အခန်း (၂၂)
WAGER
“ဟား..နင် လူတွေနဲ့ အချေအတင်ပြောတာကို ကြည့်ရတာ ကောင်းလိုက်တာ။ နင့်မှာ ဟိုးအရင်တုန်းကလိုမျိုး နင့်ရဲ့ လျှာစွမ်းထက်တာက ရှိနေတုန်းပဲကိုး“ ကျူလင်းလင်းက ရယ်မောနေသည်။
“ငါထင်တာတော့ နင့်ရဲ့ ဒီလို ခေါင်းမာတာက ချင်းချု နင့်ကို ချစ်မိသွားအောင် လုပ်လိုက်ပြီး၊ နင့်ကို ပထမ နေရာရောက်အောင် လုပ်လိုက်တာ ဖြစ်ရမယ်။“ ပြောပြီးမှ ကျူလင်းလင်းက သူမ စကားမှားသွားပြီဆိုတာ သတိပြုမိလိုက်သည်။ သူမ ချောင်းနည်းနည်း ဟန့်လိုက်ပြီး တခြား အကြောင်းအရာကို ပြောင်းပြောလိုက်၏။
“ငါပြောချင်တာက သခင်လေးဟော်က နင်နဲ့ စကားစစ်ထိုးချင်နေတာ ထင်တယ်။ နင်တကယ်ကို မိုက်တယ်။ ငါ့ကို နင့်နည်းလမ်းလေးတွေ သင်ပေးစမ်းပါ၊ ဆရာမကြီးရယ်“
“ငါ ပညာသင်ခေါ်တာက ပြီးသွားပြီလေ။“ ဟော်မြန့်က ပြုံးပြကာ ဟာသ လုပ်နေလေသည်။
“ နင့်ကိုယ်နင် ကြည့်ပါဦး။ သရုပ်ဆောင်နေလိုက်တာ။ ဟမ်.. မသိရင် တကယ် ပညာသင်တွေ ခေါ်ထားတာ ကျနေတာပဲ။“ ကျူလင်းလင်းက လည်း ပြန်လည် စနောက်နေလေ၏။
မိန်းကလေး သူငယ်ချင်း အချင်းချင်းကြားမှာ အချိန်ဖြုန်းဖို့က အလွန်လွယ်ကူနေမြဲ ဖြစ်သည်။
သူတို့ နှစ်ယောက် ညဘက် အပြင် ထွက်တာတွေမှာ ဘယ်တုန်းကမှ ပြဿနာ မဖြစ်စေခဲ့ပေ။ သူတို့ သောက်စရာ ရှိတာ သောက်ပြီးတော့၊ ညဥ့်နက်နေပြီ ဖြစ်သည်။ သူတို့ တက္ကစီ သီးခြားစီ စီးခဲ့ကြကာ အိမ်ပြန်ခဲ့သည်။
သူမ ငှားထားတဲ့ တိုက်ခန်းကို ပြန်ရောက်တော့ ညအိပ်ဝတ်စုံ လဲဝတ်လိုက်ပြီး ကျူလင်းလင်းကို စာလှမ်းပို့လိုက်သည်။
“ငါ အိမ်ပြန်ရောက်ပြီ လင်းလင်း။ နင်ရော“
ကျူလင်းလင်းကလည်း တခဏအတွင်းမှာပဲ စာပြန်ပို့လာသည်။
“ ပြန်ရောက်ပြီ။ ငါ ရေချိုးတော့မလို့။ ပြီးရင် အိပ်တော့မယ်။ ကောင်းသောညနော်“
ဟော်မြန့် သူမဖုန်းကို ပိတ်တော့မည့် ဆဲဆဲမှာပဲ သူမကို စာတစ်စောင်ပို့လာတာ တွေ့လိုက်သည်။ ၈၈၆၆ နဲ့ဆုံးတဲ့ နံပါတ်က ချင်းချူရဲ့ နံပါတ်ဆိုတာ သူမ မှတ်မိနေသေးသည်။
YOU ARE READING
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...