အခန်း (၃၆)
FAME AND FORTUNE
“အင်း.. သီဝရီအရတော့ ဒေါက်တာ ပြောသလိုပါပဲ။“ ထိုလူကြီးက အနည်းငယ် နေရခက်နေသော်လည်း တည်ကြည်စွာ ပြောလိုက်လေသည်။
ငယ်ရွယ်တဲ့ ဆရာဝန်တစ်ယောက်လည်းဖြစ်၊ စီးပွားရေး လုပ်ငန်းစုကြီးရဲ့ ဥက္ကဌလည်း ဖြစ်သော သည်လူငယ်လေးကို ပြောရတာ သူ့ကို စိတ်ပျက်စေပါသည်။
“ ဒီတော့ ခင်ဗျား ကျတော့်ကို ပြောပြပါဦး၊ ကျတော့်မှာ ချစ်သူ မိန်းကလေး မရှိဘူးလို့ ဘယ်သူကများ ပြောလိုက်တာတုန်း“ လက်များကို ပိုက်ထားပြီး သူ့ကို စိုက်ကြည့်နေတဲ့ ထိုလူကြီးကိုပဲ ချင်းချူ မေးလိုက်ပြန်သည်။
ထိုလူ စက္ကန့်ပိုင်းလောက် အေးခဲသွားသည်။ ထို့နောက် သူ ချက်ချင်းပဲ တခြား စာရွက်စာတမ်း များကို ထပ်ထုတ်ယူကာ တစ်ချက် ကြည့်လိုက်ပြီး ၊ ပြန်တုံ့ပြန်ရန် ခေါင်းမော့ကြည့်လိုက်သည်။
“ ကျတော်တို့ ရှာဖွေမှု နည်းနည်း လုပ်ခဲ့တယ် ဒေါက်တာချင်း၊ သည်နှစ်တွေ အတွင်းမှာ ဒေါက်တာ ဘယ်မိန်းမနဲ့မှ အကျွမ်းတဝင် ရှိတာ မတွေ့ရဘူး။“
“ ဒါဆို ခင်ဗျားတို့ ကျတော်က Gay များလားဆိုပြီး သံသယ မဝင်ကြဘူးလား“ ချင်းချူက ဆက်မေး နေပြန်သည်။
“ ကျတော်တို့ စုံစမ်းမှုအရတော့ ဒေါက်တာ့မှာ ဘယ်ယောက်ျား တစ်ယောက်နဲ့မှလည်း ဆက်သွယ်ထားတာ မတွေ့ရပါဘူး။“ ထိုလူကြီးက လေးစားမှုအပြည့်ဖြင့် ပြန်ဖြေသည်။
ချင်းချူမှာ ပြောစရာစကား မရှိအောင်ပင် ဖြစ်သွားမိသည်။ ကြည့်ရတာ သည်လူတွေက သူ့အကြောင်းကို တော်တော် စုံစမ်းထားပုံပင်။ သူတို့ က သူ့ပတ်ဝန်းကျင်ရှိ ယောက်ျားရော မိန်းမပါ ကြည့်ထားကြသေးသည်။ သူ့ဘိုးဘေးတွေကလွဲပြီး အားလုံး စုံစမ်းထားကြပုံရသည်။
“ဒီ စာရွက်တွေ ယူသွားလိုက်တော့။ ကျတော် ဘယ် အထက်တန်းလွှာမှ မလိုချင်ဘူး။“ ချင်းချူက မောက်မာစွာ ပြောလေသည်။ သူ က blind date တွေ တောင်မှ သွားမတွေ့တာကို။ သူ့မှာ သည်နှစ်တွေအတွင်း သူ့ကို ကြွေတဲ့ မိန်းကလေး ရာချီရှိမနေသော်လည်း၊ အနည်းဆုံးတော့ မိန်းကလေး ၈၀ လောက်က သူ့ကို ဖွင့်ပြောခဲ့ကြသည်။ သည်မိန်းကလေးများက အမျိုးမျိုးသော နယ်ပယ်က ဖြစ်ကြပေမဲ့ ၊ သူတို့အားလုံး သူ့ စံ ကို မီဖို့ မဖြစ်နိုင်ပေ။
KAMU SEDANG MEMBACA
အချစ်စတင်ခဲ့ရာ (volume one)
Romansaအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...