အခန်း(၃)
ANXIETY
“အိုး…ဘုရားသခင်..ငါမြင်နေတာ ဟုတ်မှ ဟုတ်ရဲ့လား။ ဒီလူက ချင်းချူ မဟုတ်လား။“ မိန်းကလေး တစ်ယောက်ရဲ့ အံ့သြသံက လူအုပ်ကြားမှ ပေါ်ထွက်ပြီး ခုဏတုန်းက အံ့သြနေကြတဲ့ လူတွေထံမှ အာရုံစိုက်မှုကို ဆွဲယူလိုက်သည်။
“ချင်းချူ… ဒါ တကယ်ကြီး ချင်းချူ..“ တခြား တစ်ယောက်ရဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်တဲ့ အသံလည်း ထပ်ထွက်လာသည်။
ဟော်မြန့် က လုံးဝကို မင်သက်နေမိပြီး သူမရဲ့ အကြည့်က တံခါးမှ ပုံရိပ်ဆီသို့သာ ငေးစိုက်နေလေသည်။ ထိုလူက ဒီနေ့ရပ်နေပုံကလည်း ဟိုးနှစ်တွေတုန်းက သူလုပ်ခဲ့သလိုပါပဲ။ သူခန္ဒာကိုယ်က တောက်ပတဲ့ လှိုင်းတွေက သူ့ဆီကနေ ဘယ်သူမှ မျက်နှာလွှဲလို့ မရအောင် လုပ်နေသကဲ့သို့ပင်။ သူ့ရဲ့ ဝတ်စုံက ရိုးရှင်းပြီး သပ်ရပ်နေကာ၊ ဆံပင်တိုတို တို့က တောက်ပနေသည်။ ထို ရုပ်ထုထွင်းထားသလို ပါးပြင်များ၊ ချွန်မြတဲ့ နှာတံ၊ နှုတ်ခမ်းပါးပါး၊ မျက်လုံးနက်နက်တို့က ဟော်မြန့်ရဲ့ အိပ်မက်တွေထဲမှာ အကြိမ်များစွာ ပေါ်လာပြီးသား ဖြစ်သည်။
အခုတော့ သူ့ကို သူမ လူကိုယ်တိုင် မြင်ရတော့၊ သူမမှာ ပြောစရာ စကား မရှိသလိုပင်။ ထိုခဏတွင် သူမရဲ့ နှလုံးသား ဟာ ရင်ဘတ်ထဲမှ ခုန်ထွက်လာသလို ခံစားနေရသည်။
“မြန့်… ငါ အခုလေးတင် ပြောတယ်။ မိစ္ဆာအကြောင်းပြောရင် သူက ပေါ်လာလိမ့်မယ်၊ ဆိုသလိုပဲ။ ဒီ အခြေအနေကြီးက ပြဇာတ်မဆန်ဘူးလား။“ ကျူလင်းလင်းက သူမရဲ့ အံ့သြမှုကို ထိန်းချုပ်နိုင်ပြီးချိန်မှာ ဟော်မြန့်ရဲ့ လက်မောင်းကို ညင်သာစွာ ပွတ်တိုက်ပြီး ပြောလာသည်။
ဒါပေမဲ့၊ ဟော်မြန့်က တုံ့ပြန်မှု လုံးဝ မလုပ်လာပါ။ သူမကငေးကြည့်နေပြီး အတွေးများတွင် ချင်းချူရဲ့ ပုံရိပ်က လွင့်နေကာ ဖယ်ရှားမရသေးပုံပင်။
၇နှစ်ကျော် ဖြတ်သန်းပြီးနောက် ဒီလူရဲ့ မျက်နှာ သွင်ပြင်က တည်ငြိမ်မှု အရိပ်အယောင်များနှင့်..။ သူ့ရဲ့ နှုတ်ခမ်းထောင့်တွင် ခပ်ပါးပါး အပြုံးတစ်ခု ရှိနေပြီး၊ ငယ်ရွယ်စဉ်ကနဲ့ မတူတော့ဘဲ အေးစက်စက် ချင်းချူ၊ စိတ်ခံစားချက်ကို ဖော်ပြလေ့ မရှိသောသူ ဖြစ်လာလေပြီ။ သူ တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီလား။ ဒါမှမဟုတ် အချိန်က ပြောင်းလဲပေးလိုက်တာလား။
KAMU SEDANG MEMBACA
အချစ်စတင်ခဲ့ရာ (volume one)
Romansaအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...