အခန်း (၅၇)
SECRET MARRIAGE
ထိုခဏတွင် ခွဲစိတ်ခန်းထဲက ထွက်လာတာ ချင်းချူဖြစ်သည်ဟု သူမ ထင်လိုက်မိပေမဲ့ တကယ်က ဆေးရုံရဲ့ ဦးနှောက်နဲ့ အာရုံကြောဌာနက ဒေါက်တာလျို ဖြစ်နေသည်။
“ဒေါက်တာလျို၊ ကျမမောင်လေး အခြေအနေဘယ်လိုလဲ“
“ခွဲစိတ်မှုက ကောင်းပါတယ်။ အောင်မြင်ခဲ့ပါတယ်“
သူ့ရဲ့ စကားကို ကြားရပြီးနောက်မှာ ဟော်မြန့် သက်ပြင်းကိုသာ ချလိုက်မိပြီး ၊ သူမရဲ့ ပခုံးပေါ်က လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက နောက်ဆုံးတော့ ကျသွားသလို ခံစားလိုက်ရသည်။
“မင်းရဲ့ မောင်လေးက ကံအရမ်းကောင်းတာပဲ။ သွေးခဲတွေက သူ့ဦးနှောက်ရဲ့ အရမ်းကို အထိအခိုက်မခံတဲ့ နေရာတွေမှာ ရှိနေခဲ့တာ။ တို့နိုင်ငံထဲမှာ သည်လို ခွဲစိတ်မှုမျိုးက အောင်မြင်ခဲ့တဲ့ ထုံးစံမရှိသေးဘူး။ ဒေါက်တာချင်းရဲ့ ခွဲစိတ်မှုစွမ်းရည်က အရမ်းကို ယုံကြည်စိတ်ချစရာကောင်းလွန်းတယ်။ သူသာ ခေါင်းဆောင်ခွဲစိတ်တယ်ဆိုရင် အောင်မြင်မှုနှုန်းတွေက ထိုးတက်သွားမှာပဲ“ ဒေါက်တာလျိုရဲ့ အသံက နှစ်ထောင်းအားရမှုကို သက်သေခံနေ၏။
ဟော်မြန့် အပြုံးတစ်ချက်ဖြင့်သာ တုံ့ပြန်ဖြစ်သည်။ လူတိုင်းက ချင်းချူကို ချီးကျူးနေပုံထောက်တော့ ခွဲစိတ်မှုမှာ သူက အရေးပါတဲ့နေရာက တာဝန်ယူခဲ့ရသည်ဆိုတာ မြင်နိုင်နေသည်လေ။
“ကျမရဲ့ မောင်လေးရော ဘယ်မှာလဲ“
“သူ့ကို VIP အခန်းထဲ အကူတစ်ယောက်နဲ့ သယ်သွားကြပြီ။ နောက် ၁၂ နာရီလောက်ကျရင် ပြန်သတိရလာလိမ့်မယ်။ အရမ်းကြီး စိုးရိမ်မနေပါနဲ့တော့“
“ဟုတ်ကဲ့။ ဆရာတို့ ကြိုးစားပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ။ “
“ကိစ္စမရှိပါဘူး၊ ကျန်တဲ့သူတွေက သိပ်အလုပ်မများခဲ့ပါဘူး။ တို့တွေက ဒေါက်တာချင်း ကို ကူညီရုံတင်ပါ။ သူက တကယ့်ကို သူရဲကောင်းကြီးပဲ။ သူ့ကြည့်ရတာ သိပ်နေကောင်းပုံမရဘူး။ အခု နားနေခန်းထဲမှာ အနားယူနေတယ်။“
ထို့နောက်တော့ ဒေါက်တာလျိုနဲ့ အခြား ဆရာဝန်၊ သူနာပြုများက တစ်ယောက်ပြီးတစ်ယောက် ခွဲစိတ်ခန်းဆီမှ ထွက်သွားကြလေပြီ။
YOU ARE READING
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...