4(z+u)

2.6K 242 0
                                    

အခန်း(၄)
FORCED KISS
က်မတောင်းပန်ပါတယ် ဟော်မြန့်က မြန်မြန်ပဲ တောင်းပန်စကားဆိုလိုက်သည်။
ထို အခြေအနေတွင် တစ်ယောက်ယောက်က သူမကို လက်ကိုင်ပဝါတစ်ခု လက်လှမ်းပေးလိုက်ပြီး ထိုဟာနှင့် သူမရဲ့ ဝတ်စုံပေါ်ကို သန့်ရှင်းစေရန် အသုံးပြုလိုက်သည်။ သူမ ခေါင်းမော့ကြည့်လိုက်မိတော့မှ အဲ့ဒီလူက ချင်းချူ ဖြစ်နေတာ သိတော့သည်။
ကျေးဇူးပဲ သူမက သူမတို့ရဲ့ အတိတ္က ဆက်နွယ်မှုကို ထားခဲ့ပြီးသလိုမျိုး အသံဖြင့် ပြောလိုက်သည်။
ချင်းချူက ဘာမွ မတုံ့ပြန်ပါ။ သူက တျခားသူမ်ား သူမကို အာရုံလွှဲသွားစေရန် တျခား သူငယ်ချင်းများနှင့် ပုံမှန်လိုပင် စကားလက်ဆုံကျနေသည်။
ဒါက လျိုစစ်ရင်းက အကုန်လုံးရဲ့ ရှေ့တွင် ကျယ်လောင်စွာ မမေးလိုက်ခင်အထိဖြစ်သည်။
အိုး..ဟော်မြန့်.. ငါကြားထားတာ နင် မကြာခင် အိမ်ထောင်ပြုတော့မှာဆို။ နင့်ရဲ့ ခင်ပွန်းလောင်းက ဆရာဝန် မဟုတ္လား။ နင် ကံကောင်းတာပဲ။ နင့်မင်္ဂလာဆောင်ကျရင် တို့တွေကို ဖိတ်ဖို့ မမေ့နဲ့ဦးနော်။ ဘာပဲဖြစ်ဖြစ် တို့တွေက တတန်းတည်းသား သူငယ်ချင်းတွေပဲ မဟုတ္လား။
သူမ ပြောလိုက်ပြီးတဲ့နောက် တခန်းလုံး တိတ်ဆိတ် ငြိမ်သက်သွားကာ အကုန်လုံးက ချင်းချူရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေကြလေသည်။
မစီစဉ်ရသေးပါဘူး။ တို့မိသားစု အချင်းချင်း ဆွေးနွေးကြတုန်းပဲ။ ရက် အတိအက် ဖြစ်ပြီ ဆိုရင်တော့ အကုန်လုံးကို ငါ အကြောင်းကြားလိုက်ပါ့မယ်။ ဟော်မြန့်က ရှက်ပြုံးနဲ့ ပြန်ဖြေသည်။
ရုတ်တရက် သူမဆီကို အကြည့်စူးစူး တစ်ချက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
မင်း လက်ထပ်တော့မှာလား  ခဏတာ တိတ်ဆိတ်နေပြီးနောက် ချင်းချူရဲ့ ပထမဆုံး သူမကို စကားဆိုလိုက်သံက ထွက်ပေါ်လာသည်။
ဟော်မြန့်က ခေါင်းညိတ်လိုက်ပြီး.. သူမ စိုးရိမ်နေသလား၊ ကြောက်နေသလား မသေချာသော
အကြောင်းပြချက် တချို့ကြောင့် (ဟုတ်တယ်) ဆိုသော စကားပင် မပြောထွက်နိုင်ပါချေ။
အိုး.ဂုဏ်ပြုပါတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေသော်လည်း၊ သူ့အကြည့်များက ရေခဲလို အေးစက်နေသည်။
ကျေးဇူးတင်ပါတယ်။ ဟော်မြန့်က အနေရခက်ခြင်းနှင့် အတူ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။ သူမ ချင်းချူရဲ့ အပြုံး၏ ဖိအားကြောင့် သူ့ကို တိုက်ရိုက် မကြည့်ရဲဘဲ  ရှိနေ၏။ သူမ သည် သူတို့ရဲ့ ပြန်လည်ဆုံတွေ့မှုကို အကြိမ်ပေါင်းများစွာ ပုံဖော်ကြည့်ခဲ့ဖူးပေမဲ့ သူ့ကို ဒီလိုမျိုး ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။ ဒါကို တွေးမိတော့ သူမ နောက်တစ်ခါ ပျာယာခတ်သွားပြန်သည်။
ဒါက နှမြောစရာကြီး။ အရင်တုန်းက ဟော်မြန့်က တို့ကျောင်းမှာ အလှဆုံးကျောင်းသူ ဖြစ်ခဲ့တာ။ ငါအမြဲတမ်း တွေးနေမိတာက နင် ချမ်းသာတဲ့သူ ဒါမှမဟုတ် အာဏာရွိတဲ့ တစ်ယောက်ယောက်နဲ့ လက်ထပ်လိမ့်မယ်လို့။ ဒါပေမဲ့ ဒီလို မြန်မြန် အခြေကျသွားမှာကိုတော့ ငါ မမျှော်လင့်ထားမိဘူး။ ဟား..ဟား.. အဲ့ဒီအစား နင် ငါ့ကို ဘာလို့ မစဉ်းစားပေးတာလဲ။ ဝေတုန်း က အပြောင်အပျက် တစ်ဝက်ဖြင့် ပြောလာသည်။ သူက အမြဲတမ်း ကျောင်းမှ ပြဿနာကောင် ဖြစ်ပြီး  အခုလည်း အနည်းငယ် သောက်ထားပြီး ဖြစ်သည်။
ဝေတုန်းက ချမ်းသာသော မိသားစုမွ ဖြစ်ပြီး သူ့ဖခင်က ဆောက်လုပ်ရေး လုပ်ငန်းလုပ်သည်။ စက်မှု ဖွံ့ဖြိုးမှုနှင့်အတူ နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူသည်လည်း အဖေ့ခြေရာအတိုင်း နင်းရတော့မည် ဖြစ်သည်။ ဒါ့ကြောင့် ယခုတွေ့ဆုံပွဲများတွင် သူ အမြဲတမ်း ယုံကြည်မှု ရွိရွိ ဖြစ်နေတတ်သည်။
ကျူလင်းလင်းက ချက်ချင်းပင် သူမမျက်ဖြူလန်ပြလိုက်ပြီး သူ့ကို ပြောလိုက်သည်။
ငါ့ကို ခဏလောက် အချိန်ပေးပါဦး။ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ နင်က ကျောင်းရဲ့ မင်းသားလေးချင် ကို ကျောင်းမှာကတည်းက ရှုံးပြီးသားကို။ ဘယ်လိုလုပ်ပြီး အခုမွ ဟော်မြန့်ရဲ့ နှလုံးသားကို ရအောင် လုပ်နိုင်မှာလဲ။
သူမ ပြော၍ မပြီးခင်မှာပင် သူမ မလုပ်သင့်တဲ့ အမွားကို လုပ္မိသြားတာ သတိပြုမိပြီး သူမ ပါးစပ္ကို အမြန် ပိတ်လိုက်သည်။
ချင်းချူနဲ့ ဟော်မြန့်တို့ရဲ့ ဆက်နွယ်မှုက Jay Chou (ကျိုးကျယ်လွင့်) ရဲ့ ရုပ်ရှင် Secret ထဲက ဇာတ်ကွက်လိုမျိုး ပင်။
ကျူလင်းလင်းရဲ့ စကားကို ချင်းချူက ဘယ္လို တုံ့ပြန်မှုမျိုးမှ မပြုလုပ်လာပေ။ သူက ဟော်မြန့်ကိုသာ အကြည့်စူးစူးများနှင့် စိုက်ကြည့်နေခဲ့သည်။
ဟော်မြန့်က အေနရခက္စြာ ပြုံးရင်း ထရပ်လိုက်ရင်းက
အမ်း. ခဏလောက် ခွင့်ပြုပါဦး။ ငါ သန့်စင်ခန်း ခဏသွားမလို့.
တကယ်တမ်းကတော့ သန့်စင်ခန်းဆိုတာက သူမတို့ ရှိနေသည့် သီးသန့်အခန်းတွင်းမှာပင် ဖြစ်သည်။ ဟော်မြန့်က ရိုးရိုးပင် သူမအတွက် ခတ္တလွတ်မြောက်ရာကို ရှာလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ချင်းချူထံမှပင်။
ဟော်မြန့် စားသောက်ခန်းထဲမှ ထွက်လာပြီးနောက်မှ သူမ အသက္ကို ပြင်းစွာ ရှုရှိုက်မိနေပြီး၊ သူမ နှလုံးခုန် မြန်နေတာကို ပင် သူမ ပြန်ကြားနေရသည်။
ဟော်မြန့် အနေဖြင့် သူမ ချင်းချူနဲ့ ဒီလို အခြေအနေမျိုးမှာ ပြန်ဆုံဆည်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ဒါက ၇နှစ်တောင် ကျော်လာပြီးပြီ။ သူ့ရဲ့ ရုတ်တရက် ထွက်ပေါ်လာမှုက သူမကို လုံးဝ အံ့အားသင့်စေခဲ့တာပင်။
သူမ သန့်စင်ခန်းထဲမှာ အနည်းငယ် တည်ငြိမ်အောင် ပြုပြီးမှ ပြန်မထွက်ခင် သူမရဲ့ မိတ္ကပ္ကို ပြင်ဆင်လိုက်သည်။ သို့သော် ဘာဖြစ်သွားမှန်း သူမ မသိလိုက်ခင်မှာပင် နံရံဆီသို့ လက်တစ်စုံ၏ ဖိတွန်းထားခြင်းခံလိုက်ရသည်။ ထို့နောက် အေးစက်စက် နှုတ်ခမ်းတစ်စုံက သူမထံ ချဉ်းကပ်လာကာ စိမ်းသက်သော်လည်း ရင်းနှီးနေသော အငွေ့အသက်တို့က ဟော်မြန့်၏ ဦးနှောက်ကို ချက်ချင်း ရှော့ထ် ဖြစ်သွားစေသည်။
****

အချစ်စတင်ခဲ့ရာ (volume one)Tempat cerita menjadi hidup. Temukan sekarang