိလား“ ဆရာဝန်ရဲ့ မေးခွန်းက အနည်းငယ် ရင့်သီးနေလေသည်။
“ကျမ သိပါတယ်။ ဒါပေမဲ့ ကျမ အမေက အမြဲတမ်း ဆေးပုံမှန် သောက်ပါတယ်။ ပြီးတော့ သူမဘာသာ ကောင်းကောင်း အနားယူပါတယ်။ ကျမ အချိန်ရရင်လည်း သူကို့ ပုံမှန် စစ်ဆေးပေးပါတယ်။ အခုတလောတော့ တည်ငြိမ်နေတာပါပဲ။“
“ကျတော်တို့ ခန့်မှန်းချက်အရ၊ လူနာက လန့်စရာ တစ်ခုခု ကြုံလိုက်ရပြီး၊ သွေးတိုးတက်သွားတာပဲ။ သူရဲ့ သားသမီးတွေအနေနဲ့၊ သူမကို ပိုဂရုစိုက်ဖို့ လိုလိမ့်မယ်။ အမြင့်ဆုံးရောက်ခဲ့တဲ့ သွေးတိုးမှုကြောင့် လူနာရဲ့ နှလုံးမှာလည်း ပြဿနာ ရှိနေပြီ။ ဒီလိုသာ ဆက်ဖြစ်နေရင်၊ သူ့အသက်ပါ ထိလာလိမ့်မယ်။ နားလည်ရဲ့လား။“
“ရုတ်တရက် လန့်စရာ?...” ဟော်မြန့်ပါ အံ့သြသွားသည်။
သူမက သူမရဲ့ အလုပ်နဲ့ပဲ ရှုပ်နေခဲ့ပြီး နှစ်ပတ်မှ တစ်ကြိမ်မျှသာ အိမ်ပြန်ဖြစ်သည်။ သူမရဲ့ မောင်ငယ်က လိမ္မာတဲ့ ကလေးဖြစ်သည်။ ဒါဆို ဘယ်အရာတွေက သည်လိုဖြစ်စေတာလဲ။
YOU ARE READING
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...