အပိုင်း ၁၇ (လမ်းခွဲတစ်ခု လမ်းသစ်တစ်ခု)

7 0 0
                                    

အိမ်အပြင်ဘက်တွင် ငြိမ်သက်နေသော သူမ ဘေးကို စုစုခိုင်ရောက်လာသည်။ လင်းစေမိုးက သူမကို တချက်ကြည့်ပြီး ရွာထဲ ထွက်သွားချိန် ဝေလကိုပါ ခေါ်သွားသည်။

ကျော်ဇောက

"သူစိတ်ဆိုးနေတာ ဖြစ်မှာပါ။ မင်းတို့ ဝင်လာတုန်းက ညားခါစ အတွဲ ရွာကနေထွက်ပြေးပြီး ပြန်လာတဲ့ ပုံစံဖြစ်နေတာလဲ အားလုံးမြင်တဲ့အတိုင်းပဲ"

ဣန္ဒရီက

"ငါ့ ကို အဲ့လိုပြောစရာလိုလို့လား၊ သူသာ ငါ့ကို ပြန်မလွတ်ပေးခဲ့ရင် ဒီကိုရောက်လာမယ်ထင်လို့လား"

"မင်းကိုက အဲ့ကောင်ဘက်က ပါနေတာ ဣန္ဒရီ၊ အခုပဲကြည့် လူကြားထဲတင် မင်းကို နမ်းသွားတာ၊ မင်းဘက်ကစိတ်ဆိုးရမယ့်အပြင် ကျေနပ်နေတယ်ဆိုတာ ဘေးလူဖြစ်တဲ့ ငါလဲမြင်တယ်"

စုစုခိုင်က

"ထားလိုက်တော့၊ ဒါ သူတို့ ကိစ္စ၊ ပျက်တာ ဆက်တာ ငါတို့ဝင်ပြောလို့မရဘူး၊ အခုချိန်မှာ ငါတို့အိမ်ပြန်ရောက်ဖို့ပဲလိုတာ၊ မေဦးလဲ သေပြီ၊ နောက်ထပ် ငါတို့ ထဲက အဆုံးရုံးမခံနိုင်တော့ဘူး"

ဣန္ဒရီ အခုမှ သိရသည်။

"မေဦးသေပြီဟုတ်လား၊ ဘာဖြစ်တာလဲ"

စုစုခိုင် သူမကို စိုက်ကြည့်လာသည်။ သက်ထားက

"ငါပြောပြမယ် ဣန္ဒရီ၊ အခု ပြန်ဖို့ စီစဉ်မယ်"

ဆိုကာ သူမကို ခေါ်ထုတ်လာသည်။ ဣန္ဒရီကလွဲလို့ သူမကို ယုံကြည်သူမရှိပါ။ ကြေကွဲရတာပေါ့။ သူမ ပြန်လာတာ ကြိုဆိုမယ့်သူမရှိတာက။

"Lacuno ရွာကလူတွေရှေ့မှာပဲ သတ်လိုက်တာ"

သူမ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ဒါကြောင့်ကိုး။

"အဲ့အချိန်က နင်ပျောက်သွားပြီးနောက်တစ်ရက်ပဲ၊ သူရွာထဲကို အဆင်ပြေပြေ ဝင်နိုင်နေတာက ဒီရွာ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မူ့တစ်ခုပဲ။ အခုလဲ နင့်ကို မယုံတာ ဒါကြောင့်ပဲ"

ဣန္ဒရီ နားထောင်နေသည်။

"တခြားသူမယုံချင်နေ။ နင်ဆိုတာ ငါသိတယ်လေ၊"

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now