အခန်း(၁၀)
TRAGEDY
ကျစ်ယွမ်.. ကို အဆင်ပြေရဲ့လား
တုန်လှုပ်စွာဖြင့် ဟော်မြန့် ချက်ချင်း ပြေးသွားလိုက်ကာ နဉ်ကျစ်ယွမ်ကို ထရပ်နိုင်အောင် ကူညီဖို့ ကြိုးစားသည်။
သူမကို အံ့သြစေအောင်ပင်၊ နဉ်ကျစ်ယွမ်က သူမကို အားဖြင့် တွန်းဖယ်ပစ်လိုက်တော့ သူမ မြေပြင်ပေါ် လဲက်လုနီးပါး ဖြစ်သွားသည်။
ဖယ်စမ်း ဒါ..မင်းအပူမဟုတ်ဘူး။ မင်းက မိစ္ဆာမ၊ ငါ့ကို မထိနဲ့။ မင်း က ငါ့ကို စိတ်ပျက်စေတယ်။
ဟော်မြန့် မျက်နှာတွင် မျက်ရည်စီးကြောင်းများဖြင့် ဖြစ်နေသည်။ သူမ ခေါင်းကို ခါယမ်းလိုက်သည်။ နာကျင်လိုက်တာ။
က်မ မဟုတ်ဘူး။ကျစ်ယွမ် က်မ ရှင့်ကို ဖောက်ပြန်ခဲ့တာ မဟုတ္ဘူး။ က်မကို ယုံပါ။ ဖြစ်ခဲ့တာ အားလုံးက အရင်တုန်းက ဟာတွေပါ။ သူ နဲ့ က်မ ကြားမှာ အာလုံး ပြတ်စဲပြီးသား။
မင်းကို ယုံပါ၊ ဘာကို ယုံရမှာလဲ။ ဒါဆို မင်းက အပျိုစင် ဖြစ်နေတုန်းလား။ နဉ်ကျစ်ယွမ်က ငေါ့တော့တော့ ပြောလိုက်ရင်း၊ သူ့ရဲ့ အောက်နှုတ်ခမ်းဆီက စီးကျနေတဲ့ သွေးတွေကို သုတ်လိုက်သည်။
ဟော်မြန့် ခေါင်းငုံ့ လိုက်တော့ သူမ၏ မ်က္ခြံမ်ားသာ မြင်နေရသည်။ သူမ ပြန်မဖြေလာပါ။
မင်း ဘာကြောင့် ဘာမွ မပြောတော့တာလဲ။ သူက မှားနေတာလား။ မင်းက မတို့ထိရသေးတဲ့သူပါလို့တော့ ငါ့ကို ပြောမလို့ မဟုတ်ပါဘူးနော်။ နဉ်ကျစ်ယွမ်ရဲ့ ဖြေရှင်းချက်တောင်းနေရင်းက သူ ဟော်မြန့်ကို ကြည့်သည့် အကြည့်မှာ အဖက်မတန်သကဲ့သို့ပင်။
မဟုတ္ဘူး။ သူ မှန်ပါတယ်။ က်မ သူနဲ့ ရွိခဲ့တာက လွန်ခဲ့တဲ့ ၇ နှစ်တုန်းကပါ။ ဒါပေမဲ့ အဲ့ဒါတွေက အခု အကုန် အတိတ်ဖြစ်သွားပြီလေ။ ကျစ်ယွမ်၊ က်မကို ရှင်းပြခွင့်ပေး။ ကျမရှင့်ကို သူနဲ့ ကျမကြား ဖြစ်ပျက်ခဲ့သမျှ အကုန် ပြောပြပါ့မယ်။နဉ်ကျစ်ယွမ် လက္က ဟော်မြန့်ရဲ့ ဘယ်ဘက် ပါးဆီကို မြောက်တက်သွားကာ ပြင်းထန်စွာသော ထိခတ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လက်ကျရောက်ရာ နေရာဆီမှ ပူလောင်သော နာကျင်ခံစားရမှု ဖြစ်ပေါ်လာသည်။
ဒီဘက်မှာတော့ ချင်းချူရဲ့ မ်က်ဆံမ်ားက စူးရှသွားပြီး သူ၏ မျက်ဝန်းထဲတွင် နှလုံးကွဲကြေသော ပုံရိပ်များ ထင်ဟပ်လာသည်။
ဟော်မြန့်က နဉ်ကျစ်ယွမ်ကို လှမ်းကိုင်ဖို့ လက်လှမ်းလိုက်ပေမဲ့ သူမ တွန်းထုတ်ခြင်းခံရသည်။
ဟော်မြန့်။ မင်းဟာ ယဉ်ကျေး သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်လို့ ငါထင်ထားတာ။ ငါမင်းနဲ့ တကယ္ကို လက်ထပ်ပြီး ဘဝအတူ ဖြတ်သန်းချင်ခဲ့တာ။ မင်းမှာ ဒီလို မျိုး လှည့်ကွက်တွေ ရှိနေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ငါ ကန်းနေခဲ့တာပဲ ဖြစ်ရမယ်။ ငါမင်းနဲ့ အတူ ရှိနေခဲ့တဲ့ အချိန်မှာ မင်းကို နတ်ဖုရားမလေးလိုမျိုး ငါ ထိတောင် မထိရဲခဲ့ဘူး။ ငါ လုံးဝကို စောက်လုံးကန်းနေခဲ့တာပဲ။
နဉ်ကျစ်ယွမ်က ရယ်မောလိုက်သည်။
မင်း ငါ့ကို ကစားခဲ့တာပဲ။ စုန်းမ..
ကျစ်ယွမ်၊ ရှင် က်မကို ရိုက်နိုင်ပါတယ်။ ရှင်ကြိုက်သလိုလည်း ပြောနိုင်ပါတယ်။ ဒါတွေက အရေးမကြီးပါဘူး။ ရှင်အခု နာနေပြီ မဟုတ္လား။ ဆေးရုံကို အရင်သွားရအောင်။ နော်
ဟော်မြန့်က မတ်တပ်ရပ်နိုင်အောင် ကြိုးစားပြီး၊ နဉ်ကျစ်ယွမ်ကို ထ နိုင်အောင် ကူညီဖို့ ကြိုးစားပေမဲ့ သူမ နောက်တစ်ခါ တွန်းထုတ် ခံလိုက်ရပြန်သည်။
ငါ့ကို မထိနဲ့ ..ဟော်မြန့်။ မင်းရဲ့ ညစ်နွမ်းတဲ့ လက်တွေကို ဖယ်လိုက်။ မင်း ဘယ္နားမွ မလာနဲ့။ ထြက်သြား။ ငါ မင်းကို နောက်ထပ် မမြင်ချင်တော့ဘူး။ ဒီနေရာက ထွက်သွားလိုက်တော့။ သူဒေါသတွေ လွှတ်ချ အပြီးမှာတော့ နဉ်ကျစ်ယွမ်က ဒဏ်ရာရ သားရဲတစ်ကောင်လို မြေပြင်ပေါ် တြားကာ ထလိုက်ရင်း ထွက်ခွာသွားလေသည်။
ဟော်မြန့်က နေရာတွင်ပင် ရပ်နေရင်း တိတ်ဆိတ္စြာ ရှိုက်နေလေသည်။
ဘာတွေ ဘယ္လို ဖြစ်ကုန်ပြီလဲပင် သူမ မသိတော့။ ကံကြမ္မာက သူမကို ကစားလို့ မဝေသးဘူးတဲ့လား။ ဒီ ၇ နှစ်အတွက်ကို သူမ တန်ရာတန်ကြေး ပေးဆပ်ခဲ့ပြီးပြီ မဟုတ္ဘူးလား။
ဘာကြောင့် သူမကို ဒီလို ဖိအားပေး ခံရတာလဲ။ ဘာကြောင့် သူမ သာမန် မိန်းကလေးတစ်ယောက်လို နေလို့ မရရတာလဲ။ သူမ လိုချင်တာ အားလုံးကမှ သာမန်လူတစ်ယောက်ရဲ့ ဘဝလိုမျိုး နေထိုင်ခွင့် ရရုံလေးပါ။ ဒီထက် ဘာမွ မပိုပါဘူး။
ဟော်မြန့် ကိုယ့်ဆီ ပြန်လာပါ။ ကိုယ့်ကို လက်ထပ်ပါ။ ချင်းချူရဲ့ အသံက သူမနောက်မှ ထွက်ပေါ်လာသည်။ သူ့မှာ ဆွေးနွေးနိုင်ရလောက်တဲ့ အခြေအနေမရှိပေ။ ဒါက အမိန့်တစ်ခုလို၊ ငြင်းဆန်ခွင့်တောင်မှ မရှိပေ။ ဟော်မြန့် ချင်မိသားစု၏ အာဏာကို ကောင်းကောင်းသိသည်။ ချင် မိသားစုမွာ မွေးဖွားလာသူတွေက နတ်ဘုရားတွေလို ၊ သူတို့ လုပ်ချင်ရာ လုပ်နိုင်ကြသည်။ လွန်ခဲ့သော ၇ နှစ်တုန်းက သူမ ဒါတွေကို နည်းလမ်း ကြမ်းကြမ်းတွေနဲ့ သင်ယူခဲ့ရပြီး၊ သူမရဲ့ အမွား အတွက်လည်း ပေးဆပ်ခဲ့ရပြီး ဖြစ်သည်။ ကြည့်ရတာ သူမလိုမျိုး ချင်းချူကလည်း ပြီး ပြတ် ချဲ့ပီ မဟုတ္ဘူးလား။
****
အခန်း (၁၁)
INVESTIGATION
ဟော်မြန့် အိမ္ကို ဘယ္လို ပြန်ရောက်လာသလဲဆိုတာတောင် မမှတ်မိတော့ပေ။ သူမတစ်ယောက်တည်း အမှောင်ထဲမှာ အကြာကြီး ထိုင်နေမိပြီး၊ ခုဏ သူမအတွက် အိပ္မက္လိုသာ ခံစားနေရသည်။ နဉ်ကျစ်ယွမ် ရိုက်ခဲ့တဲ့ ပါးပြင်က နာကျင်မှုက ဆက်လက်တည်ရှိနေသေးသည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ကောလိပ်မှာကတည်းက သိလာကြပြီး၊ နဉ်ကျစ်ယွမ်က သူမကို အကြာကြီး ပိုးခဲ့ရတာ ဖြစ်သည်။ ဂရုစိုက္တတ္တာ တစ်ခုတည်းကိုပဲ စဉ်းစားပြီးနောက် သူနဲ့ စတြဲခဲ့တာ ဖြစ်သည်။ သူက အရမ်းတော့ ထူးခ်ြန်သူ မဟုတ်သော်လည်း ဟော်မြန့် အပေါ်တော့ အလွန်ကောင်းသူပင်။ သူမက ကျန်ရှိတဲ့ သူမရဲ့ သက်တမ်းတလျှောက်မှာ သည်လို သာမန်ဘဝလေးနဲ့သာ နေသွားတော့မည် ဟု တွေးထင်ခဲ့သည်။
သူမမွာ သည်လို အမှုအခင်းမျိုး ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။ ချင်းချူရဲ့ ပြန်ရောက်လာမှုက အရာအားလုံးကို ကစဥ့်ကလျဲ ဖြစ်စေခဲ့ပြီ။
တခဏလောက်ကြာမှ သူမရဲ့ အသိစိတ်များကို ပြန်လည်စုစည်းနိုင်ပြီး၊ သူမ ဖုန်းကို စစ်ကြည့်လိုက်သည်။ သူမမွာ မကိုင်လိုက်ရသော အဝင်ခေါ်ဆိုမှုများရှိနေပြီး၊ အကုန်းလုံးက ကျူလင်းလင်းခေါ်ထားတာပင်။
WeChat မှာလည်း မဖတ်ရသေးသော မက်ဆေ့ခ်ျ သုံးခု ရှိနေသေးသည်။
မြန့် ဘာလို့ ဖုန်းပြန်မဖြေတာလဲ။ တခုခု ဖြစ်လို့လား
မြန့် ချင်းချူက နင်ပြန်ပြီး မကြာဘူး လိုက်ပြန်သွားတယ်။ နင်တို့ နှစ်ယောက်ကြား ဘာတွေဖြစ်ကြတာလဲ။ သူက နင်နဲ့ ပြန်ဆက်ဖို့ ကြိုးစားနေတာလား။
မြန့် တခုခုပြောဦး။ နင် အဆင်ပြေရဲ့လား။
ဟော်မြန့်မှာ ပြောချင်သော စကားတွေ အများကြီး ရှိပေမဲ့ သူမရဲ့ လက်ရှိအခြေအနေအရ သူမမွာ စကားပြောချင်စိတ် နည်းနည်းမှ မရှိပေ။
ခဏမွ စဉ်းစားပြီးနောက် သူမ စာ ပြန်ရေးလိုက်သည်။
ငါ ဒီနေ့ နည်းနည်း ပင်ပန်းနေလို့။ ငါတို့ နောက်တခါ တွေ့တော့မှ အကုန်ပြောပြပေးမယ်။ ငါအဆင်ပြေပါတယ်။ ငါ့ကို မစိုးရိမ်နဲ့။
စက္ကန့်ပိုင်းလောက် ကြာပြီးနောက် ကျူလင်းလင်း ထံမွ ပြန်စာ ရောက်လာသည်။
အိုခေ. မင်းအဆင်ပြေတာ သိရရင် ရျပီ။ မြန့်..တချို့ ကိစ္စတွေက မျက်နှာချင်းဆိုင် ဖြေရှင်းဖို့လိုတယ် ဆိုတာ မင်းနားလည်မယ်လို့ ငါမျှော်လင့်တယ်။
ဟော်မြန့် နဲ့ ချင်းချူကြားက အဖြစ်အပျက်တွေကို ကျူလင်းလင်းထက် ဘယ်သူမွ ပိုသိနိုင်မှာ မဟုတ်ပါ။
မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် ကံမကောင်းစွာ သူတို့ နှစ်ဦး ခွဲခွာခဲ့ရသည်။
ဟော်မြန့် သူမရဲ့ဖုန်းကို နောက်တစ်ခါ ထပ်ယူလိုက်ပြီး နဉ်ကျစ်ယွမ်ကို ဆက်သွယ်လိုက်ပေမဲ့ ဖုန်းပိတ်ထားလေသည်။
နဉ်ကျစ်ယွမ်အတွက် ယခုကိစ္စတွေက အရမ်း ရုတ်တရက်နိုင်လွန်းပြီး၊ အရမ်း ရက်စက်တယ် ဆိုတာ သူမ သိနေပေမဲ့
ဒါက သူမရဲ့ အတိတ်ဖြစ်ပြီး ယခု သူက ဒီအတွက် ခံစားရစေသည်။ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ.
အမှောင်ထဲမှာ ဟော်မြန့် သက်ပြင်းဖျော့ဖျော့ ချလိုက်မိသည်။ တချို့ ကိစ္စတွေက တသက်လုံး ဖုံးကွယ်လို့ မရနိုင်ဘူးဆိုတာ သူမ သိသည်။ ရှောင်လွှဲလို့ မရနိုင်တာတွေလည်း ရှိသည်။
မြို့ဆင်ခြေဖုံးနေရာ၊ အထက်တန်းလွှာတို့နေရာတွင်-
ငွေရောင် Audi R8 တစ္စီးက ဖြည်းဖြည်း ဧကရာဇ်ဝင်းထဲသို့ ဝင်ရောက်လာသည်နှင့် လုံခြုံရေးများက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
တိတ်ဆိတ်နေသော အိမ်ကြီးရဲ့ တံခါးပေါက်ရှေ့တွင် ရပ်လိုက်ပြီး ကားထဲမွ ဆင်းလာသောချင်းချူရဲ့ မျက်နှာတွင် ခံစားချက် တစုံတရာ မမြင်ရပေ။ သူ တံခါးဖွင့်ပြီး အထဲဝင်သွားလိုက်သည်။
မစ္စက်ချင် က ချက်ချင်းပဲ ထရပ်လိုက်ပြီး ၊ ပြုံးကာ ပြောလိုက်သည်။
ချု သား ပြန်လာပြီ။ သား အဖေနဲ့ အေမက ညစာ စားဖို့ သားကို စောင့်နေတာ။ မြန်မြန်..လက်သွားဆေးချည်။
ချင်းချူက ဘာမှတုံ့ပြန်ပေ။ အဲ့ဒီအစား ၊ ထမင်းစားခန်းဆီသို့သာ တိုက်ရိုက် လျှောက်သွားလိုက်ပြီး၊ သူ့အဖေ ချင်ယွီမင် အနားတွင် ထိုင်လိုက်သည်။ ဖခင်ဖြစ်သူကို ခံစားချက်များ ရောပြွမ်းနေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေ၏။
အေဖ၊ ကျတော် အေဖ့ကို မေးစရာရှိတယ်။
ဘာကိစ္စလဲ သားဖြစ်သူရဲ့ ရည်ရွယ်ချက် ရှိပုံရသော အကြည့်တို့ကို ဖမ်းဆုပ်ကြည့်ရင်း ချင်ယွီမင် အနေနဲ့ ထူးဆန်းပြီး မသက်မသာ ခံစားချက်မျိုး ဖြစ်လာသည်။
အရင်က၊ ဟော်မြန့်နဲ့ ကျတော့်ကို ခွဲဖို့ ဖိအားပေးခဲ့ပြီးတော့ သူတို့ မိသားစုကို အဖေတို့နှစ်ယောက် ဘာတွေ လုပ်လိုက်သေးလဲ။
ချင်းချူရဲ့ မေးခွန်း ထွက်လာပြီးတဲ့နောက် ချင်ယွီမင်ရော ဇနီးသည် ဖြစ်သူပါ အမူအရာမ်ား မြန်မြန် ပြောင်းလဲသွားကြသည်။
ချူ သား ဘာ..တွေ ပြောနေတာလဲ မစ္စက်ချင်ရဲ့ အပြုံးက အနည်းငယ် မသက်မသာ ဖြစ်နေသလိုပင်။
ချင်းချူက တုံ့ပြန်ခြင်း မပြုဘဲ သူ့ရဲ့ ပြောင်းလဲခြင်းမရှိတဲ့ အကြည့်တို့က မျက်နှာပေါ်မှာ အဖြေတစုံတရာ ရှာနေသလိုမျိုး သူ့အဖေ ထံတွင်သာ အာရုံစူးစိုက်ထားသည်။
ချင်းချူ ပြည်ပကို ၇ နှစ်ကြာ သွားခဲ့ပြီးနောက် တခါမှပင် ပြန်မလာခဲ့။ သည်အတောအတွင် ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ သူမသိခဲ့ပေ။
ခုနတုန်းက ဟော်မြန့်ရဲ့ လေသံထဲမှာ သူ့ကို နင့်နင့်သီးသီး မုန်းနေတာကို သူ ခံစားသိနေရသည်။
ဟော်မြန့်ရဲ့ မိသားစုကို သူ့မိဘတွေ မသမာသော နည်းလမ်းနဲ့ တခုခု ဖြစ်စေခဲ့ပြီမှန်း သူခန့်မှန်းလို့ ရနေသည်။
ချင်ယွီမင် က သားဖြစ်သူရဲ့ အကြည့်အောက်မှာ မသက်မသာ သလို ဖြစ်နေရ၏။
တစ်မိနစ်လောက် ကြာပြီးမှ ချင်ယွီမင် က သူ့အကြည့်ကို အောက်သို့ လွှဲလိုက်သည်။ သူ့ပုံစံက သည် အကြောင်းအရာကနေ ရှောင်လွှဲဖို့ ကြိုးစားနေသလိုပင်..
ဒါတွေက ဘယ်လောက်တောင် ကြာနေပြီလဲ။ ဘာလို့ ဒါတွေ ထပ်ပြောနေရပြန်တာလဲ
အခန်း (၁၂)
THE TRUTH
ကျတော်လိုချင်တဲ့ အဖြေက ဟုတ်တယ်၊ မဟုတ္ဘူး ဆိုတာပဲ။ ကျတော် အဖြေ လိုချင်တယ်။
သူ့စကား အတိုင်း ချင်းချူရဲ့ အမူအရာက အေးစက်လာနေသည်။
ချူ.. တို့တွေ လုပ်ခဲ့တာကလည်း သားရဲ့ ကောင်းကျိုး အတွက်ပါပဲကွယ်။ ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲကို။ ဒီအတိုင်းပဲ မစ္စက်ချင် ပြီးအောင် မပြောရသေးခင် ချင်းချူက ထ ရပ် လိုက်သည်။
ကျတော်သိပြီ။
သူ့အမေ၏ ပြောစကားထဲမှပင် သူလိုချင်သော အဖြေကို ရချဲ့ပီး ဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်းပဲမို့ ချင်းချူ ထရပ်လိုက်သည်။ နောက်ထပ် စကား မဆိုတော့ဘဲ ဒုတိယထပ်ရှိ သူ့အခန်းဆီသို့သာ တက်လာခဲ့တော့သည်။
ချူ အပေါ်ထပ်တက် မနားခင် စားသွားဦးလေ မစ္စက်ချင်က သူမရဲ့ သားကို လှမ်းခေါ်လိုက်သည်။
သို့သော်လည်း တုံ့ပြန်မှုအစား၊ သားဖြစ်သူ၏ နောက်ကျောဘက် မြင်ကွင်းသာ လက်ခံရရှိသည်။
ယွီမင် ချူ သူ အဲ့ကောင်မလေးနဲ့ တွဲနေတုန်းလား၊ ဒီလောက် ကြာပြီးမှ သူအခုမွ အိမ်ပြန်လာတယ်။ အိုး ဘာမွ အမှားအယွင်း မဖြစ်ဖို့ က်မ မျှော်လင့်ပါတယ်။ ရှင်ရော ဘယ်လိုထင်လဲ။ မစ္စက်ချင်က သားဖြစ်သူရဲ့ သေဘာထားကို တွေဝေနေမိလေသည်။
ဒါက ၇ နှစ်တောင် ရှိသွားပြီ။ သူမရဲ့ သားလည်း နောက်ဆုံးတော့ ဒီနိုင်ငံထဲကို ပြန်ရောက်လာခဲ့ပြီ။ သူမအနေနဲ့ မိန်းမတစ်ယောက်ကြောင့် သူမတို့ကြား အရင်တုန်းကလို အခြေအနေမျိုး ပြန်မရချင်တော့။
စိတ်ထဲမထားနဲ့။ သူလည်း အရွယ်ရောက်ပြီးတဲ့သူ ဖြစ်နေပြီ၊ သူ့ဘာသာ ဆုံးဖြတ်ချက် ချနိုင်ရမှာပေါ့။ ပြောရင်းက ချင်ယွီမင် က တူကို ကောက်ကိုင်လိုက်ပြီး ဒေါသထွက်စွာ စတင် စားသောက်တော့သည်။
ချင်းချူ သူ့အခန်းတွင်းသို့ ပြန်လာခဲ့ပြီး၊ သူ့ဖုန်းကို ယူကာ နံပါတ္တစ္ခု ကို ဆက်သွယ်လိုက်သည်။
တစ်ခုလောက် ငါ့ကို ဖြစ်နိုင်သမျှမြန်မြန် ရှာပေးစမ်းပါ။ ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချလိုက်သည်။
ထို့နောက် ၊ သူ့ရဲ့ အံဆွဲသော့ကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး၊ အဝါရောင်သန်းနေသော ဓါတ်ပုံတစ်ခုကို ထုတ်ယူလိုက်သည်။
အဲ့ဒါက ဆံပင်ကို ပိုနီတေးလ်ပုံ မြင့်မြင့်စည်း ထားတဲ့ မိန်းကလေး တစ်ယောက်ပုံ ဖြစ်သည်။ သူမက လွပျပီး မျက်နှာအသွင်အပြင်က သီးခြားကွဲထွက်နေသည်။ သူမ ပြုံးနေချိန်မှာ ထွက်ပေါ်လာသော ပါးချိုင့်တစ်စုံက သူမကို ချစ်ခင်ဖွယ် ဖြစ်နေပေ၏။
သူမ ဝတ်ဆင်ထားတဲ့ သာမန်ကျောင်းဝတ်စုံလေးက သူမရဲ့ အလွကို လျော့နည်းသွားအောင် မလုပ်နိုင်ပေ။
မြန့် ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ
သူက တိုးတိုးလေး ပြောလိုက်သံက အက်ရှနေပြီး အချစ်အတွက် မျှော်လင့်ချက် မဲ့နေသူလိုပင်။
သူရဲ့ စိတ်အစဉ်က ဓါတ်ပုံထဲက မြင်ကွင်းကို ဖြတ်ပြီး လွန်ခဲ့သော ၇ နှစ်ဆီကို မြင်ယောင်နေသည်။
ကောင်းကင်ပြာပြာ၊ တိမ်ဖြူလွလွ၊ ကျောင်းကစားကွင်း ပြီးတော့. သူချစ်ရသော သည်မိန်းကလေး..
နောက်တနေ့ မနက်မှာတော့..
ဟော်မြန့်က မနက်စောစောထကာ သူမ အလုပ်လုပ်ရာ ဆေးရုံသို့ ဘတ်စ် ကားဖြင့် ထွက်လာခဲ့သည်။ သူမ လုပ်ရန်တာဝန်များ ပြီးစီးချိန်မှာတော့ မနက္က သူမ ချက်ပြုတ်လာသော ဝက်ရိုးစွပ်ပြုတ် ကို ယူကာ နဉ်ကျစ်ယွမ်ကို တွေ့ရန် သွားခဲ့သည်။ သူမ သူ့ကို မနေ့က အဖြစ်အပျက်အကြောင်း ရှင်းပြချင်သည်။
မျက်စိအထူးပြု ပြင်ပလူနာ ဌာန မှာတော့
ဟော်မြန့် အထဲကို ဝင်သွားလိုက်ချိန်မှာ သူမတွေ့လိုက်ရတာက သည်ဌာနရဲ့ သူနာပြုတစ်ယောက်ဖြစ်တဲ့ ဟယ္မန္က နဉ်ကျစ်ယွမ်ရဲ့ နဖူးက ဒဏ်ရာကို ဂရုတစိုက် ပတ္တီး စည်းပေးနေတာကိုပင်..
ရွီးးး..ဒေါက်တာနဉ်ရယ် ဘယ်လိုတွေများ ဖြစ်လာရတာလဲ။ ရှင်ဘာလို့ ဒီလောက် နမော်နမဲ့ ရွိရတာလဲ။ သူနာပြုမလေး၏ အသံက ခပ္စူးစူး ထွက်ပေါ်လာပြီး ဒါက နားထောင်ရသူကို မသက်မသာ ဖြစ်နေစေသည်။
ကျစ်ယွမ်.. ဟော်မြန့် တံခါးနားမွ နေ၍ ငြင်သာစွာ ခေါ်လိုက်သည်။
နှစ်ယောက်လုံး သူမဘက် လှည့်ကြည့်လာပြီး ဟော်မြန့်ကို ကြည့်နေတဲ့ နဉ်ကျစ်ယွမ်ရဲ့ မျက်နှာမှာတော့ ခံစားချက် တစုံတရာ မရှိသလိုပင်၊ သူဘာတွေးနေလဲဆိုတာ မပြောနိုင်ပေ။
အာ.ဟော်မြန့်.. နင်လာပြီလား။ နင်တို့နှစ်ယောက် စကားပြောကြဦး။ ငါ သွားတော့မယ်။
မသွားနဲ့ နဉ်ကျစ်ယွမ်က ရုတ်ချည်း ဟယ်မန် ရဲ့ လက္ကို ဖမ်းဆွဲလိုက်သည်။
ငါ့ ဒဏ်ရာကို ပြီးအောင် ချုပ်ပေး
ဒေါက်တာနဉ်..အမ်ရှင် ဒါကို ရှင့်ရည်းစားကိုပဲ လုပ်ခိုင်းသင့်တယ်လေ။ ဟယ်မန် က မျက်နှာပူပူနဲ့ ခိုးခိုးခစ်ခစ်ရယ်သည်။
ဟော်မြန့် တခုခု ပြောချင်သော်လည်း သူမ မပြောမီ နဉ်ကျစ်ယွမ်ရဲ့ ပြောထွက်လာသော စကားလုံးများကို ကြားလိုက်ရသည်။
သူက ငါ့ရည်းစား မဟုတ်တော့ဘူး။
ရှင်ဘာပြောလိုက်တာလဲ ဟော်မြန့် မျက်မှောင်နည်းနည်းကျုံ့ သွားသည်။
ငါပြောတာက၊ တို့တွေ မနေ့က ပြတ်စဲလိုက်ကြပြီ။ မင်းက ငါ့ခ်စ်သူ မဟုတ်တော့ဘူး။ ပြီးတော့ ငါက မင်းလို အထက်တန်းကျတဲ့ ချစ်သူမျိုးနဲ့ မထိုက်တန်ဘူးလေ။ ဒီတော့ မင်း ဘာဖြစ်လို့ မင်းရဲ့ မဟားတရား ချမ်းသာတဲ့ ရည်းစားဟောင်းကို ဘာလို့ သြားမရွာတာလဲ။ သူ့မှာ ဇိမ္ခံကား အကောင်းစား တွေ အိမ်ကြီး အိမ်ကောင်းတွေ ရှိနေတာပဲ။ ငါက သာမန် ဆင်းရဲသား ဆရာဝန်တစ်ယောက်ပဲ။ မင်း ငါနဲ့ ဆက်ရှိနေရင် ကိုယ့်ဘာသာ မတူမတန် ဖြစ်နေဦးမယ်။ နဉ်ကျစ်ယွမ်ရဲ့ လေသံက ရွဲ့သံပါနေ၏။
ဟော်မြန့် အသက်ပြင်းပြင်း တစ်ချက် ရှိုက်ရှုလိုက်ရင်းက
ကျစ်ယွမ်..
သူမ၏ အမူအရာတို့က တည်ငြိမ်နေသည်။
က်မ ဒီနေ့ ဒီကို လာခဲ့တာ မနေ့ည က ဘာဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြမလို့
VOUS LISEZ
အချစ်စတင်ခဲ့ရာ (volume one)
Roman d'amourအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...