အခန်း (၇၆)
MEMORIES
ခဏကြာပြီးတော့မှ ချင်းချူက ပြန်ဖြေလာသည်။ “ ကိုယ်သိတာက မင်းကို ၇ နှစ် ခွဲထားခဲ့မိတာက ကိုယ့်ဘဝမှာ အကြီးဆုံးအမှား ဖြစ်ခဲ့တာပဲ“
အဲ့သည်စကားစုလေးက ဟော်မြန့်ရဲ့ နှလုံးသားကို ထိ သွားစေသည်၊ တစုံတရာက နူးညံ့စွာ ကျိုးပျက်သွားသလို…
ထို့နောက် ကျန်တဲ့ခရီးစဉ်တလျောက်မှာ နှစ်ယောက်လုံး နှုတ်ဆိတ်နေလျက်…
သူတို့ အင်ပါယာဝင်းထဲ ပြန်ရောက်လာတော့ ည ၉နာရီ ၂၀ မိနစ် ရှိနေပြီ။ ချင်းချူက ဟော်မြန့် အပြင်ထွက်လို့ ရအောင် ကူညီပေးပြီး မှ ဧည့်ခန်း ဘီရိုထဲမှ အရေးပေါ် ဆေးသေတ္တာကို ယူလာပေး၏။
ထို့နောက် သူတို့ ဆိုဖာရှည်ပေါ် ထိုင်လိုက်ကြပြီး၊ ဟော်မြန့်က ချင်းချူရဲ့ ဒဏ်ရာကို ကူ ဆေးထည့်ပေး၏။ ချင်းချူရဲ့ လက်က သိပ်မနာပါ၊ သူ့ရဲ့ ဒူးခေါင်းကလည်း စုတ်ပြဲသွားသည်မို့ သွေးများက သူ့ရဲ့ တန်ဖိုးကြီးဘောင်းဘီဆီမှ စီးကျနေ၏။
“ ကဲ.. ပြီးပြီ..။ ရက်နည်းနည်းလောက် ရေမထိစေနဲ့ဦးနော်။ ရေချိုးရင် သတိထားလိုက်ဦး။“ ဟော်မြန့်က သူ့ကို သတိထပ်ပေးလိုက်သေး၏။
“ သိပါပြီခင်ဗျ“
“ ပြီးတော့ … ရှင့်ဘောင်းဘီကို ချွတ်ထားလိုက်ဦး ။ ကျမ လျှော်ပေးမယ်“
“ ထားလိုက်ပါ။ အဲ့ဒါကို အခြောက်လျှော်လို့ ရပါတယ်“
“ ဟုတ်ပြီလေ။ အဲ့ဒါဆို ခဏ သွားနားလိုက်ဦး။ ကျမလည်း ပင်ပန်းလာတာ၊ အခုတောင် အိပ်ချင်နေပြီ“ ဟော်မြန့်က ပြောရင်း အပေါ်ထပ်ဆီသို့ ဦးတည်သွားလိုက်၏။
“မြန့် … ကိုယ် နည်းနည်း ဗိုက်ဆာတယ်“ ချင်းချူက ဟော်မြန့်ရဲ့ လမ်းကြောင်းကို ရပ်တန့်သွားစေ၏။
“ ရှင် .. ဘာစားချင်လဲ“
“ ဘာဖြစ်ဖြစ် ကောင်းတာပဲ“ ချင်းချူက သူမရဲ့မျက်လုံးတွေကို လိုက်ကြည့်နေ၏။
ဟော်မြန့်က ချင်းချူနဲ့ မျက်လုံးချင်း မဆုံချင်မိတာမို့ သူမခေါင်းကို လှည့်ပြီးသာ ရေခဲသေတ္တာဆီသို့ လျှောက်သွားလိုက်၏။
ČTEŠ
အချစ်စတင်ခဲ့ရာ (volume one)
Romanceအချစ်စတင်ခဲ့ရာ Synopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခု...