45+46+47(z+u)

1.6K 163 1
                                    

အခန်း (၄၅)

THE WHOLE WORLD COLLAPSING

ဟော်မြန့်တစ်ယောက် သူမရဲ့ တိုက်ခန်းက ဘယ်လိုထွက်ကာ ဆေးရုံအရေးပေါ်ခန်းကို ဘယ်လိုရောက်သွားသလဲ ဆိုတာပင် မမှတ်မိတော့။

ခွဲစိတ်ခန်း တံခါးက ပိတ်ရက်သားရှိနေပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော လူတချို့ကိုလည်း တွေ့လိုက်ရ၏။ သူမရဲ့ မိခင်ကလည်း လဲပြိုလုနီးပါး ဖြစ်နေပြီး နှလုံးကွဲအက်စွာရှိုက်ငိုနေသည်ကို မြင်တွေ့လိုက်ရသည်။

“မေမေ .. ကျီရှင်း ဘယ်လိုအခြေအနေရှိလဲ“

“အိုး.. ငါ့သားလေး ကျီရှင်း၊ သားအဆင်ပြေမှ ဖြစ်မယ်။ သည်လိုသာဆိုရင် မေမေဘယ်လိုများ အသက်ရှင်ရပါ့မလဲ။“ သူမက ဟော်မြန့်ကို မမြင်နိုင်သေးသကဲ့သို့ ယန်မေ့ရုန် က သူမရဲ့ မျက်လုံးတွေကို ပိတ်ကာ ဆက်လက်ငိုကြွေးမြည်တမ်းနေဆဲ ဖြစ်သည်။

သူနာပြုနှစ်ယောက် ရောက်လာပြီး သူမကို မဆူပူရန်ပြောဖို့ ရည်ရွယ်လာပုံရပေမဲ့၊ သူတို့ ဟော်မြန့်ကို မြင်လိုက်ကြတော့ အံ့အားသင့်ကုန်ကြသည်။ “ဟော်မြန့် ၊ ရှင်ကလည်း လူနာရဲ့ မိသားစုပဲလား“

ဟော်မြန့်က ခေါင်းငြိမ့်ပြလိုက်သည်။ သူမရဲ့ မျက်နှာကတော့ ဖြူလျော်လျက်..

“ဝေ့ဝေ့၊ ကျမမောင်လေး ဘယ်လိုနေလဲဟင်။ အခြေအနေ ဘယ်လိုရှိလဲ“

“ကျမတို့လည်း မသိရသေးဘူး။ ဒါပေမဲ့ သူတို့ခေါ်လာတဲ့ အချိန်တုန်းကတော့ အခြေအနေက စိုးရိမ်ရတယ်။ သူ့ရဲ့ နှလုံးခုန်နှုန်းက ပုံမှန် မဟုတ်နေဘူး။ သူ့ရဲ့ သွေးဖိအားကလည်း မတရားမြင့်နေတယ်.. အထဲမှာတော့ ဆရာဝန်ကြီးက သူ့ကို ကယ်ဖို့ ကြိုးစားနေတယ်။ ရှင် အခုလောလောဆယ်တော့ စောင့်နေရလိမ့်ဦးမယ်။“

“အင်းပါ၊ ကိုယ် နားလည်ပါပြီ“

ဟော်မြန့် သူမ ခန္ဒာကိုယ်ရဲ့ ရှိသမျှအင်အားတွေ အကုန်မရှိတော့သလို၊ လဲပြိုလုနီးပါး ခံစားလိုက်ရသည်။

သူတို့ နေလည်တုန်းကမှ အတူနေ့လည်စာစား၊ စကားဖောင်ဖွဲ့ကာ ရယ်မောခဲ့ကြသေးသည်။ တစ်နေ့တည်းမှာပဲ သည်လိုအခြေအနေမျိုး ဘယ်လိုများ ဖြစ်ပျက်သွားနိုင်ရတာလဲ။

အချစ်စတင်ခဲ့ရာ (volume one)Donde viven las historias. Descúbrelo ahora