အပိုင်း ၇ (ဖြစ်တည်မှု့)

5 1 0
                                    

ငြိမ်သက်စွာနားထောင်နေရင်း။ ရွှေပန်း ဝမ်းနည်းမိသည်။ ဝတ္ထုတစ်အုပ်လို ဇာတ်လမ်းတစ်ပုဒ်လို။

"ဒါဆို အန်တီတို့ ဆရာမကော ဟင်"

"မွေးစားသားလိုလို ဖြစ်နေတဲ့ သန့်စင်နဲ့ပဲ ကျန်ခဲ့တာပေါ့"

အော။ တော်သေးတာပေါ့။ တစ်ယောက်တည်းသာဆိုရင် ရူးသဠားမလားပဲ။

"အဲ့ဒီ့ Lacuno vc က မြန်မာလူမျိုးမဟုတ်ဘူးလား"

သက်ထားက

"ကပြားပေါ့၊ အမေက မြန်မာ၊အဖေက ပိုလန် နိုင်ငံသား၊ ဒီကို သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က တွေ့တာ‌ထင်တယ်၊"

"ဒါဆို ချောမှာပေါ့နော်"

သက်ထားရယ်ချင်လာသည်။ ရွှေပန်းရဲ့ မျက်ဝန်းတွေထဲမှာ အားကျတဲ့ အရျပ်အယောင်တွေ ပေါ်နေသည်။ အဲ့အချိန်က ဣန္ဒရီ မဟုတ်ဘဲ ရွှေပန်းသာဆိုရငိ။

Lacuno နဲ့ ညားနေလောက်ပြီ။

"ချောတာပေါ့၊ အနောက်တိုင်းနဲ့ မျက်နှာနဲ့ ရောထားတာကို၊ အန်တီတို့ စတွေ့တဲ့ အချိန်ကဆို ဘာမှတောင် မပြောနိုင်ဘူး။ ဆွံ့အသွားလို့"

ဆိုတော့ စောစောက ဝမ်းနည်းနေပါတယ် ဆိုတဲ့ မျက်နှာ ဘယ်ရောက်သွားလဲ မသိ။ အားကျတဲ့ လေသံနဲ့

"အယ်၊ ဟုတ်လား...၊ ပန်း တွေ့ချင်လိုက်တာ၊ ဟို ဓါတ်ပုံလေးများ မရှိဘူးလား"

သက်ထားက

"ဘယ်လိုလုပ်ရှိမှာလဲ၊ လွန်ခဲ့တဲ့ နှစ် ၂၀က ဖြစ်ခဲ့တာကို ၊ ပြီးတော့ အန်တီက သု့အသုဘ သွားတာ နောက်ဆုံးပဲ၊ အဲ့အိမ်ကို မရောက်တော့တာ"

ဆိုတော့ ပန်းစိတိရူတ်သွားပုံပေါ်တာကြောင့်

"သူနဲ့ ချွတ်ဆွတ်တူတဲ့လူ။ ပန်းလိုပဲ ...တးနေဆာ တစ်ဘယာက်တော့ရှိတယ်၊"

"တကယ်လားဟင်၊"

မျက်လုံးက အရောင်ပြန်တောက်လာသည်။ သက်ထား သိချင်သည်။ နာမည်သိရရင် ဘာဖြစ်သွားမလဲ ဆိုတာ။ မနေ့က ခန့်သူရိန်တို့ ပြန်သွားပြီးကတည်းကပြောလိုက်တဲ့ လင်းသာခန့်ကို မကြေနပ်တဲ့ အကြောင်း။

တစ်ခုနဲ့တစ်ခု၊ မထပ်ရလေအောင်၊ ပြောနေတာ ဒီမနက်အထိ။ အခုလို အရမ်းတွေ့ချိန်နေ ချိန်သာ တွေ့လိုက်ရရင် ထသတ်ကြမလားပဲ။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now