အခန်း (၁၃)
EXPLANATION
“ဟား..ဟား. ရှင်းပြမယ်.?..မင်းမှာ ရှင်းပြစရာ ကျန်နေသေးလို့လား။“ နဉ်ကျစ်ယွမ် က ဟော်မြန့်ကို စိတ်အနည်မထိုင်သေးတဲ့ပုံဖြင့် ပြောနေသည်။
သူသာ နူးညံ့ပြီး ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူးဆိုရင် သုံးနှစ်လောက် သူတို့ တွဲခဲ့ကြမှာ မဟုတ်ပါဘူး။
ဒီတညတာလေး အတွင်းမှာပဲ အများကြီး ပြောင်းလဲ့ခဲ့လေပြီ။
“ကျစ်ယွမ်၊ တို့တွေ အတူရှိခဲ့တာ သုံးနှစ်တောင်မှပဲ။ ရှင် ကျမ ကို မသိဘူးလား။“
နဉ်ကျစ်ယွမ် က ဟော်မြန့် မျက်နှာကို ကြည့်ပြီး အပြုံးတစ်ချက်နှင့်
“ကိုယ် တကယ် မသိဘူး ဒါလင်။ မနေ့ည က သာ ဘာမှ မဖြစ်ခဲ့ရင် မင်းဟာ ငါချစ်ပြီး ဂရုစိုက်ရမဲ့ သန့်စင်တဲ့ နတ်ဖုရားမလေး အဖြစ်နဲ့ပဲ တွေးထင်နေမှာ။ ဘယ်သူသိမှာလဲ မင်းက ဒီလို မျက်နှာစာမှာပဲ နတ်ဖုရားမ ဆိုတာ။ မင်းက လွန်ခဲ့တဲ့ ၇ နှစ်ကတည်း က တစ်ယောက်ယောက်နဲ့ အိပ်ပြီးပြီ၊ အသက်တောင် ဘယ်လောက် ရှိသေးလို့လဲ.. ဆယ့်ရှစ် ? .. ဟော်မြန့် . . ငါ နောက်ဆုံးတော့ မင်း ဘယ်လောက် အရှက်မရှိလဲဆိုတာ ငါ သိရပြီ။ မင်း ငါ့ကို တွဲဖို့ ရွေးချယ်ခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒါက ငါက တခြားတစ်ယောက်ရဲ့ အကျ ကို ရလိုက်သလိုပဲလေ။“
နဉ်ကျစ်ယွမ်က အကျ ဆိုတဲ့ စကားစု ကို အသံဖိပြီး ပြောသည်။
ဘေးလူတစ်ယောက်ဖြစ်တဲ့ သူနာပြု ဟယ်မန် တောင်မှ ဟော်မြန့်ဘက် မယုံကြည့်နိုင်မှုဖြင့် လှည့်ကြည့်လာသည်။ ဟော်မြန့်က နဉ်ကျစ်ယွမ်ရဲ့ စကားကြမ်းကြမ်းတွေကို ရင်ဆိုင်နေရသော်လည်း သူမအတွက် နာကျင် တာထက် ပို၍သာ စိတ်ပျက်လာသည်။
သူမ မယုံကြည်နိုင်တာက အမြင်မှာ နူးညံ့ပြီး ကြင်နာတတ်တဲ့ ယောက်ျားတစ်ယောက်ဆီက သည်လို ပုန်းကွယ်နေတဲ့ စကားတွေ ထွက်လာတာကိုပဲ..
ဟော်မြန့်က နဉ်ကျစ်ယွမ်ကို စိတ်ပျက်တဲ့ အကြည့်တစ်ချက်ပဲ ပေးလိုက်ပြီး ဖြည်းဖြည်း ထပ်ပြောလိုက်သည်။
“ကျစ်ယွမ်၊ လူတိုင်းမှာ အတိတ်ရှိကြတာပဲ။ ကျမနဲ့ ချင်းချူကြား ရှိတာတွေက အကုန် ကျန်ခဲ့ပြီးသား….“
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...