48+49+50(z+u)

1.7K 157 0
                                    

အခန်း (၄၈)

ASKING FOR HELP

“ငွေလား။ အားလုံး ကုန်ပြီလေ။ ကိုယ်တို့ ဒီတိုက်ခန်း ဝယ်တုန်းက သုံးလိုက်တာပဲ။ မင်းလိုချင်ရင် ၊ ကိုယ် ငွေပြန်စုမိတဲ့အထိ စောင့်လေ။ ကိုယ် ရတဲ့ အချိန်ကျရင် ၊ ကိုယ် ပြန်ပေးပါမယ်။“

“အိုကေ။ ရပါတယ်။“ ပြောပြီးတာနဲ့ ဟော်မြန့် ပြန်ဖို့ လှည့်ထွက်လိုက်၏။

“ဟော်မြန့် ..ဘာဖြစ်လို့လဲ“

“ကျီရှင်း ကားတိုက်မှု ဖြစ်လို့ပါ။“ ဟော်မြန့်ရဲ့ အသံက အက်ရှရှ..

“သည်လို ကိစ္စမျိုးတွေအတွက် ကိုယ့်ကို လာမရှာသင့်တော့ဘူးလေ။ မင်းရဲ့ လူချမ်းသာ ရည်းစားဟောင်းကြီးဆီ သွားရှာသင့်တယ်။“ နဉ်ကျစ်ယွမ်က ရုတ်တရက်ပြောလာ၏။

ဟော်မြန့် ဘာမှ ပြန်မဖြေဖြစ်ပေမဲ့ သူမမျက်နှာမှာတော့ စိတ်ပျက်ခြင်းများဖြင့်.. သူမက ပြန်ရန် လှည့်ထွက်လိုက်သည်။

စကားပြောကြည့်ပြီးတော့ နဉ်ကျစ်ယွမ် က သူ့ဆုံးဖြတ်ချက်အတွက် နောင်တ ရလာမိသည်။ ဘာကြောင့် သူမကို သူ သည်လိုမျိုး ဆက်ဆံလိုက်မိတာပါလိမ့်။

“ကျစ်ယွမ်၊ ဘယ်သူ့အသံလဲ။ ဘာဖြစ်လို့ ပြန်ဝင်မလာသေးတာလဲ“ အိပ်ခန်းတွင်းမှ မိန်းမသံ ပေါ်ထွက်လာသည်။

နဉ်ကျစ်ယွမ်ရဲ့ ကဒ်ထဲမှာ တကယ်တော့ ငွေရှိနေသေးသည်။ သူ့ဆီမှာ ယွမ် ၁ သိန်း ဝန်းကျင် လောက် ကျန်သေးသည်။ အဲ့ဒါက သူ မင်္ဂလာပွဲအတွက် သုံးရန် ချန်ထားခြင်းပင်။

သူ သည်ငွေကို ဟော်မြန့်ကို ပေးလိုက်မည်ဆိုလျင် ဒါက သူမ သူ့ဆီပြောင်းလာကာ အတူ ပြန်ဖြစ်ဖို့ လုံလောက်ပါ့မလား။

သို့သော် ဟော်မြန့် သူ့ငွေကို ယူသွားရင် ဖြစ်နိုင်မဲ့ ဖြစ်နိုင်ချေတွေကို စဉ်းစားမိသော်လည်း၊ သူမက သူနဲ့ အတူပြန်လက်တွဲဖို့ကို ငြင်းဆန်နိုင်လောက်သည်။ ဒါဆို တန်ပါ့မလား။

-

နဉ်ကျစ်ယွမ်ရဲ့ တိုက်ခန်းထဲက ပြန်ထွက်လာတော့ ကျူလင်းလင်းဆီမှ ဖုန်းဝင်လာသည်။

“မိန်းကလေး၊ ငါ အခုမှ လေယာဉ်ပေါ်က ဆင်းလာတာ ၊ နင် ပို့ထားတဲ့စာ တွေ့တယ်။ ဘာတွေ ဖြစ်လို့လဲ၊ ဘာကြောင့် ငွေ အဲ့လောက် အများကြီး လိုတာလဲ“ ကျူလင်းလင်း ရဲ့ အသံက စိတ်ပူနေသလို..

အချစ်စတင်ခဲ့ရာ (volume one)Onde histórias criam vida. Descubra agora